အီဗ်ရာဟီမ် · 33/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَسَخَّرَ لَكُمُ الشَّمْسَ وَالْقَمَرَ دَائِبَيْنِ ۖ وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ ۝٣٣
Wa sakhkhara lakumush shamsa walqamara daaa`ibaini wa sakhkhara lakumul laila wannahaar
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ
  • وَسَخَّرَ: လိုက်နာစေခဲ့သည်၊ ထိန်းချုပ်စေခဲ့သည်၊ အမိန့်နာခံစေခဲ့သည်။
  • دَائِبَيْنِ: အဆက်မပြတ် လှုပ်ရှားသွားလာနေသော၊ မရပ်မနား လည်ပတ်နေသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် နေနှင့်လကို သင်တို့အတွက် အကျိုးခံစားနိုင်ရန် ထိန်းချုပ်စေတော်မူခဲ့သည်။ ယင်းတို့နှစ်ခုသည် အဆက်မပြတ် လည်ပတ်လှုပ်ရှားနေကြသည်၊ ရပ်တန့်ခြင်းမရှိဘဲ တိကျသော စနစ်ဖြင့် သွားလာနေကြသည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် ညနှင့်နေ့ကိုလည်း သင်တို့အတွက် ထိန်းချုပ်စေတော်မူခဲ့သည်။ ညသည် အနားယူအိပ်စက်ရန်နှင့် စိတ်လက်ပေါ့ပါးရန်အတွက်ဖြစ်ပြီး၊ နေ့သည် အလုပ်အကိုင်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းရန်၊ ကြိုးစားလှုပ်ရှားရန်အတွက်ဖြစ်သည်။ ညနှင့်နေ့သည် အလှည့်ကျအလှည့်ကျ ဖြစ်ပေါ်လာကြပြီး အချိန်အတိုးအလျှော့၊ အလင်းရောင်နှင့်အမှောင်ထု၊ လှုပ်ရှားမှုနှင့်ငြိမ်သက်မှုတို့ဖြင့် လူသားတို့၏ဘဝလည်ပတ်မှုကို အထောက်အကူပြုနေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် ကြီးမားသော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူကြောင်း သိရှိစေသည်။ နေနှင့်လ၊ ညနှင့်နေ့တို့ကို လူသားတို့၏အကျိုးအတွက် အမိန့်နာခံစေတော်မူခဲ့သည်။
  • စကြဝဠာအတွင်းရှိ နေနှင့်လ၏ တိကျသောလည်ပတ်မှုစနစ်သည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ထင်ရှားစေသည်။
  • ညနှင့်နေ့၏ အလှည့်ကျဖြစ်ပေါ်မှုသည် လူသားတို့အတွက် အနားယူမှုနှင့် လုပ်ဆောင်မှုကို မျှတစွာ ရရှိစေသည့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ဖြစ်သည်။
  • ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ထိုက်ကြောင်း၊ ကျေးဇူးတော်ကို သတိရပြီး ချီးမွမ်းထိုက်ကြောင်း သွန်သင်ပေးသည်။
  • အစ္စလာမ်နှင့် ကုရ်အာန်သည် လူသားတို့၏ဘဝကို လွယ်ကူချောမွေ့စေရန် လမ်းညွှန်ချက်များ ပေးအပ်ထားကြောင်း နားလည်စေပြီး၊ ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်းသည် စိတ်နှလုံးကို ငြိမ်းချမ်းစေသည်။


📜 အာယာသ် 31-35 — စူရာ အီဗ်ရာဟီမ်

31قُل لِّعِبَادِيَ الَّذِينَ آمَنُوا يُقِيمُوا الصَّلَاةَ وَيُنفِقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا بَيْعٌ فِيهِ وَلَا خِلَالٌ
(အို- နဗီတမန်တော်) အသင်သည် သက်ဝင်ယုံကြည်ကြကုန်သော ငါအရှင်မြတ်၏ကျွန်များအား ထိုသူတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်။ ထို့ပြင် ငါအရှင်မြတ်က ထိုသူတို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် ဥစ္စာပစ္စည်းများအနက်မှ အကြင်နေ့ မဆိုက်ရောက်မီ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ရှားစွာလည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြရမည်ဟု ပြောကြားပါလေ။ ထိုနေ့တွင် ကုန်သွယ်မှုသည်လည်းရှိလိမ့်မည်မဟုတ်ပေ။ မိတ်ဖွဲ့ရင်းနှီး ကျွမ်းဝင်မှုဟူ၍လည်းရှိလိမ့်မည်မဟုတ်ပေ။
32اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَّكُمْ ۖ وَسَخَّرَ لَكُمُ الْفُلْكَ لِتَجْرِيَ فِي الْبَحْرِ بِأَمْرِهِ ۖ وَسَخَّرَ لَكُمُ الْأَنْهَارَ
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့လေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုရေဖြင့် အသင်တို့အဖို့ သစ်သီးဝလံများကို ရိက္ခာအဖြစ်ထွက်စေတော် မူခဲ့လေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ရွက်သင်္ဘောများကို၊ထိုရွက်သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့်ပင်လယ်သမုဒ္ဒရာ၌သွားလာအံ့သောငှာ၊ အသင်တို့၏အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ၊ မြစ်ချောင်းများကိုလည်း နိုင်နှင်းစေတော်မူခဲ့၏။
33وَسَخَّرَ لَكُمُ الشَّمْسَ وَالْقَمَرَ دَائِبَيْنِ ۖ وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ
၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။
34وَآتَاكُم مِّن كُلِّ مَا سَأَلْتُمُوهُ ۚ وَإِن تَعُدُّوا نِعْمَتَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ الْإِنسَانَ لَظَلُومٌ كَفَّارٌ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အားထိုအရှင်မြတ်အထံတော်၌ အသင်တို့ အသနားခံခဲ့ကြသည့်အရာအလုံးစုံတို့အနက်မှလည်း ချီးမြှင့်ပေးသ နားတော်မူခဲ့ပေသည်။ စင်စစ်သော်ကား အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် (များ)ကို ရေတွက်ကြသည်ရှိသော်အသင်တို့သည် ယင်းကျေးဇူးတော်(များ)ကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ မလွဲဧကန် မနုဿလူသား(တို့)သည် အမှန်ပင် အလွန်မတရားသောသူ(များ)အလွန်ကျေးဇူးကန်းသူ(များ)ပင် ဖြစ်(ကြ)ပေသတည်း။
35وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَن نَّعْبُدَ الْأَصْنَامَ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 33

စူရာ အီဗ်ရာဟီမ် အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ…

စူရာ အာယာသ် 33/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers