အလ်-ဗလဒ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
အလ်-ဗလဒ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (20 အာယာသ် — مكية). အလ်-ဗလဒ် နားထောင်, အလ်-ဗလဒ် ဘာသာပြန်, အလ်-ဗလဒ် mp3, အလ်-ဗလဒ် pdf.အလ်-ဗလဒ် စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
لَا أُقْسِمُ بِهَٰذَا الْبَلَدِ ١
📖 ဘာသာပြန်
အာယာသ် 1
ငါအရှင်မြတ်သည် ဤ(မက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။
وَأَنتَ حِلٌّ بِهَٰذَا الْبَلَدِ ٢
📖 ဘာသာပြန်
အာယာသ် 2
စင်စစ် အသင်သည် ဤ(မက္ကဟ်)မြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။
وَوَالِدٍ وَمَا وَلَدَ ٣
📖 ဘာသာပြန်
အာယာသ် 3
၎င်းပြင် (ငါအရှင်မြတ်သည်) ဖခင်ကိုလည်းကောင်း၊ ထိုဖခင်က မွေးဖွားသည့်(သားသမီး)ကို လည်းကောင်း၊ သက်သေထူတော်မူ၏။
لَقَدْ خَلَقْنَا الْإِنسَانَ فِي كَبَدٍ ٤
📖 ဘာသာပြန်
အာယာသ် 4
မုချဧကန် ငါအရှင်မြတ်သည် လူကို(ကြီးကျယ်သော) ပင်ပန်းမှု၌ (ပင်ပန်းသောဘဝ၌) ဖန်ဆင်းတော်မူခဲ့၏။
أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌ ٥
📖 ဘာသာပြန်
အာယာသ် 5
ထိုလူသည် မိမိအပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် အလျှင်းတတ်စွမ်းနိုင်မည် မဟုတ်ဟု ထင်မှတ်လေသလော။
يَقُولُ أَهْلَكْتُ مَالًا لُّبَدًا ٦
📖 ဘာသာပြန်
အာယာသ် 6
၎င်းက ကျွန်ုပ်သည် မြောက်မြားစွာသော ပစ္စည်းဥစ္စာကို သုံးဖြုန်းခဲ့သည်ဟု (ဝါကြွား)ပြောဆိုလေ၏။
أَيَحْسَبُ أَن لَّمْ يَرَهُ أَحَدٌ ٧
📖 ဘာသာပြန်
အာယာသ် 7
၎င်းသည် မိမိအား မည်သူတစ်ဦးတစ်ယောက်မျှပင် မြင်ခဲ့သည် မဟုတ်ဟူ၍ ထင်မှတ်လေသလော။
أَلَمْ نَجْعَل لَّهُ عَيْنَيْنِ ٨
📖 ဘာသာပြန်
အာယာသ် 8
ငါအရှင်မြတ်သည် ၎င်းအား မျက်စိနှစ်လုံးကိုပြုလုပ်၍ ပေးသနားတော်မူခဲ့သည် မဟုတ်ပါလော။
وَلِسَانًا وَشَفَتَيْنِ ٩
📖 ဘာသာပြန်
အာယာသ် 9
ထို့ပြင် လျှာတစ်ခုကိုလည်းကောင်း၊ နှုတ်ခမ်းနှစ်ခုကိုလည်းကောင်း၊ (ပြုလုပ်ပေးသနားတော်မမူခဲ့ ပါသလော)။
وَهَدَيْنَاهُ النَّجْدَيْنِ ١٠
📖 ဘာသာပြန်
အာယာသ် 10
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား (အကောင်းအဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသတည်း။
فَلَا اقْتَحَمَ الْعَقَبَةَ ١١
📖 ဘာသာပြန်
အာယာသ် 11
သို့ပါလျက် ထိုလူသားသည် တောင်ကြား လမ်းကိုဖြတ်ကူးခဲ့သည် မဟုတ်ပေ။
وَمَا أَدْرَاكَ مَا الْعَقَبَةُ ١٢
📖 ဘာသာပြန်
အာယာသ် 12
စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင် သိပါသလော။
أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْغَبَةٍ ١٤
📖 ဘာသာပြန်
အာယာသ် 14
သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။
يَتِيمًا ذَا مَقْرَبَةٍ ١٥
📖 ဘာသာပြန်
အာယာသ် 15
ဆွေမျိုးနီးစပ်ဖြစ်သော ဘမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။
أَوْ مِسْكِينًا ذَا مَتْرَبَةٍ ١٦
📖 ဘာသာပြန်
အာယာသ် 16
မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။
ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ ١٧
📖 ဘာသာပြန်
အာယာသ် 17
ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အချင်းချင်း တစ်ဦး ကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ ထိုနည်းတူစွာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကရုဏာတရားထားရှိကြရန်လည်း လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။
أُولَٰئِكَ أَصْحَابُ الْمَيْمَنَةِ ١٨
📖 ဘာသာပြန်
အာယာသ် 18
ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။
وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ ١٩
📖 ဘာသာပြန်
အာယာသ် 19
သို့ရာတွင် အကြင်သူတို့သည် ငါအရှင်မြတ်၏အာယတ်တော်များကို သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား လက်ဝဲဘက်သားများပင် ဖြစ်ကြကုန်၏။
عَلَيْهِمْ نَارٌ مُّؤْصَدَةٌ ٢٠
📖 ဘာသာပြန်
အာယာသ် 20
၎င်းတို့အပေါ်၌ ပိတ်လှောင်ထားသော ဖုံးအုပ်ထားသော မီးသည် လွှမ်းခြုံလျက်ပင် ရှိချေအံ့သတည်း။
ဖတ်ရန် အလ်-ဗလဒ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

