قُلْ يَا أَيُّهَا النَّاسُ إِن كُنتُمْ فِي شَكٍّ مِّن دِينِي فَلَا أَعْبُدُ الَّذِينَ تَعْبُدُونَ مِن دُونِ اللَّهِ وَلَٰكِنْ أَعْبُدُ اللَّهَ الَّذِي يَتَوَفَّاكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُؤْمِنِينَ ١٠٤
🔤 Transliteration
Qul yaaa ayyuhan naasu in kuntum fee shakkkim min deenee falaa a`budul lazeena ta`budoona min doonil laahi wa laakin a`budul laahal lazee yatawaffaakum wa umirtu an akoona minal mu`mineen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။
🌐 Additional reference in ภาษาไทย
အဓိပ္ပာယ်ရှင်းလင်းချက် قُلْ — ဟောပြောလော့၊ ပြောကြားလော့။يَا أَيُّهَا النَّاسُ — အို လူသားအပေါင်းတို့။شَكٍّ — သံသယ၊ ယုံမှားသံသယ။دِينِي — ငါ၏သာသနာ (အစ္စလာမ်သာသနာ)။أَعْبُدُ — ငါကိုးကွယ်သည်။مِن دُونِ اللَّهِ — အလ္လာဟ်အရှင်မြတ်ကို စွန့်၍ (အခြားအရာများကို)။يَتَوَفَّاكُمْ — သင်တို့၏အသက်ဇီဝိန်ကို နုတ်ယူသိမ်းဆည်းသည် (သေစေတော်မူသည်)။أُمِرْتُ — ငါသည် အမိန့်ပေးခြင်းခံရသည်။مِنَ الْمُؤْمِنِينَ — ယုံကြည်သူများထဲမှ (တစ်ဦးအပါအဝင်) ဖြစ်ရန်။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အသင်သည် လူသားအပေါင်းတို့အား ပြောကြားလော့ — အို လူသားအပေါင်းတို့၊ ငါခေါ်ယူဖိတ်ခေါ်နေသော ဤသာသနာ (အစ္စလာမ်သာသနာ) သည် မှန်ကန်သည်ဟု သင်တို့သံသယရှိနေကြလျှင်၊ ငါသည် သင်တို့ကိုးကွယ်နေကြသော အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသော ရုပ်တုဆင်းတုများနှင့် ကိုးကွယ်ရာများကို မည်သည့်အခါမျှ ကိုးကွယ်မည်မဟုတ်ကြောင်း သိထားကြလော့။ ငါသည် သင်တို့၏အသက်ဇီဝိန်ကို နုတ်ယူသိမ်းဆည်းတော်မူသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ပါသည်။ ထို့ပြင် ငါသည် ယုံကြည်သူများထဲမှ တစ်ဦးအပါအဝင် ဖြစ်ရန် အမိန့်ပေးခြင်းခံခဲ့ရပါသည်။
ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား မိမိ၏သာသနာကို ရဲရဲတင်းတင်း ကြေညာစေရန်နှင့် မိမိသည် သာသနာတွင် သံသယကင်းမဲ့ပြီး ပြတ်သားစွာ ရပ်တည်နေကြောင်း ဖော်ပြစေရန် ညွှန်ကြားထားခြင်းဖြစ်သည်။ အကယ်၍ အခြားသူများက သံသယရှိနေကြသော်လည်း တမန်တော် (ဆွ) သည် မိမိ၏ယုံကြည်မှုတွင် ခိုင်မာစွာ ရပ်တည်ပြီး၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သည့်အရာကိုမျှ ကိုးကွယ်မည်မဟုတ်ကြောင်း ပြတ်သားစွာ ကြေညာထားသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသက်ဇီဝိန်ကို နုတ်ယူသိမ်းဆည်းတော်မူသော အရှင်ဖြစ်ကြောင်း ဖော်ပြခြင်းဖြင့်၊ လူသားတို့သည် မိမိတို့၏အသက်ဇီဝိန်ကို ထိန်းချုပ်နိုင်သည့် အရှင်ကိုသာ ကိုးကွယ်သင့်ကြောင်း သွန်သင်ထားသည်။ နိဂုံးချုပ်အားဖြင့် တမန်တော် (ဆွ) သည် ယုံကြည်သူများထဲမှ တစ်ဦးအဖြစ် အမိန့်ခံခဲ့ရကြောင်း ဖော
قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي شَكٍّ مِّن دِينِي فَلَآ أَعۡبُدُ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ وَلَٰكِنۡ أَعۡبُدُ ٱللَّهَ ٱلَّذِي يَتَوَفَّىٰكُمۡۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠٤
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 102-106 — စူရာ ယူနူစ်
102 فَهَلْ يَنتَظِرُونَ إِلَّا مِثْلَ أَيَّامِ الَّذِينَ خَلَوْا مِن قَبْلِهِمْ ۚ قُلْ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
သို့ပါလျက် ၎င်း တို့သည် မိမိတို့အလျင် လွန်လေပြီးခဲ့ကြသောသူတို့၏ ဘေးအန္တရာယ်များ ကဲ့သို့သော ဘေးအန္တရာယ်ကိုသာ မျှော်လင့်လျက် ရှိကြလေသလော။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား အချင်းတို့) ဤသို့ဖြစ်လျှင် အသင်တို့သည် မျှော်လင့်ကြလေကုန်။ ငါသည်လည်း အသင်တို့ နှင့်အတူ မျှော်လင့်သူတို့အနက် တစ်ဦးအပါအဝင် ဖြစ်သည်ဟု ပြောကြားပါလေ။
103 ثُمَّ نُنَجِّي رُسُلَنَا وَالَّذِينَ آمَنُوا ۚ كَذَٰلِكَ حَقًّا عَلَيْنَا نُنجِ الْمُؤْمِنِينَ
ထိုနောက် ငါအရှင်မြတ်သည် မိမိရစူလ် တမန်တော်များအားလည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခဲ့ကြကုန်သောသူတို့အားလည်းကောင်း၊ ကယ်ဆယ်တော်မူလေ့ရှိခဲ့သည်။ဤနည်းအတိုင်းပင် ငါအရှင်မြတ်အပေါ်၌ (ကယ်ဆယ်ရန်)တာဝန်တော် ရှိ၏။ ငါအရှင်မြတ်သည် မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား ကယ်ဆယ်တော်မူပေမည်။
104 قُلْ يَا أَيُّهَا النَّاسُ إِن كُنتُمْ فِي شَكٍّ مِّن دِينِي فَلَا أَعْبُدُ الَّذِينَ تَعْبُدُونَ مِن دُونِ اللَّهِ وَلَٰكِنْ أَعْبُدُ اللَّهَ الَّذِي يَتَوَفَّاكُمْ ۖ وَأُمِرْتُ أَنْ أَكُونَ مِنَ الْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည် အသင်တို့ အလ္လာဟ်အရှင်မြတ်အားစွန့်လွှတ်၍ ကိုးကွယ်ဆည်းကပ်လျှက် ရှိကြသည်တို့ကို ကိုးကွယ်ဆည်းကပ်သည် မဟုတ်ပေ။ စင်စစ်မှာမူကား ငါသည်အသင်တို့၏ အသက်ဇီဝိန်ကို နှုတ်သိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ဆည်းကပ်ပေသည်။ ထိုမှတစ်ပါးငါသည် မုအ်မင်န်သက်ဝင်ယုံကြည် သူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ရန် (အလ္လာဟ်အရှင်မြတ်အထံတော်မှ) အမိန့်ပေးခြင်းခံခဲ့ရလေသတည်း။
105 وَأَنْ أَقِمْ وَجْهَكَ لِلدِّينِ حَنِيفًا وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင်သည် မိမိမျက်နှာကို ဒီန်သာသနာတော်ဘက်သို့ သဒ္ဒါကြည်ဖြူစွာ လှည့်ထားပါလေ။ ထိုမှတစ်ပါး အသင်သည် မုရှ်ရစ်က် တို့တွင် အပါအဝင် မဖြစ်ပါလေနှင့် (ဟူ၍လည်း အမိန့်တော် ရရှိ၏။)
106 وَلَا تَدْعُ مِن دُونِ اللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَ ۖ فَإِن فَعَلْتَ فَإِنَّكَ إِذًا مِّنَ الظَّالِمِينَ
၎င်း ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် မိမိအား အကျိုးလည်းမဖြစ်ထွန်းစေနိုင်သော အကျိုးယုတ်စေခြင်းကိုလည်း မပြုနိုင်စွမ်းနိုင်သော အရာများကို ဟစ်ခေါ်ခြင်း မပြုပါလေနှင့်။ တစ်ဖန် အကယ်၍ အသင်သည်ပြုမိခဲ့ပါသော် ဧကန်စင်စစ် အသင်သည် ထိုသို့ပြုမိသောကြောင့် (မိမိတို့ကိုယ်ကို မိမိတို့ပင်) နှိပ်စက် ညှဉ်းပန်းသူတို့တွင်အပါအဝင် ဖြစ်သွားပေမည်(ဟူ၍လည်း အမိန့်တော်ရရှိ၏။)
ဘာသာပြန် — ယူနူစ် 104 စူရာ ယူနူစ် အာယာသ် 104 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ အို-လူအပေါင်းတို့ အကယ်၍ အသင်တို့သည်ငါ၏ ဒီန်သာသနာတော်နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ (နစ်မွန်းလျက်)ရှိကြပါမူ ငါသည်…
စူရာ အာယာသ် 104/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 102–106. မြန်မာဘာသာ: ภาษาไทย.