ယူနူစ် · 21/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِّن بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ ۝٢١
Wa izaaa azaqnan naasa rahmatam mim ba`di darraaa`a massat hum izaa lahum makrun feee aayaatinaa; qulil laahu asra`u makraa; inna rusulanaa yaktuboona maa tamkuroon
📖 မြန်မာဘာသာ
အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း တို့၌ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အကြံ အစည်များပေါ်လာလေ့ရှိပေသည်။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား) ‘အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာ၌ (၎င်း တို့ထက်) ပိုမို၍ပင်လျင်မြန်တော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည်တို့ကို ရေးမှတ်လျက်ရှိကြ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်

  • أَذَقْنَا (အဇက္နာ) — ငါအရှင်မြတ်သည် မြည်းစမ်းစေတော်မူခဲ့သည်။
  • رَحْمَةً (ရဟ်မသန်) — ကရုဏာတော်၊ ကျေးဇူးတော်၊ သာယာဝပြောမှု။
  • ضَرَّاءَ (ဒါရ်ရာအ်) — ဒုက္ခဆင်းရဲမှု၊ ဘေးအန္တရာယ်၊ ကျပ်တည်းမှု။
  • مَكْرٌ (မက္ကရ်) — လှည့်ဖြားမှု၊ စီမံကွက်ဆင်မှု၊ ပရိယာယ်ကြံစည်မှု။
  • أَسْرَعُ مَكْرًا (အဆ်ရအု မက္ကရန်) — လှည့်ဖြားမှုတွင် အလျင်မြန်ဆုံး၊ အမြန်ဆုံးအရေးယူတော်မူသော။
  • رُسُلَنَا (ရုဆုလနာ) — ငါအရှင်မြတ်၏ တမန်တော်များ (ဤနေရာတွင် မလာအိကဟ် စောင့်ကြည့်မှတ်တမ်းတင်သူများကို ဆိုလိုသည်)။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မက္ကာမြို့သား ကာဖိရ်များ၏ အပြုအမူကို ဖော်ပြထားသည်။ သူတို့သည် ဒုက္ခဆင်းရဲမှု၊ ကျပ်တည်းမှုနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ပြီးနောက် အလ္လာဟ်အရှင်မြတ်သည် မိုးရွာသွန်းမှု၊ သီးနှံဖြစ်ထွန်းမှုနှင့် သာယာဝပြောမှုကဲ့သို့သော ကရုဏာတော်ကို ပေးသနားတော်မူသောအခါ သူတို့သည် အရှင်မြတ်၏ အာယသ်တော်များကို ပြက်ရယ်ပြောင်လှောင်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ဖျက်ဆီးရန် ပရိယာယ်ကြံစည်ခြင်းတို့ကို ချက်ချင်းပြုလုပ်ကြသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ဤသို့မိန့်ကြားတော်မူသည် — အို တမန်တော်၊ ထိုကာဖိရ်များအား ပြောလိုက်ပါ — အလ္လာဟ်အရှင်မြတ်သည် လှည့်ဖြားမှုနှင့် အရေးယူမှုတွင် အလျင်မြန်ဆုံးဖြစ်တော်မူသည်။ သူတို့သည် ကြံစည်နေစဉ် အရှင်မြတ်သည် သူတို့ကို ဖြည်းညှင်းစွာ ဆွဲဆောင်ပြီး ပြစ်ဒဏ်ပေးရန် အသင့်ရှိတော်မူသည်။ အရှင်မြတ်၏ ဂုဏ်သတင်းထိန်းသိမ်းစောင့်ကြည့်သော မလာအိကဟ်တော်များသည် သူတို့၏ ကြံစည်မှုတိုင်းကို အသေးစိတ်မှတ်တမ်းတင်ထားကြသည်။ မည်သည့်အရာမျှ လွတ်မြောက်မည်မဟုတ်ပါ။ ထို့ကြောင့် ဖန်ဆင်းရှင်အရှင်မြတ်ထံမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။ သူတို့၏ ကြံစည်မှုအတွက် အရှင်မြတ်သည် အစားပေးတော်မူမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် အလွန်ကရုဏာရှင်ဖြစ်တော်မူသည်။ ဒုက္ခဆင်းရဲပြီးနောက် သာယာဝပြောမှုကို ပေးသနားတော်မူသည်။ ဤသည်က အရှ


📜 အာယာသ် 19-23 — စူရာ ယူနူစ်

19وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
စင်စစ်သော်ကား လူသားတို့သည်(ယခင်မူလက)ဘာသာဝါဒ တူညီသော လူတစ်စုတည်းသာလျှင် ဖြစ်ခဲ့ကြကုန်၏။ ထို့နောက် ၎င်း တို့သည်(ဘာသာဝါဒ၌)သဘောကွဲလွဲခဲ့ကြကုန်၏။ စင်စစ် သော်ကား အကယ်၍သာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ စကားတစ်ရပ်သည် ရှေးဦးပထမကပင် ရှိနှင့်ခဲ့ပြီး မဖြစ်ပါလျှင် မုချဧကန်၎င်း တို့အချင်းချင်း သဘောကွဲလွဲနေသော အရာနှင့်စပ်လျဉ်း၍စီရင်ဆုံးဖြတ်ပြီး ဖြစ်ချိမ့်မည်။
20وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
ထိုမှတစ်ပါး ၎င်း တို့သည် (ဤသို့)ပြောဆိုကြကုန်၏။ အဘယ်ကြောင့် ထို(ရစူလ်တမန်တော်မြတ်) ၏အပေါ်၌၎င်း ၏ အရှင်မြတ်အထံတော်မှ သက်သေလက္ခဏာ တစ်စုံတစ်ရာ မကျရောက်ခဲ့ပါသနည်း။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည ်(၎င်း တို့အား ဤသို့)ဖြေကြားပါလေ။ အကယ်စင်စစ် အကွယ်၌ရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် စောင့်မျှော်၍နေကြလေကုန်။ ငါသည်လည်း အသင်တို့နှင့်အတူ စောင့်မျှော်သူတို့တွင် တဦးအပါအဝင် ဖြစ်သတည်း။
21وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِّن بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း တို့၌ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ အကြံ အစည်များပေါ်လာလေ့ရှိပေသည်။ (အိုနဗီတမန်တော်)အသင်သည် (၎င်း တို့အား) ‘အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာ၌ (၎င်း တို့ထက်) ပိုမို၍ပင်လျင်မြန်တော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောကြားပါလေ။ ဧကန်အမှန် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် အသင်တို့ ကြံစည်လျက်ရှိသည်တို့ကို ရေးမှတ်လျက်ရှိကြ၏။
22هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِن كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် ထိုအရှင်မြတ်ပင်။ထိုအရှင်မြတ်သည်သာလျှင် အသင်တို့အား ကုန်းကြောင်း၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌လည်းကောင်း၊ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် သင်္ဘောများ တွင်ရှိနေကြသောအခါ သင်္ဘောများသည်လေညင်းလေ ပြည် ဖြင့် ၎င်း တို့အား သယ်ဆောင်သွားလေ၏။၎င်း တို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ ထိုအခါ(ရုတ်တရက်) ထိုသင်္ဘောများကိုလေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်၎င်း တို့အပေါ်၌ အဖက် ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်း တို့သည်ဧကန်မလွဲ မိမိတို့မှာ ဝိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၌သာလျှင်(အာရုံစူးစိုက်)သဒ္ဓါကြည်ဖြူလျှက် (အို-အရှင်) အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ(ဘေး အန္တရာယ်)မှ လွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန် တော်မျိုးတို့သည် ကျေးဇူး တော်ကို သိတတ်ကြသောသူတို့တွင် အပါအဝင် ဖြစ်ကြပါမည်ဟု ဟစ်ခေါ်ဆုတောင်းကြ၏။
23فَلَمَّا أَنجَاهُمْ إِذَا هُمْ يَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۗ يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰ أَنفُسِكُم ۖ مَّتَاعَ الْحَيَاةِ الدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
တစ်ဖန် ထိုအရှင်မြတ်သည် ၎င်း တို့အား လွတ်မြောက်စေတော်မူသောအခါ ရုတ်တရက်ချက်ချင်းပင် ၎င်း တို့သည် ကမ္ဘာမြေပြင်ဝယ် မတရားသ�ြင့် စည်းကမ်းကျူးလွန်ကြကုန်၏။ အို-လူအပေါင်းတို့ အသင်တို့၏ စည်းကမ်း ကျူးလွန်မှုသည် အသင်တို့အပေါ်၌သာ (ပြန်လည် ကျရောက်မည်)ဖြစ်သည်။ (အသင်တို့သည်)လောကီဘဝ၏(အနည်းငယ်မျှသော)အကျိုးကျေးဇူးကို (ခံစားလျက်ရှိကြကုန် လော့)။ ထို့နောက်အသင်တို့သည် ငါအရှင်မြတ်၏အထံတော် သို့သာလျှင်ပြန်ကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အားအသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည်များကို ပြသ တော်မူမည်ဖြစ်သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
21အာယာသ်

ဘာသာပြန် — ယူနူစ် 21

စူရာ ယူနူစ် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ငါအရှင်မြတ်သည် လူတို့အား၎င်း တို့၌ ဘေးဒုက္ခဆိုက်ရောက်ခဲ့ပြီးနောက် (မိမိ၏) ကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေ တော်မူသော် ရုတ်တရက်၎င်း…

စူရာ အာယာသ် 21/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers