ယူစူဖ် · 21/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَقَالَ الَّذِي اشْتَرَاهُ مِن مِّصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِن تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ۝٢١
Wa qaalal lazish taraahu mim Misra limra atiheee akrimee maswaahu `asaaa any-yanfa`anaaa aw nattakhizahoo waladaa; wa kazaalika mak-kannaa li-Yoosufa fil ardi wa linu`allimahoo min taaweelil ahaadees; wallaahu ghaalibun `alaaa amrihee wa laakinna aksaran naasi laa ya`lamoon
📖 မြန်မာဘာသာ
အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းကျမ်းမြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • မဲသ္ဝါဟု (مَثْوَاهُ) — သူ၏နေထိုင်ရာနေရာ၊ သူ၏တည်းခိုရာဌာနဟု အဓိပ္ပာယ်ရသည်။
  • အာဇီးဇ် (العزيز) — မစ်သြ်ရ်နိုင်ငံ၏ ဘဏ္ဍာတော်ဝန်ကြီး၊ ဘုရင်မှလွဲ၍ အာဏာအကြီးဆုံးပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။
  • တъအ်ဝီးလုလ်အာဟာဒီးသ် (تَأْوِيلِ الْأَحَادِيثِ) — အိပ်မက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖြစ်ရပ်များ၏ နောက်ဆုံးအကျိုးဆက်ကို သိရှိခြင်းဟု ဆိုလိုသည်။
  • ဂါလိဗုန် အလာ အမ်ရိဟိ (غَالِبٌ عَلَىٰ أَمْرِهِ) — အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်ကို အောင်မြင်စေတော်မူသောအရှင်၊ မည်သူမျှ ဟန့်တားနိုင်ခြင်းမရှိသောအရှင်ဖြစ်သည်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

တမန်တော်ယူစုဖ် (အလိုင်ဟိစ်စလာမ်) ကို ကုန်သွယ်သူများသည် မစ်သြ်ရ်နိုင်ငံသို့ ခေါ်ဆောင်လာပြီးနောက် မစ်သြ်ရ်နိုင်ငံ၏ ဘဏ္ဍာတော်ဝန်ကြီးဖြစ်သော အာဇီးဇ်က သူ့ကို ဝယ်ယူခဲ့သည်။ ထို့နောက် သူသည် မိမိ၏ဇနီးအား “ဤလူငယ်ကို ဂုဏ်ပြုစွာ ဆက်ဆံပါ။ သူ့နေထိုင်ရာကို ကောင်းမွန်စွာ စီစဉ်ပေးပါ။ သူသည် ငါတို့အတွက် အကျိုးရှိလာနိုင်သည်။ သို့မဟုတ် ငါတို့သည် သူ့ကို သားအဖြစ် မွေးစားနိုင်သည်” ဟု မှာကြားခဲ့သည်။ အာဇီးဇ်သည် သားသမီးမထွန်းကားသူဖြစ်သောကြောင့် ယူစုဖ်၏ ထူးချွန်သော လက္ခဏာများကို မြင်တွေ့ရပြီး သူ့ကို သားအဖြစ် မွေးစားလိုသော ဆန္ဒရှိခဲ့သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ယူစုဖ်ကို မစ်သြ်ရ်နိုင်ငံတွင် အာဏာအာဏာပိုင်စိုးမှု ပေးသနားတော်မူခဲ့သည်။ သူ့ကို အိပ်မက်များနှင့် ဖြစ်ရပ်များ၏ နောက်ဆုံးအကျိုးဆက်များကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော အသိပညာကိုလည်း သင်ကြားပေးတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်ကို အောင်မြင်စေတော်မူသောအရှင်ဖြစ်သည်။ မည်သူမျှ ကိုယ်တော်မြတ်၏ ဆန္ဒတော်ကို ဟန့်တားနိုင်ခြင်းမရှိပါ။ သို့သော် လူအများစုသည် ဤအမှန်တရားကို မသိရှိကြပေ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည်


📜 အာယာသ် 19-23 — စူရာ ယူစူဖ်

19وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ
ထို့နောက် ခရီးသည်တစ်စုသည် (ထိုရေ တွင်းရှိရာသို့) ရောက်ရှိလာခဲ့လေသည်။ တစ်ဖန် ထိုခရီးသည်တစ်စုသည် မိမိတို့၏ရေငင်သူအား (ထိုရေတွင်းမှရေငင်ရန် စေလွှတ်ခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ထိုရေငင်သူသည် (ရေ�ွင်း၌)မိမိရေပုံးကိုချခဲ့လေသည်။ (ထို့နောက်ယူစုဖ်ကို မြင်လေသော်)ထိုရေငင်သူက (ခရီးသည်တစ်စုအား ဤသို့ ဝမ်းသာအားရစွာဟစ်အော်၍) အို-(အချင်းတို့) ဤသည် တွင် (အလွန်ချောလှသော)လုလင်ပျိုတစ်ဦး (တွေ့ရှိရပေရာ) အလွန်ဝမ်းမြောက်ဖွယ်ပင်ဖြစ်ပေသည်တကားဟု ပြောဆိုခဲ့လေသည်။ ထို့နောက်ယင်းခရီး သည်တစ်စုသည် ထိုယူဆွဖ်အား ရောင်းကုန်ဝယ်ကုန်အဖြစ် လျှို့ဝှက်စွာထားရှိခဲ့ကြလေသည်။ သို့ရာတွင်အလ္လာဟ်အရှင်မြတ်မှာမူကား ၎င်းတို့ပြုမူလျက်ရှိသည်တို့ကိုကောင်းမွန်စွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူခဲ့ပေသတည်း။
20وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
21وَقَالَ الَّذِي اشْتَرَاهُ مِن مِّصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِن تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။
22وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။
23وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَن نَّفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ထို့နောက် အကြင်မိန်းမသည် ယင်းယူဆွဖ်အား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့၍ မှူဆွယ်ခဲ့လေသည်။ ယင်းယူစုဖ်သည် ထိုမိန်းမ၏အိမ်တွင်(နေထိုင်လျက်ရှိခဲ့၏။) ၎င်းပြင် ထိုမိန်းမသည် တံခါးများကို (လုံခြုံစွာ)ပိတ်၍ (ယူဆွဖ်အား)လာပါလေ၊ (ကျွန်ုပ် အသင့်အဖို့အသင့်ရှိနေပြီ)ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့လေသည်။ (ထိုအခါ)ယင်းယူဆွဖ်က (ဤသို့)ပြောဆို(ငြင်းဆန်)ခဲ့လေသည်။ (ကျွန်ုပ်ဤပြစ်မှုကို ကျူးလွန်ခြင်းမှကင်းလွတ်ရန်) အလ္လာဟ်အရှင်မြတ်၏အကာအကွယ်ကို ယူလိုပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာပြုလုပ်ပေးသနား တော်မူခဲ့လေသည်။ ဧကန်အမှန် မတော်မတရား ကျူးလွန်သောသူတို့သည်အောင်မြင် ကြသည်မဟုတ်ပေ။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
21အာယာသ်

ဘာသာပြန် — ယူစူဖ် 21

စူရာ ယူစူဖ် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည်…

စူရာ အာယာသ် 21/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers