အလ်-အာအ်ရာဖ် · 32/206
ဘာသာပြန် အသံနိုင်ငံ — အလ်-အာအ်ရာဖ်
قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ ۝٣٢
Qul man harrama zeenatal laahil lateee akhraja li`ibaadihee wattaiyibaati minar rizq; qul hiya lillazeena aamanoo fil hayaatid dunyaa khaalisatany Yawmal Qiyaamah; kazaalika nufassihul Aayaati liqawminy ya`lamoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
🎧 နားထောင်

📜 အာယာသ် 30-34 — အလ်-အာအ်ရာဖ်

30فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
31۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)
32قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
33قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَن تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။
34وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
32အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 32

စူရာ အလ်-အာအ်ရာဖ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ)…

စူရာ အာယာသ် 32/206 — အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာအ်ရာဖ် နားထောင်, အလ်-အာအ်ရာဖ် ဘာသာပြန်, အလ်-အာအ်ရာဖ် mp3, အလ်-အာအ်ရာဖ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers