ဟူဒ် · 59/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ ۝٥٩
Wa tilka `aad, jahadoo bi Aayaati Rabbihim wa `asaw Rusulahoo wattaba`ooo amra kulli jabbaarin `aneed
📖 မြန်မာဘာသာ
စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • ဂျဟဒူ (جَحَدُوا): ငြင်းပယ်ခြင်း၊ မယုံကြည်ခြင်း။
  • အာယာသ် (آيَات): သက်သေလက္ခဏာများ၊ အမိန့်တော်များ။
  • ဂျဗ္ဗာရ် (جَبَّار): မာန်မာနကြီးသော၊ အာဏာရှင်ဆန်သော။
  • အနီးဒ် (عَنِيد): အမှန်တရားကို လက်မခံဘဲ ခေါင်းမာစွာ ဆန့်ကျင်သူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အာဒ်လူမျိုး၏ အဆုံးသတ်အကြောင်းကို ဖော်ပြထားပါသည်။ သူတို့သည် မိမိတို့၏ အရှင်သခင်၏ သက်သေလက္ခဏာများနှင့် အမိန့်တော်များကို ငြင်းပယ်ခဲ့ကြသည်။ သူတို့ထံ စေလွှတ်ခံရသော တမန်တော် ဟူဒ် (အလိုင်ဟိစ်စလာမ်) ကို မနာခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ တမန်တော်တစ်ပါးကို ငြင်းပယ်ခြင်းသည် တမန်တော်အားလုံးကို ငြင်းပယ်ခြင်းနှင့် အတူတူပင်ဖြစ်သောကြောင့် ဤနေရာတွင် "ရစူလုဟု" (သူ၏တမန်တော်များ) ဟု ဗဟုဝုစ်ဖြင့် သုံးနှုန်းထားခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် အမှန်တရားကို လက်မခံဘဲ မာန်မာနထောင်လွှားကာ ခေါင်းမာစွာ ဆန့်ကျင်သော ခေါင်းဆောင်ကြီးများ၏ အမိန့်ကို လိုက်နာခဲ့ကြသည်။ ဤသည်မှာ သူတို့၏ ဖျက်ဆီးခံရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို ငြင်းပယ်ခြင်းသည် ပျက်စီးခြင်းဆီသို့ ပို့ဆောင်သည်။
  • တမန်တော်များကို မနာခံခြင်းသည် အလ္လာဟ်အရှင်မြတ်ကို မနာခံခြင်းပင်ဖြစ်သည်။
  • မာန်မာနကြီးသော ခေါင်းဆောင်များ၏ နောက်သို့ လိုက်ခြင်းသည် လူမျိုးတစ်မျိုးလုံး ပျက်စီးခြင်းကို ဖြစ်စေနိုင်သည်။
  • အမှန်တရားကို လက်ခံရန် နှိမ့်ချသော စိတ်ထားရှိရမည်။
  • ဤအာယသ်တော်သည် သတိပေးချက်တစ်ခုဖြစ်ပြီး အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကို လိုက်နာခြင်းသည် ကယ်တင်ခြင်း၏ လမ်းစဉ်ဖြစ်ကြောင်း သွန်သင်ပေးသည်။


📜 အာယာသ် 57-61 — စူရာ ဟူဒ်

57فَإِن تَوَلَّوْا فَقَدْ أَبْلَغْتُكُم مَّا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ
သို့ရာတွင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲဖယ်လျက်ပင် ရှိနေကြလျှင် မုချဧကန် ငါသည် အကြင်အမိန့်တော်များကို အသင်တို့ထံ ပို့ခဲ့ပြီးဖြစ်ပေသည်။ ငါသည် ထိုအမိန့်တော်များနှင့်တကွ အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းကို ခံခဲ့ရလေသည်။ ထို့ပြင် ငါ၏အရှင်မြတ်သည် (အသင်တို့နေရာတွင်) အသင်တို့၏ကိုယ်စား အခြားလူမျိုးတစ်မျိုးကို ခန့်အပ်တော်မူမည်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အားတစ်စုံတစ်ရာမျှပင် ကျိုးယုတ်ဆုံးရှုံး စေနိုင်ကြမည် မဟုတ်ပေ။ဧကန်စင်စစ် ငါ၏အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
58وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا هُودًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَنَجَّيْنَاهُم مِّنْ عَذَابٍ غَلِيظٍ
တစ်ဖန် ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာ သောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဟူဒ်အားလည်း ကောင်း၊ ထို(နဗီတမန်တော်) ဟူဒ်နှင့်အတူ သက်ဝင်ယုံကြည် ခဲ့ကြသော သူတို့အား လည်း ကောင်း၊ မိမိကရုဏာတော်ဖြင့် ကယ်တင် တော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထို သူတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တစ်ရပ်မှလည်း ကယ်တင်တော်မူခဲ့လေသတည်း။
59وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ
စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များကိုဖီဆန်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့သည် ခေါင်းမာသော၊ နိုင်ထက် ကလူပြုမူသောလူတိုင်း၏ အမိန့်ကို လိုက်နာခဲ့ကြကုန်သတည်း။
60وَأُتْبِعُوا فِي هَٰذِهِ الدُّنْيَا لَعْنَةً وَيَوْمَ الْقِيَامَةِ ۗ أَلَا إِنَّ عَادًا كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِّعَادٍ قَوْمِ هُودٍ
ထို့ပြင် ၎င်းတို့သည် ဤပစ္စုပ္ပန်မျက်မှောက်လောကီဘဝ၌လည်းကောင်း၊ ကိယာမတ်ရှင်ပြန်ထရမည့် နေ့တွင်လည်း ကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းကို(မိမိတို့)နောက်မှ ထက်ကြပ်မကွာလိုက်စေခြင်းကို ခံခဲ့ကြရလေသည်။သတိပြုကြလေကုန်။ ဧကန်မလွဲ အာဒ် အမျိုးသားတို့သည်မိမိတို့အရှင်မြတ်အား ငြင်းပယ်ခဲ့ကြလေသည်။ သတိပြုကြလေကုန်။ (နဗီတမန်တော်)ဟူဒ်၏အမျိုးသားများဖြစ်ကုန်သောအာဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
61۞ وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ هُوَ أَنشَأَكُم مِّنَ الْأَرْضِ وَاسْتَعْمَرَكُمْ فِيهَا فَاسْتَغْفِرُوهُ ثُمَّ تُوبُوا إِلَيْهِ ۚ إِنَّ رَبِّي قَرِيبٌ مُّجِيبٌ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) ဆမူဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဆွာလိဟ်အား(စေလွှတ်တော်မူလေသည်။) ထို(နဗီတမန်တော်) ဆွာလိဟ်သည်(မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဟောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ထိုအရှင်မြတ်မှတစ်ပါး အသင်တို့အဖို့ ကိုးကွယ်ဆည်းကပ်ရာအရှင်ဟူ၍အလျဉ်းမရှိချေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား မြေမှဖြစ်ထွန်းစေတော်မူခဲ့လေသည်။ (စတင်ဖန်ဆင်း တော်မူခဲ့လေသည်)။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် အသင်တို့အားထိုမြေဝယ် နေထိုင်စေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ထိုအရှင်မြတ်အထံတော်၌ ချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့သာ လှည့်ကြလေကုန်။ စင်စစ် ငါ၏အရှင်မြတ်သည်နီးကပ်တော်မူသောအရှင်၊ အကျိုး ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသည်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
59အာယာသ်

ဘာသာပြန် — ဟူဒ် 59

စူရာ ဟူဒ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ဤသည် အာဒ်အမျိုးသားများပင်။ ၎င်းတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခဲ့ကြလေသည်။ ၎င်းတို့သည် ထိုအရှင်မြတ်၏…

စူရာ အာယာသ် 59/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers