အတ်-တောင်ဘ · 105/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۝١٠٥
Wa quli`maloo fasayaral laahu `amalakum wa Rasooluhoo walmu`minoona wa saturaddoona ilaa `Aalimil Ghaibi washshahaadati fa yunabbi`ukum bimaa kuntum ta`maloon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အတ်-တောင်ဘဟ် (၉) စူရာဟ်၊ အာယသ် ၁၀၅ ၏ စကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • وَقُلِ (ဝါကုလိ) — အို တမန်တော်မုဟမ္မဒ်၊ သင်သည် ပြောကြားလိုက်ပါ။
  • اعْمَلُوا (အိအ်မလူ) — သင်တို့သည် လုပ်ဆောင်ကြပါ။ (ကောင်းသော သို့မဟုတ် ဆိုးသော လုပ်ရပ်များကို လုပ်ဆောင်ကြပါ။)
  • فَسَيَرَى (ဖဆယရာ) — ထို့နောက် မကြာမီ မြင်တော်မူမည်။
  • الْمُؤْمِنُونَ (အလ်မုအ်မိနူန) — မုအ်မိန်များ (သက်ဝင်ယုံကြည်သူများ)။
  • عَالِمِ الْغَيْبِ وَالشَّهَادَةِ (အာလိမိလ်ဂိုင်ဗိ ဝရှရှဟာဒသ်) — မမြင်နိုင်သော အရာများနှင့် မြင်နိုင်သော အရာများကို အသိဆုံးဖြစ်တော်မူသောအရှင်။
  • فَيُنَبِّئُكُم (ဖယွန်ဗိအုကုမ်) — ထို့နောက် သင်တို့အား အသိပေးတော်မူမည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ သင်သည် ဂျိဟာဒ်စစ်ပွဲမှ နောက်ဆုတ်ခဲ့ကြသူများအား ပြောကြားလိုက်ပါ — သင်တို့သည် လုပ်ဆောင်ကြပါ။ သင်တို့၏ လုပ်ရပ်များကို အလ္လာဟ်အရှင်မြတ်လည်းကောင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်လည်းကောင်း၊ မုအ်မိန်သက်ဝင်ယုံကြည်သူများလည်းကောင်း မကြာမီ မြင်တွေ့ကြရမည်ဖြစ်သည်။ သင်တို့၏ လုပ်ရပ်များသည် မည်သည့်အရာမျှ ဖုံးကွယ်နိုင်မည်မဟုတ်ပေ။ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ အားလုံးကို မြင်တော်မူမည်ဖြစ်သည်။ ထို့နောက် သင်တို့သည် ကိယာမသ်နေ့တွင် မမြင်နိုင်သော အရာများနှင့် မြင်နိုင်သော အရာများအားလုံးကို အသိဆုံးဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် သင်တို့ လောကီဘဝတွင် လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်အားလုံးကို အသိပေးတော်မူမည်ဖြစ်ပြီး ထိုလုပ်ရပ်များအတွက် အကျိုးအပြစ် ပေးတော်မူမည်ဖြစ်သည်။

ဤအာယသ်တော်သည် ဂျိဟာဒ်မှ နောက်ဆုတ်ခဲ့ကြသူများနှင့် မိမိတို့၏ အမှားများမှ ဝန်ခံတောင်းပန်ကြသူများအား လမ်းညွှန်ပေးအပ်ထားခြင်းဖြစ်သည်။ သူတို့သည် ယခင်က လွတ်သွားခဲ့သော ကောင်းမှုများကို ပြန်လည်ဖြည့်ဆည်းရမည်။ မိမိတို့၏ လုပ်ရပ်များကို အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်စေရမည်။ အရှင်မြတ် နှစ်သက်တော်မူသော အရာများကို လုပ်ဆောင်ရမည်။ အကြောင်းမှာ သူတို့၏ လုပ်ရပ်များကို အလ္လာဟ်အရှင်မြတ်၊ ရစူလ်တမန်တော်နှင့် မ



📜 အာယာသ် 103-107 — စူရာ အတ်-တောင်ဘ

103خُذْ مِنْ أَمْوَالِهِمْ صَدَقَةً تُطَهِّرُهُمْ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيْهِمْ ۖ إِنَّ صَلَاتَكَ سَكَنٌ لَّهُمْ ۗ وَاللَّهُ سَمِيعٌ عَلِيمٌ
(အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။
104أَلَمْ يَعْلَمُوا أَنَّ اللَّهَ هُوَ يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَأْخُذُ الصَّدَقَاتِ وَأَنَّ اللَّهَ هُوَ التَّوَّابُ الرَّحِيمُ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။
105وَقُلِ اعْمَلُوا فَسَيَرَى اللَّهُ عَمَلَكُمْ وَرَسُولُهُ وَالْمُؤْمِنُونَ ۖ وَسَتُرَدُّونَ إِلَىٰ عَالِمِ الْغَيْبِ وَالشَّهَادَةِ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး အသင်တို့သည် ဖုံးအုပ်လျက်ရှိသောအရာတို့ကိုလည်းကောင်း၊ ပေါ်လွင်ထင်ရှားစွာသိမြင်နိုင်သောအရာ တို့ကိုလည်းကောင်း၊ သိတော်မူသောရှင်မြတ်ထံတော်သို့ မုချ ပြန်ရောက်စေခြင်းကို ခံကြရပေမည်။ တစ်ဖန် ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ ပြုမူလျက်ရှိကြသည်တို့ကို ထုတ်ဖော်မိန့်ကြားတော်မူပေမည်။
106وَآخَرُونَ مُرْجَوْنَ لِأَمْرِ اللَّهِ إِمَّا يُعَذِّبُهُمْ وَإِمَّا يَتُوبُ عَلَيْهِمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
၎င်းပြင် အခြားသူတို့သည်လည်း ရှိကြကုန်၏၊ထိုသူတို့၏အရေးကိစ္စမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်(ကျရောက်သည်)အထိ ရွှေ့ဆိုင်းထားပြီး ဖြစ်ချေသည်။ ထိုအရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်ပေးတော်မူသည်ဖြစ်စေ၊၎င်းတို့၏ ဝန်ချတောင်းပန်ချက်ကို သဘောတူလက်ခံတော်မူသည်ဖြစ်စေ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို သိတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေ၏။
107وَالَّذِينَ اتَّخَذُوا مَسْجِدًا ضِرَارًا وَكُفْرًا وَتَفْرِيقًا بَيْنَ الْمُؤْمِنِينَ وَإِرْصَادًا لِّمَنْ حَارَبَ اللَّهَ وَرَسُولَهُ مِن قَبْلُ ۚ وَلَيَحْلِفُنَّ إِنْ أَرَدْنَا إِلَّا الْحُسْنَىٰ ۖ وَاللَّهُ يَشْهَدُ إِنَّهُمْ لَكَاذِبُونَ
ထိုမှတစ်ပါး (၎င်းတို့တွင်) အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် မတ်စ်ဂျစ်ဒ်ဗလီဝတ်ကျောင်းတစ်ဆောင်ကို (အစ္စလာမ်သာသနာတော်နှင့်မုစ်လင်မ်တို့အား)အကျိုးယုတ်စေခြင်းငှာလည်းကောင်း၊(နဗီတမန်တော်မြတ်အားကဲ့ရဲ့ခြင်းအားဖြင့်) သွေဖည်ငြင်း ပယ်ခြင်းငှာလည်းကောင်း၊မုစ်လင်မ်တို့ အချင်းချင်းတွင် သွေးခွဲခြင်းငှာလည်းကောင်း၊ယခင်က အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား တိုက်ခိုက်ခဲ့ကြသောသူများ ကင်းထောက်ရာဌာနတစ်ခုရရှိစေခြင်းငှာလည်းကောင်း တည်�ောက်ခဲ့ကြကုန်၏။ တစ်ဖန် ထိုသူတို့ကကျွန်တော်မျိုးတို့သည် အကောင်းကိုသာ ရည်စူးခဲ့ကြပါသည် ဟု ကျိန်ဆို ကြပေလိမ့်မည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ ဧကန်မလွဲမုသာဝါဒီများ ဖြစ်ကြသည်ကို သက်သေခံတော်မူ၏။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
105အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 105

စူရာ အတ်-တောင်ဘ အာယာသ် 105 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်သည် (ဤသို့) ပြောကြားပါလေ၊ အသင်တို့သည်(အသင်တို့နှစ်သက်ရာများကို) ပြုလုပ်ကြလေကုန်။ မကြာမြင့်မီ အသင်တို့၏ အပြုအမူကိုအလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊မုအ်မင်န်သက်ဝင်ယုံကြည်သူတို့…

စူရာ အာယာသ် 105/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 103–107. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers