أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ ١٠٤
🔤 Transliteration
Alam ya`lamooo annnal laaha huwa yaqbalut tawbata `an ibaadihee wa yaakhuzus sadaqaati wa annal laaha Huwat awwaabur Raheem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။
أَلَمْ يَعْلَمُوا : သူတို့ မသိကြသလော။ يَقْبَلُ التَّوْبَةَ : အလ္လာဟ်အရှင်မြတ်သည် အပြစ်မှ ဝန်ချတောင်းပန်ခြင်း (တောင်ဗဟ်) ကို လက်ခံတော်မူသည်။ عَنْ عِبَادِهِ : အရှင်မြတ်၏ ကျေးကျွန်များထံမှ။ يَأْخُذُ الصَّدَقَاتِ : ဆွဒကဟ် (အလှူဒါန) များကို လက်ခံယူတော်မူသည်။ التَّوَّابُ : ဝန်ချတောင်းပန်သူများကို အဖန်တလဲလဲ လက်ခံတော်မူသောအရှင်။ الرَّحِيمُ : အလွန်ကရုဏာထားတော်မူသောအရှင်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
(ဂျိဟာဒ်စစ်ပွဲမှ) နောက်ကျကျန်ရစ်ခဲ့သူများနှင့် အခြားသူများသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် အရှင်မြတ်၏ ကျေးကျွန်များထံမှ ဝန်ချတောင်းပန်မှု (တောင်ဗဟ်) ကို လက်ခံတော်မူကြောင်း၊ အလှူဒါနများ (ဆွဒကဟ်) ကို လက်ခံယူပြီး ယင်းအတွက် အကျိုးဆုလာဘ်များ ပေးသနားတော်မူကြောင်း မသိကြသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များ အရှင်မြတ်ထံ ပြန်လည်လှည့်လာပြီး အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာလာကြသောအခါ သူတို့၏ ဝန်ချတောင်းပန်မှုကို အဖန်တလဲလဲ လက်ခံတော်မူသောအရှင်၊ သူတို့ အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေရန် ပြန်လည်လှည့်လာကြသောအခါ သူတို့အပေါ် အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
တစ်နည်းအားဖြင့် ဤနောက်ကျကျန်ရစ်ခဲ့သူများနှင့် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်သူများသည် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံ ဝန်ချတောင်းပန်သော ကျေးကျွန်များထံမှ တောင်ဗဟ်ကို လက်ခံတော်မူကြောင်း၊ အလှူဒါနများကို လက်ခံတော်မူကြောင်း — အရှင်မြတ်သည် ယင်းတို့မှ ကင်းလွတ်တော်မူသော်လည်း လက်ခံတော်မူပြီး အလှူရှင်အား ယင်း၏ အလှူဒါနအတွက် အကျိုးဆုလာဘ် ပေးသနားတော်မူကြောင်း — သိထားသင့်သည်။ ထို့ပြင် အရှင်မြတ်သည် မိမိကျေးကျွန်များအနက် ဝန်ချတောင်းပန်သူများကို အဖန်တလဲလဲ လက်ခံတော်မူသောအရှင်၊ သူတို့အပေါ် အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသည်။
ထို့ပြင် ဤသူများ၏ တောင်ဗဟ် လက်ခံခံရသောအခါ မတောင်ဗဟ်သော နောက်ကျကျန်ရစ်သူများက “ဤသူများသည် မနေ့တုန်းက ငါတို့နှင့်အတူ ရှိခဲ့ကြသည်။ သူတို့ကို စကားမပြောကြ၊ အတူမထိုင်ကြ။ ယ
أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ هُوَ يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَأۡخُذُ ٱلصَّدَقَٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ ١٠٤
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 102-106 — စူရာ အတ်-တောင်ဘ
102 وَآخَرُونَ اعْتَرَفُوا بِذُنُوبِهِمْ خَلَطُوا عَمَلًا صَالِحًا وَآخَرَ سَيِّئًا عَسَى اللَّهُ أَن يَتُوبَ عَلَيْهِمْ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ထို့ပြင် အခြားသူတို့လည်း ရှိကြကုန်၏။ ထိုသူတို့သည် မိမိတို့၏ ပြစ်မှုဒုစရိုက်များကို ဝန်ခံခဲ့ကြလေသည်။ထိုသူတို့သည် ကောင်းမြတ်သောအကျင့်အမူနှင့် မကောင်းသောအကျင့်အမူကို ရောနှောပြုလုပ်ခဲ့ကြလေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူရန် မျှော်ကိုးရာ၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်(ပြစ်မှု များကို) အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊(မိမိကျွန်များအပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
103 خُذْ مِنْ أَمْوَالِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَاتَكَ سَكَنٌ لَّهُمْ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။
104 أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
105 وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။
106 وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။
ဘာသာပြန် — အတ်-တောင်ဘ 104 စူရာ အတ်-တောင်ဘ အာယာသ် 104 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ…
စူရာ အာယာသ် 104/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 102–106. မြန်မာဘာသာ: ภาษาไทย.