ယူစူဖ် · 22/111
ဘာသာပြန် အသံနိုင်ငံ — ယူစူဖ်
وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝٢٢
Wa lammaa balagha ashuddahooo aatainaahu bukmanw wa `ilmaa; wa kazaa lika najzil muhsineen
📖 မြန်မာဘာသာ
ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။

🎧 နားထောင်


📜 အာယာသ် 20-24 — ယူစူဖ်

20وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
ထို့နောက် ထိုနောင်တော်များသည် ထိုယူဆွဖ်အား အနည်းငယ်မျှသောအဖိုး ဒစ်ရ်ဟမ် ငွေဒင်္ဂါးများဖြင့်ရောင်းချခဲ့ကြလေသည်။ အမှန်မှာ မူကား ၎င်းတို့သည် ယင်းယူဆွဖ်အား မလိုလားသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
21وَقَالَ الَّذِي اشْتَرَاهُ مِن مِّصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِن تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။
22وَلَمَّا بَلَغَ أَشُدَّهُ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော် မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ကောင်းမြတ်သော သီလရှင်တို့အားဤနည်းအတိုင်းပင် အကျိုးကျေးဇူးပေးတော် မူပေသတည်း။
23وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَن نَّفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ထို့နောက် အကြင်မိန်းမသည် ယင်းယူဆွဖ်အား ၎င်း၏စိတ်သဘောနှင့်ဆန့်ကျင်ကာ ချော့မော့၍ မှူဆွယ်ခဲ့လေသည်။ ယင်းယူစုဖ်သည် ထိုမိန်းမ၏အိမ်တွင်(နေထိုင်လျက်ရှိခဲ့၏။) ၎င်းပြင် ထိုမိန်းမသည် တံခါးများကို (လုံခြုံစွာ)ပိတ်၍ (ယူဆွဖ်အား)လာပါလေ၊ (ကျွန်ုပ် အသင့်အဖို့အသင့်ရှိနေပြီ)ဟု ပြောဆို(ဖိတ်ခေါ်)ခဲ့လေသည်။ (ထိုအခါ)ယင်းယူဆွဖ်က (ဤသို့)ပြောဆို(ငြင်းဆန်)ခဲ့လေသည်။ (ကျွန်ုပ်ဤပြစ်မှုကို ကျူးလွန်ခြင်းမှကင်းလွတ်ရန်) အလ္လာဟ်အရှင်မြတ်၏အကာအကွယ်ကို ယူလိုပါသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်၏နေရာထိုင်ခင်းကို ကောင်းမွန်စွာပြုလုပ်ပေးသနား တော်မူခဲ့လေသည်။ ဧကန်အမှန် မတော်မတရား ကျူးလွန်သောသူတို့သည်အောင်မြင် ကြသည်မဟုတ်ပေ။
24وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَن رَّأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ
ထို့ပြင် မလွဲဧကန် ထိုမိန်းမသည် ယင်းယူဆွဖ်နှင့်ဆက်ဆံရန် ယတိပြတ်စိတ်ပြဋ္ဌာန်းခဲလေသည်။ အမှန်သော်ကား အကယ်၍သာ ထိုယူဆွဖ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ သက်သေလက္ခဏာတော်ကို မတွေ့မမြင်ခဲ့ရပါလျှင် ၎င်းသည် လည်း ထိုမိန်းမနှင့် ဆက်ဆံရန်ကြံရွယ်ခဲ့ပေအံ့။ ငါအရှင်မြတ်သည် (သာမည)မကောင်းမှုများကိုလည်းကောင်း၊ အလွန်စက်ဆုပ်ဖွယ်ရာဖြစ်သော အမှုကိစ္စများကိုလည်းကောင်း၊ ထိုယူစုဖ်နှင့် ကင်းဝေးစေတော်မူခြင်းငှာ၊ဤအတိုင်းပင် ပြုလုပ် တော်မူခဲ့လေသည်။ ဧကန်စင်စစ်ထိုယူဆွဖ်သည် ငါအရှင်မြတ် ရွေးချယ်ထားတော်မူသော အစေတော်များတွင် အပါအဝင် ဖြစ်ချေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — ယူစူဖ် 22

စူရာ ယူစူဖ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနောက် ယင်းယူစုဖ်သည် မိမိ ရင့်သန်သောအရွယ်သို့ ရောက်လတ်သော် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စိုးမိုးအုပ်ချုပ်မှုကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်…

စူရာ အာယာသ် 22/111 — ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူစူဖ် နားထောင်, ယူစူဖ် ဘာသာပြန်, ယူစူဖ် mp3, ယူစူဖ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers