ဟူဒ် · 14/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنزِلَ بِعِلْمِ اللَّهِ وَأَن لَّا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنتُم مُّسْلِمُونَ ۝١٤
Fa il lam yastajeeboo lakum fa`lamooo annamaaa unzilla bi`ilmil laahi wa al laaa ilaaha illaa Huwa fahal antum muslimoon
📖 မြန်မာဘာသာ
တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • فَإِلَّمْ يَسْتَجِيبُوا لَكُمْ (ဖအိလ်လမ် ယပ်စ်သဂျီးဗူး လကူမ်)။ ၎င်းတို့သည် သင်တို့အား တုံ့ပြန်ဖြေကြားခြင်း မပြုကြလျှင်။
  • فَاعْلَمُوا (ဖအ်လမူး)။ သင်တို့သည် သိရှိကြပါလေ။
  • أَنَّمَا أُنزِلَ بِعِلْمِ اللَّهِ (အန္နမာ အွန်ဇိလ ဗိအိလ်မိလ္လာဟ်)။ ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ အသိပညာတော်ဖြင့်သာ ချပေးခဲ့ခြင်း ဖြစ်သည်ကို။
  • وَأَن لَّا إِلَٰهَ إِلَّا هُوَ (ဝအန် လာအိလာဟာ အိလ္လာ ဟူဝါ)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော ဘုရားမရှိကြောင်း။
  • فَهَلْ أَنتُم مُّسْلِمُونَ (ဖဟလ် အန္တွမ် မွတ်စ်လိမూఔန်)။ သင်တို့သည် အလ္လာဟ်အရှင်မြတ်အား နာခံအပ်နှံသူများ ဖြစ်ကြမည်လော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို တမန်တော်မုဟမ္မဒ်(ဆွ)နှင့် အီမာန်ယုံကြည်သူတို့၊ အကယ်၍ ဤမုရှ်ရိက်များသည် သင်တို့တောင်းဆိုထားသည့်အတိုင်း ကုရ်အာန်ကဲ့သို့သော ကျမ်းတစ်စောင် ယူဆောင်လာရန် မတတ်နိုင်ကြသဖြင့် သင်တို့၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ကြလျှင်၊ သင်တို့သည် ဤကုရ်အာန်ကျမ်းတော်မြတ်ကို အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အသိပညာတော်ဖြင့် မိမိ၏ တမန်တော်အပေါ် ချပေးတော်မူခဲ့ခြင်းဖြစ်ကြောင်း၊ လူသားတို့၏ စကားဖြင့် လုပ်ကြံဖန်တီးထားခြင်း မဟုတ်ကြောင်းကို သေချာစွာ သိရှိကြပါလေ။ ထို့အပြင် အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော ဘုရားဟူ၍ မရှိကြောင်းကိုလည်း သိရှိကြပါလေ။ ဤကဲ့သို့ ထင်ရှားလှသော သက်သေအထောက်အထားများ ရရှိပြီးနောက် သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ တမန်တော်အား နာခံအပ်နှံသူများ ဖြစ်ကြမည်လော။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ အသိပညာတော်နှင့်အညီ ချပေးခဲ့သော ကျမ်းတော်ဖြစ်ကြောင်း သေချာစွာ သိရှိခြင်းသည် အီမာန်ယုံကြည်မှုကို ခိုင်မာစေပါသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားတို့၏ စကားဖြင့် လုပ်ကြံဖန်တီးထားခြင်း မဟုတ်ဘဲ အလ္လာဟ်အရှ


📜 အာယာသ် 12-16 — စူရာ ဟူဒ်

12فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَن يَقُولُوا لَوْلَا أُنزِلَ عَلَيْهِ كَنزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။
13أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِعَشْرِ سُوَرٍ مِّثْلِهِ مُفْتَرَيَاتٍ وَادْعُوا مَنِ اسْتَطَعْتُم مِّن دُونِ اللَّهِ إِن كُنتُمْ صَادِقِينَ
၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။
14فَإِلَّمْ يَسْتَجِيبُوا لَكُمْ فَاعْلَمُوا أَنَّمَا أُنزِلَ بِعِلْمِ اللَّهِ وَأَن لَّا إِلَٰهَ إِلَّا هُوَ ۖ فَهَلْ أَنتُم مُّسْلِمُونَ
တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင် ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ အသင်တို့ ကောင်းစွာယုံကြည်ကြလေကုန်။ သို့ဖြစ်ပေရာ ယခုအသင်တို့သည် မုစ်လင်မ် အမိန့်တော်ကို လိုက်နာသောသူများ ဖြစ်ကြပြီလော။
15مَن كَانَ يُرِيدُ الْحَيَاةَ الدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَالَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ
မည်သူမဆိုလောကီဘဝကိုလည်းကောင်း၊ယင်းလောကီဘဝ၏ (ပကာသနဖြစ်သော) လှပ တင့်တယ်မှုကိုလည်းကောင်း၊ ရည်စူးပါလျှငငါ အရှင်မြတ်သည် ထိုကဲ့သို့သောသူတို့အား ၎င်းတို့၏ ကျင့်မူဆောင်ရွက်ချက်များ၏(အကျိုး)ကိုဤလောကီ ဘဝ၌ပင် အပြည့်ပေးတော်မူလေသည်။ ထို့ပြင်၎င်း တို့သည် ဤလောကီဘဝတွင် (အနည်းငယ်မျှပင်) ယုတ်လျော့စေခြင်းကို ခံကြရသည်မရှိချေ။
16أُولَٰئِكَ الَّذِينَ لَيْسَ لَهُمْ فِي الْآخِرَةِ إِلَّا النَّارُ ۖ وَحَبِطَ مَا صَنَعُوا فِيهَا وَبَاطِلٌ مَّا كَانُوا يَعْمَلُونَ
ဤသူများသည် အကြင်သူများပင်တည်း။ ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် ငရဲမီးမှအပ အခြားတစ်စုံတစ်ရာမျှပင် (အကျိုးခံစားခွင့်) ရှိလိမ့် မည်မဟုတ်ပေ။ ထို့ပြင်၎င်းတို့ပြုလုပ်သမျှတို့သည် အချည်းနှီးပင်ဖြစ်သည့်ပြင် ၎င်းတို့ကျင့်မူဆောင်ရွက် ခဲ့သမျှတို့သည်လည်း နောင်တမလွန်ဘဝတွင် အကျိုးမဲ့ ဖြစ်လိမ့်မည်သာတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — ဟူဒ် 14

စူရာ ဟူဒ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် အကယ်၍ ၎င်းတို့သည် အသင်တို့ (ပြောဆိုကြသည်)ကို ဖြေဆိုခြင်း မပြုခဲ့ကြပါလျှင် (ဤကုရ်အာန်ကျမ်းတော်မြတ်သည်) အလ္လာဟ်အရှင်မြတ်၏အသိပညာဖြင့် ချပေးသနားတော်မူခြင်းခံခဲ့ရသည်သာလျှင်…

စူရာ အာယာသ် 14/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers