ယူစူဖ် · 6/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأْوِيلِ الْأَحَادِيثِ وَيُتِمُّ نِعْمَتَهُ عَلَيْكَ وَعَلَىٰ آلِ يَعْقُوبَ كَمَا أَتَمَّهَا عَلَىٰ أَبَوَيْكَ مِن قَبْلُ إِبْرَاهِيمَ وَإِسْحَاقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ ۝٦
Wa kazaalika yajtabeeka rabbuka wa yu`allimuka min taaweelil ahaadeesi wa yutimmu ni`matahoo `alaika wa `alaaa Aali Ya`qooba kamaaa atammahaa `alaaa abawaika min qablu Ibraaheema wa Ishaaq; inna Rabbaka `Aleemun hakeem
📖 မြန်မာဘာသာ
၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يَجْتَبِيكَ (ယဂျ်တဗီကာ) — သင့်အား ရွေးချယ်မြှောက်စားတော်မူသည်။
  • تَأْوِيلِ الْأَحَادِيثِ (တအ်ဝီလိလ် အဟာဒီးသ်) — အိပ်မက်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အဖြစ်အပျက်များ၏ နောက်ဆုံးရလဒ်ကို ဖော်ပြခြင်း။
  • آلِ يَعْقُوبَ (အာလိ ယအ်ကူဗ်) — ယအ်ကူဗ်၏ သားစဉ်မြေးဆက်များ။
  • أَتَمَّهَا (အတမ်မာဟာ) — ထိုကျေးဇူးတော်ကို ပြည့်စုံစေခဲ့သည်။
  • عَلِيمٌ (အလီမ်) — အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသော။
  • حَكِيمٌ (ဟကီမ်) — ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(ယအ်ကူဗ်သည် သားဖြစ်သူ ယူစုဖ်အား ဤသို့ဆိုလေသည်။) အို ယူစုဖ်၊ သင်သည် ဤအိပ်မက်ကို မြင်တွေ့ခဲ့ရသကဲ့သို့ပင်၊ သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သင့်ကို ရွေးချယ်မြှောက်စားတော်မူမည်။ ထို့အပြင် လူတို့မြင်တွေ့ကြသော အိပ်မက်များ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုနိုင်သော အသိပညာကိုလည်း သင့်အား သင်ကြားပေးတော်မူမည်။ ထို့နောက် သင့်အပေါ်၌လည်းကောင်း၊ ယအ်ကူဗ်၏ သားစဉ်မြေးဆက်များအပေါ်၌လည်းကောင်း မိမိ၏ ကျေးဇူးတော်ကို ပြည့်စုံစေတော်မူမည်။ ရှေးယခင်က သင့်ဘိုးဘေးများဖြစ်ကြသော အိဗ်ရာဟီမ်နှင့် အိစ်ဟာက်တို့အပေါ်၌ ကျေးဇူးတော်ကို ပြည့်စုံစေတော်မူခဲ့သကဲ့သို့ပင် ဖြစ်သည်။ ဧကန်စင်စစ် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသော၊ ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အရှင်မြတ်သည် မိမိအလိုတော်ရှိသော ကျေးကျွန်များကို ရွေးချယ်မြှောက်စားတော်မူပြီး သူတို့အား အထူးအသိပညာများ ချီးမြှင့်ပေးသနားတော်မူသည်။ ဤအချက်က လူသားတစ်ဦးချင်းစီအတွက် မျှော်လင့်ချက်နှင့် အားထုတ်မှုကို ဖြစ်ပေါ်စေသည်။
  • အရှင်မြတ်၏ ကျေးဇူးတော်သည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဆက်လက်စီးဆင်းနိုင်သည်။ အိဗ်ရာဟီမ်၊ အိစ်ဟာက်၊ ယအ်ကူဗ်နှင့် ယူစုဖ်တို့၏ မျိုးဆက်များတွင် တွေ့မြင်ရသကဲ့သို့ပင်။ ဤအချက်သည် မိသားစုတစ်ခုလုံး အစ


📜 အာယာသ် 4-8 — စူရာ ယူစူဖ်

4إِذْ قَالَ يُوسُفُ لِأَبِيهِ يَا أَبَتِ إِنِّي رَأَيْتُ أَحَدَ عَشَرَ كَوْكَبًا وَالشَّمْسَ وَالْقَمَرَ رَأَيْتُهُمْ لِي سَاجِدِينَ
(ပြန်လည်သတိရပါလေ) တစ်ရံရောအခါဝယ်(နဗီတမန်တော်)ယူဆွဖ်သည် မိမိဖခမည်းတော်(နဗီတမန်တော်ယအ်ကူဗ်)အား (ဤသို့)ပြောဆိုလျှောက်ထားခဲ့လေသည်။အို-ခမည်းတော်၊ ဧကန်စင်စစ် အကျွန်ုပ်သည်(အိမ်မက်တွင်)ကြယ် တာရာ(ဂြိုလ်နက္ခတ်)ဆယ့်တစ်လုံးကိုလည်းကောင်း၊ သူရိယနေကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း၊ မိမိအားစစ်(ဂျ်)ဒဟ်ပျဝပ်ဦးချလျက် ရှိကြသည်ကို တွေ့မြင်ခဲ့ရပါသတည်း။
5قَالَ يَا بُنَيَّ لَا تَقْصُصْ رُؤْيَاكَ عَلَىٰ إِخْوَتِكَ فَيَكِيدُوا لَكَ كَيْدًا ۖ إِنَّ الشَّيْطَانَ لِلْإِنسَانِ عَدُوٌّ مُّبِينٌ
(ထိုအခါ ခမည်းတော် နဗီတမန်တော်ယအ်ကူဗ်က ဤသို့)ပြန်ကြားခဲ့လေ၏။ အို-ချစ်သား၊ အသင်သည်မိမိအိပ်မက်ကို မိမိညီနောင်များရှေ့တွင် ပြော၍မပြလေနှင့်။သို့ပြောပြခဲ့ပါလျှင် ၎င်းတို့သည် အသင်နှင့်ဆန့်ကျင်၍ အကြံအစည်တစ်ခုခုကို လျှို့ဝှက်ကြံစည်ကြပေလိမ့်မည်။ ဧကန်မလွဲရှိုင်တွာန်မိစ္ဆာ ကောင်သည်ကား လူတို့၏ အလွန်ထင်ရှားသောရန်သူပင် ဖြစ်ချေသတည်း။
6وَكَذَٰلِكَ يَجْتَبِيكَ رَبُّكَ وَيُعَلِّمُكَ مِن تَأْوِيلِ الْأَحَادِيثِ وَيُتِمُّ نِعْمَتَهُ عَلَيْكَ وَعَلَىٰ آلِ يَعْقُوبَ كَمَا أَتَمَّهَا عَلَىٰ أَبَوَيْكَ مِن قَبْلُ إِبْرَاهِيمَ وَإِسْحَاقَ ۚ إِنَّ رَبَّكَ عَلِيمٌ حَكِيمٌ
၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိကျေးဇူးတော်ကို ယခင် အသင်၏ဘိုးတော်၊ ဘေးတော်များဖြစ်သော (နဗီတမန်တော်)အစ်ဗ်ရာဟီမ်အားလည်းကောင်း၊ (နဗီတမန်တော်)အစ္စဟာက်အားလည်းကောင်း၊ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူဘိ သကဲ့သို့ပင်အသင့်အားလည်းကောင်း၊ ယအ်ကူဗ်၏ သားသမီးများအားလည်းကောင်း၊ ထိုကျေးဇူးတော်ကို အပြည့်အစုံချီးမြှင့်ပေး သနားတော်မူအံ့။ ဧကန်အမှန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
7۞ لَّقَدْ كَانَ فِي يُوسُفَ وَإِخْوَتِهِ آيَاتٌ لِّلسَّائِلِينَ
ဧကန်မလွဲ (နဗီတမန်တော်)ယူဆွဖ်နှင့် ထို (နဗီတမန်တော်)ယူဆွဖ်၏နောင်တော်တို့(၏အကြောင်း အတ္ထုပ္ပတ္တိ)တွင်(အမှန်တရားနှင့် ဉာဏ်ပညာကိုလိုလား၍ ရှာဖွေစူးစမ်း)မေးမြန်းသူတို့အဖို့(များစွာသော) သက်သေလက္ခဏာရပ်များရှိချေသတည်း။
8إِذْ قَالُوا لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِي ضَلَالٍ مُّبِينٍ
တစ်ရံရောအခါ ထိုနောင်တော်များက ငါတို့သည် (အားအင်တောင့်တင်းသော) အုပ်စုကြီးတစ်ခုဖြစ်ပါလျက်ယူဆွဖ်နှင့် ၎င်း၏ညီသည် ငါတို့၏ဖခင်ကြီးထံ၌ ငါတို့ထက်ပင်ပိုမို၍ ချစ်ခင်ယုယခြင်း ခံနေကြရသည်။ ဧကန်မုချ ငါတို့၏ခမည်းတော်သည် ထင်ရှားစွာသော အထင်အရှား လွဲမှားနေချေပြီဟု အချင်းချင်း ပြောဆိုကြလေသည်။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
6အာယာသ်

ဘာသာပြန် — ယူစူဖ် 6

စူရာ ယူစူဖ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ဤသို့အားဖြင့် (ထိုကဲ့သို့ပင်) အသင့်အား အသင်၏အရှင်မြတ်သည် (နဗီတမန်တော်အဖြစ်ချီးမြှောက်ရန်)ရွေးချယ်တော်မူအံ့။ ၎င်းပြင် ထိုအရှင်မြတ်သည်အသင့်အား အိပ်မက်ဒိဗ်ဓုမ်ကို သင်ကြားပို့ချတော်မူအံ့။…

စူရာ အာယာသ် 6/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers