ယူနူစ် · 89/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
قَالَ قَدْ أُجِيبَت دَّعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ ۝٨٩
Qaala qad ujeebad da`watukumaa fastaqeemaa wa laa tattabi`aaanni sabeelal lazeena laaya`lamoon
📖 မြန်မာဘာသာ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • أُجِيبَت دَّعْوَتُكُمَا: သင်တို့နှစ်ဦး၏ ဆုတောင်းချက် (ဒုအာ) ကို လက်ခံဖြေကြားပေးခဲ့ပြီ။
  • فَاسْتَقِيمَا: သင်တို့နှစ်ဦး တည်ကြည်မှုရှိကြပါ။ (သင်တို့၏ လမ်းစဉ်တွင် မြဲမြံစွာ ရပ်တည်ကြပါ။)
  • وَلَا تَتَّبِعَانِّ: သင်တို့နှစ်ဦး မလိုက်နာကြပါနှင့်။
  • سَبِيلَ الَّذِينَ لَا يَعْلَمُونَ: မသိနားမလည်သူများ၏ လမ်းစဉ်ကို။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် တမန်တော် မူဆာ (အလိုင်ဟိစ်စလာမ်) နှင့် တမန်တော် ဟာရူန် (အလိုင်ဟိစ်စလာမ်) တို့အား မိန့်တော်မူခဲ့သည်။ ဖိရ်အောင်န်နှင့် သူ၏ မှူးမတ်အကြီးအကဲများ၊ သူတို့၏ ဥစ္စာပစ္စည်းများအပေါ် သင်တို့နှစ်ဦး၏ ဆုတောင်းချက်ကို ငါအရှင်မြတ် လက်ခံဖြေကြားပေးခဲ့ပြီဖြစ်သည်။ ဤနေရာတွင် ဆုတောင်းချက်ကို နှစ်ဦးစလုံးနှင့် ဆက်စပ်ဖော်ပြထားခြင်းမှာ တမန်တော် မူဆာက ဆုတောင်းပြီး တမန်တော် ဟာရူန်က အာမီးန် (အတည်ပြုချက်) ပြုခဲ့သောကြောင့်ဖြစ်သည်။ အာမီးန်ပြုခြင်းသည်လည်း ဆုတောင်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့နှစ်ဦးအား မိန့်တော်မူခဲ့သည်။ သင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ ဒီန် (သာသနာ) အပေါ် တည်ကြည်မြဲမြံစွာ ရပ်တည်ကြပါ။ ဖိရ်အောင်န်နှင့် သူ၏လူမျိုးတို့အား အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်းကိုးကွယ်ခြင်းနှင့် အရှင်မြတ်အား နာခံခြင်းဆီသို့ ဖိတ်ခေါ်ခြင်းတည်းဟူသော သင်တို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ကြပါ။ ငါအရှင်မြတ်၏ ကတိတော်နှင့် သတိပေးချက်၏ အမှန်တရားကို မသိနားမလည်သော သူမိုက်များ၏ လမ်းစဉ်ကို မလိုက်နာကြပါနှင့်။ အမှန်တရားလမ်းစဉ်ကို မသိသော မိုက်မဲသူများ၏ လမ်းကို မလိုက်လျှောက်ကြပါနှင့်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နှစ်သက်တော်မူသော ကျွန်များ၏ ဆုတောင်းချက်ကို လက်ခံဖြေကြားပေးတော်မူသည်။ ဆုတောင်းခြင်းသည် အီမာန်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလ္လာဟ်အရ


📜 အာယာသ် 87-91 — စူရာ ယူနူစ်

87وَأَوْحَيْنَا إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَاجْعَلُوا بُيُوتَكُمْ قِبْلَةً وَأَقِيمُوا الصَّلَاةَ ۗ وَبَشِّرِ الْمُؤْمِنِينَ
၎င်း ပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာ၏ထံသို့လည်းကောင်း၊ ထို(နဗီတမန်တော်) မူစာ၏နောင်တော်(နဗီတမန်တော်) ဟာရွန်ထံသို့ လည်းကောင်း၊ (ဤကဲ့သို့)အမိန့်တော်ချမှတ်တော်မူခဲ့လေသည်။ အသင်တို့နှစ်ဦးသည်မိမိတို့၏ အမျိုးသားများ(ဖြစ်ကုန်သော အစ္စရာအီလီမျိုးနွယ်တို့)အဖို့ အီဂျစ်ပြည်တွင်ပင် နေအိမ်များကို သတ်မှတ်ကြလေကုန်။ ၎င်း ပြင် အသင်တို့သည် မိမိတို့၏နေအိမ်များကို’ဆွလာတ်’ ဝတ်ပြုရာဌာနများ (မတ်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်များ) ပြုလုပ်ကြ လေကုန်။ ထို့ပြင် အသင်တို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ထိုမှ တစ်ပါး(အို-နဗီတမန်တော်)မူစာ အသင်သည် မုအ်မင်န် သက်ဝင်ယုံ ကြည် သောသူတို့အား (၎င်း တို့ခံစားရလျက်ရှိနေသောဘေးအန္တရာယ်များမှ မကြာမီအတွင်း လွတ်မြောက်ကြတော့မည်ဖြစ် ကြောင်း) ဝမ်းမြောက်ဖွယ် သတင်းကောင်းပြောကြားပါလေ။
88وَقَالَ مُوسَىٰ رَبَّنَا إِنَّكَ آتَيْتَ فِرْعَوْنَ وَمَلَأَهُ زِينَةً وَأَمْوَالًا فِي الْحَيَاةِ الدُّنْيَا رَبَّنَا لِيُضِلُّوا عَن سَبِيلِكَ ۖ رَبَّنَا اطْمِسْ عَلَىٰ أَمْوَالِهِمْ وَاشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا حَتَّىٰ يَرَوُا الْعَذَابَ الْأَلِيمَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (ဤသို့)လျှောက်ထားပန်ကြားခဲ့လေသည်။ အို-ကျွန်တော်မျိုးတို့၏အရှင် ဧကန်စင်စစ် အုရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း ၏မှူးမတ်တို့ကို ဤပစ္စက္ခလောကီဘဝတွင် (တစ်ခဏမျှခံစားအပ်သော)ခမ်းနားသိုက်မြိုက်မှုကိုလည်းကောင်း၊ ပစ္စည်းဥစ္စာများကိုလည်းကောင်း၊ ပေးသနားတော်မူခဲ့ပါသည်။ အိုကျွန်တော်မျိုးတို့၏အရှင်၊ ထို(ကဲ့သို့ ပေးသနားတော် မူခြင်း)ကြောင့် ၎င်း တို့သည် (သူတစ်ပါးအား) အရှင်မြတ်၏လမ်းတော်မှ ချွတ်ချော်တိမ်းပါး စေကြကုန်၏။ အို-ကျွန်တော်မျိုးတို့၏ အရှင်၊ အရှင်မြတ်သည် ၎င်း တို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကိုလည်း မာကျောစေတော်မူပါ။ သို့ဖြစ်ပေရာ် ၎င်း တို့သည်နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံးသက်ဝင်ယုံကြည်ခြင်း မရှိနိုင်ကြရန် အရှင်မြတ်သည် ၎င်း တို့၏စိတ်နှလုံးများကို ခက်ထန်မာကျော စေတော်မူပါ။
89قَالَ قَدْ أُجِيبَت دَّعْوَتُكُمَا فَاسْتَقِيمَا وَلَا تَتَّبِعَانِّ سَبِيلَ الَّذِينَ لَا يَعْلَمُونَ
(ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။ သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် တည်ကြည်ကြံ့ခိုင်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့နှစ်ဦးသည် မသိနားမလည်သောသူတို့၏လမ်းကို မလိုက်ကြကုန်လင့်။
90۞ وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتْبَعَهُمْ فِرْعَوْنُ وَجُنُودُهُ بَغْيًا وَعَدْوًا ۖ حَتَّىٰ إِذَا أَدْرَكَهُ الْغَرَقُ قَالَ آمَنتُ أَنَّهُ لَا إِلَٰهَ إِلَّا الَّذِي آمَنَتْ بِهِ بَنُو إِسْرَائِيلَ وَأَنَا مِنَ الْمُسْلِمِينَ
ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တို့၏နောက်သို့ ဖစ်ရ်အောင်န် နှင့် ထိုဖစ်ရ်အောင်န်ဗိုလ်ခြေဗိုလ်ပါ တို့သည် မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သော အရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း သက်ဝင်ယုံကြည်ပါပြီ။ ထို့ပြင် ကျွန်တော်မျိုးသည် မုစ်လင်မ်အမိန့်တော်ကို လိုက်နာသောသူတို့တွင် တစ်ဦးအပါအဝင် ဖြစ်ပါပြီဟု ပြောဆိုခဲ့လေသတည်း။
91آلْآنَ وَقَدْ عَصَيْتَ قَبْلُ وَكُنتَ مِنَ الْمُفْسِدِينَ
(ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။) ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကား အသင်သည် ယခု (မနစ်မြုပ်မီ)အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမက အသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ချေ သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
89အာယာသ်

ဘာသာပြန် — ယူနူစ် 89

စူရာ ယူနူစ် အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ထိုအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူခဲ့လေသည်။ (အို-နဗီတမန်တော်မူစာနှင့် နဗီတမန်တော်ဟာရွန်) အသင်တို့နှစ်ဦး၏ ဆုတောင်းပန်ကြားချက်သည် သဘောတူခြင်းကို ခံခဲ့ရလေပြီ။…

စူရာ အာယာသ် 89/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers