အလ်-အာအ်ရာဖ် · 31/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ ۝٣١
Yaa Banneee Adama khuzoo zeenatakum `inda kulli masjidinw wa kuloo washraboo wa laa tusrifoo; innahoo laa yuhibbul musrifeen
📖 မြန်မာဘာသာ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 29-33 — စူရာ အလ်-အာအ်ရာဖ်

29قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။
30فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
31۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)
32قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
33قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَن تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 31

စူရာ အလ်-အာအ်ရာဖ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။…

စူရာ အာယာသ် 31/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers