قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ ٣٢
🔤 Transliteration
Qul man harrama zeenatal laahil lateee akhraja li`ibaadihee wattaiyibaati minar rizq; qul hiya lillazeena aamanoo fil hayaatid dunyaa khaalisatany Yawmal Qiyaamah; kazaalika nufassihul Aayaati liqawminy ya`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ زِينَةَ اللَّهِ (ဇီနသွလ္လာဟ်) — အလ္လာဟ်အရှင်မြတ် ဖန်ဆင်းပေးအပ်တော်မူသော အလှဆင်မှုများ၊ ဝတ်ဆင်ရန် အဝတ်အစားများ။الطَّيِّبَاتِ (သွိုင်ယိဗာသ်) — သန့်ရှင်းစင်ကြယ်၍ ခွင့်ပြုထားသော စားသောက်ဖွယ်ရာများ။خَالِصَةً (ခါလိဆွာ) — သီးသန့်ဖြစ်သော၊ အခြားသူများ မပါဝင်နိုင်သော။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (အို—တမန်တော်မုဟမ္မဒ်) အသင်သည် အလ္လာဟ်အရှင်မြတ် တားမြစ်တော်မမူဘဲ မိမိတို့ကိုယ်တိုင် တားမြစ်ထားသော မုရှ်ရိက်များအား မေးမြန်းလိုက်ပါ— အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအတွက် ဖန်ဆင်းပေးအပ်တော်မူသော အဝတ်အစားနှင့် အလှဆင်မှုများကို မည်သူက တားမြစ်သနည်း။ ထို့အပြင် အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားတော်မူသော သန့်ရှင်းစင်ကြယ်သည့် စားသောက်ဖွယ်ရာများကို မည်သူက တားမြစ်သနည်း။ ထိုအရာများကို ဟရာမ် (တားမြစ်) ဟု သတ်မှတ်ပိုင်ခွင့် မည်သူ့တွင်ရှိသနည်းဟု မေးလိုက်ပါ။
ထို့နောက် ဖြေကြားလိုက်ပါ— ဤအရာများသည် ဤလောကီဘဝတွင် မုအ်မင်န် (ယုံကြည်သူ) များအတွက် ဖြစ်သည်။ ဤလောကတွင် ကာဖိရ်များလည်း ၎င်းတို့နှင့် အတူတကွ ခံစားခွင့်ရှိသော်လည်း ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်ရာနေ့) တွင်မူ ထိုအရာများသည် မုအ်မင်န်များအတွက် သီးသန့်ဖြစ်လိမ့်မည်။ ကာဖိရ်များသည် ဂျန္နသ် (သုခဘုံ) သို့ ဝင်ခွင့်မရှိသောကြောင့် ထိုနေ့တွင် ထိုသန့်ရှင်းသော အရာများကို သူတို့နှင့် မျှဝေခံစားခွင့် ရမည်မဟုတ်ပေ။
ဤကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အာယသ်တော်များကို အသိပညာရှိသော လူမျိုးအတွက် အသေးစိတ် ရှင်းလင်းဖော်ပြတော်မူသည်။ အကြောင်းမှာ သူတို့သာလျှင် ထိုအာယသ်တော်များမှ အကျိုးကျေးဇူးများကို ရရှိခံစားနိုင်သောကြောင့် ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအပေါ် ကရုဏာတော်ဖြင့် အလှအပများ၊ သန့်ရှင်းသော စားသောက်ဖွယ်ရာများကို ခွင့်ပြုပေးထားတော်မူသည်။ အစ္စလာမ်သည် လူသားတို့အား အလှအပနှင့် သန့်ရှင်းသောအရာများကို ခံစ
قُلۡ مَنۡ حَرَّمَ زِينَةَ ٱللَّهِ ٱلَّتِيٓ أَخۡرَجَ لِعِبَادِهِۦ وَٱلطَّيِّبَٰتِ مِنَ ٱلرِّزۡقِۚ قُلۡ هِيَ لِلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا خَالِصَةً يَوۡمَ ٱلۡقِيَٰمَةِۗ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ٣٢
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 30-34 — စူရာ အလ်-အာအ်ရာဖ်
30 فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
ထိုအရှင်မြတ်သည် လူတစ်စုကို တရားလမ်းမှန်သို့ ရောက်စေတော်မူခဲ့လေသည်။ သို့ရာတွင် လူတစ်စုမှာမူကား လမ်းလွဲခြင်းသည် ၎င်းတို့အပေါ်၌ အတည်ဖြစ်ခဲ့ချေပြီ။အဘယ်ကြောင့်ဆိုသော်၊ 4င်းတို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍’ရှိုင်တွာန်’မိစ္ဆာကောင်တို့ကို မိတ်ဖွဲ့ခဲ့ကြလေသည်။ သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်ကို မိမိတို့ တရားလမ်းမှန်ရရှိကြသူများဟု ထင်မှတ်ကြကုန်သည်။
31 ۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ အသင်တို့သည် ဆွလာတ်ဝတ်ပြုကြသည့်အခါတိုင်းတွင် မိမိတို့၏ ဝတ်စားတန်ဆာကို ဝတ်ဆင်ကြကုန်။ ထို့ပြင် အသင်တို့သည် (စားဖွယ်သောက်ဖွယ်ရာများကို)စားသောက် ကြလေကုန်။ သို့ရာတွင်အသင်တို့သည် (ယင်းစားဖွယ်သောက်ဖွယ်များကို) မဖြုန်းတီးကြကုန်လင့်။ အကြောင်း သော်ကား ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ။(ရကူ)
32 قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ) သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မည်သူက ဟရာမ်ဟူ၍ တားမြစ်ခဲ့ပါသနည်း။ (၎င်းပြင် အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ဤသည်တို့သည် အီမာန် သက်ဝင်ယုံကြည်သူတို့အဖို့ ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ ရှင်ပြန်ထမည့် နေ့တွင်မူကား (၎င်းတို့အဖို့သာ)သီးသန့်�ြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် (မိမိ)ဒေသနာတော်များကို သိနားလည်သူများအဖို့ အသေးစိတ်၍ ဖော်ပြတော်မူလေသတည်း။
33 قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَن تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အားဤသို့)ပြောကြားပါဦး။ (ဟယ်-အချင်းတို့) ငါ့အားမွေးမြူတော်မူသော အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ ပြစ်မှုဒုစရိုက် များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းမတရားသဖြင့် ညှဉ်းဆဲခြင်းကိုလည်းကောင်း၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်က မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှ ချပေးတော်မူခြင်းမရှိခဲ့သောအရာကို ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည် မိမိတို့မသိ နားမလည်သောအကြောင်းအရာများကို ထိုအရှင်မြတ် အပေါ်၌ လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သည်သာတည်း။
34 وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
လူမျိုးအသီးသီးတို့အဖို့ (အသက်ထင်ရှားနေထိုင်ရန်) သတ်မှတ်ပိုင်းခြားထားသော အချိန်ကာလသည်ရှိ၏။သို့ဖြစ်ပေရာ ၎င်းတို့၏ အချိန် ကာလသည် ဆိုက်ရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် အချိန်အနည်းငယ်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
ဘာသာပြန် — အလ်-အာအ်ရာဖ် 32 စူရာ အလ်-အာအ်ရာဖ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)မေးမြန်းပါလေ။ (အချင်းတို့) အလ္လာဟ် အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ ဖန်ဆင်းထား တော်မူသောတန်ဆာများကိုလည်းကောင်း၊ သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ)…
စူရာ အာယာသ် 32/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.