အလ်-အာအ်ရာဖ် · 30/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ ۝٣٠
Fareeqan hadaa wa fareeqan haqqa `alaihimud dalaalah; innahumut takhazush Shayaateena awliyaaa`a min doonil laahi wa yahsaboona annnahum muhtadoon
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါ ရှင်းလင်းချက်
  • فَرِيقًا (ဖရီကွန်) — အုပ်စုတစ်စု၊ အဖွဲ့တစ်ဖွဲ့။
  • هَدَىٰ (ဟဒါ) — လမ်းညွှန်ခဲ့သည်၊ ဖြောင့်မတ်သောလမ်းကို ပြသခဲ့သည်။
  • حَقَّ (ဟက္ကာ) — သက်ရောက်ခဲ့သည်၊ တည်ရှိခဲ့သည်၊ မလွဲမသွေဖြစ်လာသည်။
  • الضَّلَالَةُ (ဒ္ဓလာလဟ်) — လမ်းလွဲခြင်း၊ ဖြောင့်မတ်သောလမ်းမှ လွဲချော်ခြင်း။
  • اتَّخَذُوا (အိတ္တခဇူ) — သူတို့သည် ရွေးချယ်သတ်မှတ်ခဲ့ကြသည်၊ ကိုးကွယ်ရာများအဖြစ် ပြုလုပ်ခဲ့ကြသည်။
  • الشَّيَاطِينَ (ရှယာသွీန) — ရှိုင်တွာန်များ၊ မိစ္ဆာကောင်များ။
  • أَوْلِيَاءَ (အောင်လိယာအ်) — မိတ်ဆွေများ၊ ကာကွယ်စောင့်ရှောက်သူများ၊ အုပ်ထိန်းသူများ။
  • يَحْسَبُونَ (ယဟ်စဗူန) — သူတို့သည် ထင်မှတ်ကြသည်၊ ယူဆကြသည်။
  • مُهْتَدُونَ (မုဟ်သဒူန) — လမ်းညွှန်ခံရသူများ၊ ဖြောင့်မတ်သောလမ်းကို လိုက်နာသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် လူသားများကို အုပ်စုနှစ်စုအဖြစ် ခွဲခြားထားတော်မူသည်။ ပထမအုပ်စုကို ဖြောင့်မတ်သောလမ်းစဉ်သို့ ညွှန်ပြတော်မူပြီး ထိုလမ်းစဉ်အတွက် အကြောင်းရင်းများကို လွယ်ကူစေတော်မူကာ အတားအဆီးများကို ဖယ်ရှားပေးတော်မူသည်။ ဒုတိယအုပ်စုမှာမူ လမ်းလွဲမှုသည် သူတို့အပေါ် မလွဲမသွေ သက်ရောက်ခဲ့ပြီဖြစ်သည်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ ရှိုင်တွာန်များကို မိမိတို့၏ မိတ်ဆွေကာကွယ်သူများအဖြစ် သတ်မှတ်ခဲ့ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ရှိုင်တွာန်များ၏ လမ်းညွှန်မှုကို အသိပညာမဲ့စွာ လိုက်နာခဲ့ကြပြီး မိမိတို့သည် ဖြောင့်မတ်သောလမ်းစဉ်ပေါ်တွင် ရှိသည်ဟု ထင်မှတ်နေကြသည်။ ဤအချက်သည် မှားယွင်းသောလမ်းစဉ်ကို လိုက်နာသူသည် မိမိမှားနေသည်ကို မသိဘဲ မိမိကိုယ်ကို လမ်းမှန်ပေါ်ရှိသည်ဟု ထင်မှတ်နေခြင်း၏ အန္တရာယ်ကို ထင်ဟပ်စေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို တူညီစွာ ဖန်ဆင်းထားသော်လည်း လမ်းညွှန်မှုကို လက်ခံသူနှင့် ငြင်းပယ်သူအကြား ကွာခြားမှုရှိကြောင်း သိရှိစေသည်။
  • ရှိုင်တွာန်များကို မိတ်ဆွေအဖြစ် သတ်မှတ်ခြင်းသည် လမ်းလွဲမှုသို့ ပို့ဆောင်သည့် အဓ


📜 အာယာသ် 28-32 — စူရာ အလ်-အာအ်ရာဖ်

28وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သ�ာကိစ္စများကို လီဆယ် ပြောဆိုကြသလော။
29قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။
30فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
31۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)
32قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 30

စူရာ အလ်-အာအ်ရာဖ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည်…

စူရာ အာယာသ် 30/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers