يَا أَيُّهَا النَّبِيُّ قُل لِّمَن فِي أَيْدِيكُم مِّنَ الْأَسْرَىٰ إِن يَعْلَمِ اللَّهُ فِي قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِّمَّا أُخِذَ مِنكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ ٧٠
🔤 Transliteration
Yaaa aiyuhan Nabiyyu qul liman feee aideekum minal asraaa iny-ya lamillaahu fee quloobikum khairany yu`tikum khayram mimmaaa ukhiza minkum wa yaghfir lakum; wallaahu Ghafoorur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။ الْأَسْرَىٰ (အလ်-အက်စ်ရာ) — စစ်သုံ့ပန်းများ။ ဤနေရာတွင် ဗဒ်ရ်စစ်ပွဲ၌ မွတ်စ်လင်မ်တို့ ဖမ်းဆီးရမိသော မုရှ်ရစ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူ) သုံ့ပန်းများကို ဆိုလိုသည်။ فِي أَيْدِيكُم (ဖီ အယ်ဒီကွမ်) — သင့်တို့၏ လက်ထဲတွင်၊ ဆိုလိုသည်မှာ သင့်တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသော။ الْفِدَاء (အလ်-ဖိဒါအ်) — သုံ့ပန်းများလွတ်မြောက်စေရန် ပေးဆပ်ရသော ရွေးနှုတ်ကြေး။ خَيْرًا (ခိုင်ရန်) — ကောင်းမှု၊ ကောင်းကျိုး။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ အို နဗီတမန်တော်၊ အသင်သည် ဗဒ်ရ်စစ်ပွဲတွင် ဖမ်းဆီးရမိသော သုံ့ပန်းများအား ပြောကြားလိုက်ပါ — အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ စိတ်နှလုံးများတွင် စစ်မှန်သော ယုံကြည်ခြင်း၊ ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ဖြောင့်မတ်သော ဆန္ဒကို သိရှိတော်မူပါက၊ သင်တို့ထံမှ ယူဆောင်ခဲ့သော ရွေးနှုတ်ကြေးထက် ပို၍ကောင်းမွန်သော အရာကို သင်တို့အား ပေးသနားတော်မူမည်။ ထို့အပြင် သင်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
ဤအာယသ်တော်သည် ဗဒ်ရ်စစ်ပွဲတွင် ဖမ်းဆီးရမိသော သုံ့ပန်းများအနက် အလ္လာဟ်အရှင်မြတ်က သူတို့၏ စိတ်နှလုံးထဲ၌ ကောင်းမှုရှိကြောင်း သိတော်မူသောသူများအား နှစ်သိမ့်စကား ပြောကြားတော်မူခြင်း ဖြစ်သည်။ သူတို့သည် ရွေးနှုတ်ကြေးပေးဆပ်ရသောကြောင့် စိတ်မကောင်းဖြစ်နေကြသောအခါ၊ အကယ်၍ သူတို့၏ စိတ်နှလုံးများတွင် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကောင်းသော ရည်ရွယ်ချက် ရှိပါက၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဤလောကတွင် ပို၍ကောင်းမွန်သော အရာများကို ပေးသနားတော်မူမည်ဖြစ်ကြောင်း၊ နောင်တမလွန်ဘဝတွင်လည်း အကျိုးကျေးဇူးများ ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း၊ ထို့အပြင် သူတို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
ဤကတိတော်သည် အမှန်တကယ် ပြည့်စုံခဲ့သည်။ နဗီတမန်တော်၏ ဦးလေးတော် အဗ္ဗာစ်သည် ဗဒ်ရ်စစ်ပွဲတွင် သုံ့ပန်းအဖ
يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرًا يُؤۡتِكُمۡ خَيۡرًا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٧٠
အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 68-72 — စူရာ အလ်-အန်ဖာလ်
68 لَّوْلَا كِتَابٌ مِّنَ اللَّهِ سَبَقَ لَمَسَّكُمْ فِيمَا أَخَذْتُمْ عَذَابٌ عَظِيمٌ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။
69 فَكُلُوا مِمَّا غَنِمْتُمْ حَلَالًا طَيِّبًا ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ယခုမူ အသင်တို့သည်(၎င်းတို့ထံမှလက်ရပစ္စည်းအဖြစ်) မိမိတို့ရယူခဲ့ကြသည်များကို တရားဝင်သော သန့်စင်သော ပစ္စည်းများအဖြစ် စားသုံးကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာ ကြောက်ရွံ့ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာသနား ကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။(ရကူ)
70 يَا أَيُّهَا النَّبِيُّ قُل لِّمَن فِي أَيْدِيكُم مِّنَ الْأَسْرَىٰ إِن يَعْلَمِ اللَّهُ فِي قُلُوبِكُمْ خَيْرًا يُؤْتِكُمْ خَيْرًا مِّمَّا أُخِذَ مِنكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊ ထိုအရှင်မြတ်သည် (ယခု)အသင်တို့ထံမှယူခဲ့ပြီး ဖြစ်သော (လျော်ကြေး)ပစ္စည်းထက် သာလွန် မြင့်မြတ်သောအရာကို အသင်တို့အား ချီးမြှင့်ပေးသနားတော်မူအံ့။ ထိုအရှင်မြတ်သည် အသင်တို့အား (အပြစ်များမှ) ချမ်းသာခွင့်လည်းပေးသနားတော်မူအံ့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအသျှင်၊ အလွန်တရာသနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူသည်။
71 وَإِن يُرِيدُوا خِيَانَتَكَ فَقَدْ خَانُوا اللَّهَ مِن قَبْلُ فَأَمْكَنَ مِنْهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
သို့ရာတွင် ၎င်းတို့သည် အကယ်၍ အသင့်အားသစ္စာဖောက်ရန် ရည်စူးကြပါလျှင် ဧကန်စင်စစ် ၎င်းတို့သည်ယခင်က အလ္လာဟ်အရှင်မြတ်ကိုပင် သစ္စာဖောက်ခဲ့ကြချေပြီ။သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည်(အသင့်အား) ၎င်းတို့ကိုဖမ်းဆီးနိုင်စေတော်မူခဲ့လေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ နက်နဲသိမ်မွေ့သော ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
72 إِنَّ الَّذِينَ آمَنُوا وَهَاجَرُوا وَجَاهَدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ فِي سَبِيلِ اللَّهِ وَالَّذِينَ آوَوا وَّنَصَرُوا أُولَٰئِكَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَالَّذِينَ آمَنُوا وَلَمْ يُهَاجِرُوا مَا لَكُم مِّن وَلَايَتِهِم مِّن شَيْءٍ حَتَّىٰ يُهَاجِرُوا ۚ وَإِنِ اسْتَنصَرُوكُمْ فِي الدِّينِ فَعَلَيْكُمُ النَّصْرُ إِلَّا عَلَىٰ قَوْمٍ بَيْنَكُمْ وَبَيْنَهُم مِّيثَاقٌ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ဧကန်စင်စစ် အကြင်သူတို့သည် ‘အီမာန်’ သက်ဝင်ယုံကြည်ခဲ့ကြကုန်၏၊ ၎င်းပြင် ထိုသူတို့သည် (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်လွှတ်ကာ)’ဟစ်ဂျ်ရတ်’ ရွေ့ပြောင်းနေထိုင်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ယင်းတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြကုန်၏။ (ထိုသူတို့သည် ‘မုဟာဂျီရီန်’မည်၏)။ ၎င်းပြင် အကြင်သူတို့သည် ခိုကိုးရန်နေရာများ ပေးခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယိုင်းပင်း ကူညီခဲ့ကြကုန်၏။(ထိုသူတို့သည် ‘အန်ဆွာရ်’မည်၏)။ ထိုသူတို့ကား အချင်းချင်းတစ်ဦးသည်တစ်ဦး၏ အမွေစားအမွေခံများပင် ဖြစ်ကြကုန်သည်။ သို့ရာတွင် အကြင်သူတို့မူကားေ သက်ဝင် ယုံကြည်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့သည် ‘ဟစ်ဂျ်ရတ်’ (မိမိတို့၏အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ရွှေ့ပြောင်းနေထိုင်ခြင်း မပြုခဲ့ကြချေ။ထိုသူတို့သည် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုသမျှ ကာလပတ်လုံးအသင်တို့၌ ၎င်းတို့၏အမွေဆက်ခံခြင်းသည် လုံးဝမရှိချေ။ သို့သော်ငြားလည်း အကယ်၍ ထိုသူတို့သည် ‘ဒီန်’ သာသနာရေးနှင့်စပ်လျဉ်း၍ အသင်တို့ထံမှအကူအညီရလိုကြပါလျှင် အသင်တို့နှင့်ပဋိညာဉ်စာချုပ်ချုပ် ဆိုပြီးဖြစ်သော လူမျိုးမှတစ်ပါးအခြားလူမျိုး နှင့် ဆန့်ကျင်၍ (၎င်းတို့အား) ကူညီယိုင်းပင်းရန်အသင်တို့၌ တာဝန်ရှိပေသည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-အန်ဖာလ် 70 စူရာ အလ်-အန်ဖာလ် အာယာသ် 70 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-နဗီတမန်တော်၊ အသင်သည် မိမိတို့၏လက်တွင်း၌ရှိကုန်သော လက်ရဖမ်းဆီးမိသည့် သုံ့ပန်းများကို(ဤသို့)ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် တစ်စုံတစ်ရာကောင်းခြင်းကို အကယ်၍ သိရှိတော်မူပါလျှင်၊…
စူရာ အာယာသ် 70/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 68–72. မြန်မာဘာသာ: ภาษาไทย.