အီဗ်ရာဟီမ် · 6/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ أَنجَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ وَيُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ ۝٦
Wa iz qaala Moosaa liqawmihiz kuroo ni`matal laahi `alaikum iz anjaakum min Aali Fir`awna yasoomoo nakum sooo`al `azaabi wa yuzabbihoona abnaaa`akum wa yastahyoona nisaaa`akum; wa fee zaalikum balaaa`um mir Rabbikum `azeem
📖 မြန်မာဘာသာ
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရကြလေကုန်။ အကြင်အခါဝယ် ထိုအရှင်မြတ်သည် အသင်တို့အားဖိရ်အောင်(န်)၏ အခြွေအရံတို့၏ (ဘေးအန္တရာယ်များ)မှကယ်ဆယ်တော် မူခဲ့လေသည်။ ယင်း ဖိရ်အောင်(န်)၏ အခြွေအရံတို့သည် အသင်တို့၌ ပြင်းထန်လှစွာသော ဘေးအန္တရာယ်များကို သက်ရောက်စေလျက်ရှိခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်အသင်တို့၏ သားယောက်ျားကလေးများကိုသတ်ဖြတ်၍၊အသင်တို့၏ (သမီး) မိန်းကလေးများကိုမူကား အသက်နှင့် ထားလေ့ရှိခဲ့ကြကုန်၏။ အမှန်သော်ကား ထိုတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှုသည် ရှိခဲ့ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ
  • اذْكُرُوا (ဇိက်ရူ) — သတိရကြလော့၊ အမှတ်ရကြလော့။
  • نِعْمَةَ اللَّهِ (နိအ်မသွလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်။
  • أَنجَاكُم (အန်ဂျာကွမ်) — သင်တို့ကို ကယ်တင်ခဲ့သည်။
  • آلِ فِرْعَوْنَ (အာလိ ဖိရ်အောင်န်) — ဖိရ်အောင်န်နှင့် သူ၏နောက်လိုက်အုပ်စု။
  • يَسُومُونَكُمْ (ယဆူမူနကွမ်) — သူတို့သည် သင်တို့အား မြည်းစမ်းစေကြသည်၊ ခံစားစေကြသည်။
  • سُوءَ الْعَذَابِ (ဆူအလ် အဇာဗ်) — အဆိုးဆုံးသော ပြစ်ဒဏ်၊ အပြင်းထန်ဆုံးသော ညှဉ်းပန်းမှု။
  • وَيُذَبِّحُونَ (ဝယုဇဗ်ဗိဟူန) — သူတို့သည် သတ်ဖြတ်ကြသည်။
  • أَبْنَاءَكُمْ (အဗ်နာအကွမ်) — သင်တို့၏ သားများ။
  • وَيَسْتَحْيُونَ (ဝယက်စ်သဟ်ယူန) — သူတို့သည် အသက်ရှင်စေကြသည်၊ ရှင်သန်စေကြသည်။
  • نِسَاءَكُمْ (နိဆာအကွမ်) — သင်တို့၏ အမျိုးသမီးများ။
  • بَلَاءٌ (ဗလာအွန်) — စမ်းသပ်မှု၊ ဒုက္ခအခက်အခဲ။
  • عَظِيمٌ (အဇီမွန်) — ကြီးမားသော။

  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို—တမန်တော်မုဟမ္မဒ်) သင်သည် မိမိလူမျိုးတို့အား မူဆာ၏ အဖြစ်အပျက်ကို ပြန်လည်ပြောပြလော့။ အခါတစ်ပါး၌ မူဆာသည် မိမိလူမျိုးဖြစ်သော အစ္စရာအီလ်သားတို့အား ဤသို့ဆိုခဲ့သည်။ “အို—ငါ၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို သတိရကြလော့။ အထူးသဖြင့် ဖိရ်အောင်န်နှင့် သူ၏နောက်လိုက်အုပ်စုတို့၏ လက်မှ သင်တို့ကို ကယ်တင်တော်မူခဲ့သည့်အချိန်ကို သတိရကြလော့။ ထိုသူတို့သည် သင်တို့အား အပြင်းထန်ဆုံး၊ အဆိုးဆုံးသော ပြစ်ဒဏ်များကို မြည်းစမ်းစေခဲ့ကြသည်။ သင်တို့၏ သားယောက်ျားကလေးများကို သတ်ဖြတ်ကြပြီး၊ သင်တို့၏ အမျိုးသမီးများကို အသက်ရှင်စေကာ အရှက်ရစေရန်၊ နှိမ့်ချရန် ထားရှိကြသည်။ ထိုအခြင်းအရာများတွင် သင်တို့၏ အရှင်သခင်ထံမှ ကြီးမားသော စမ်းသပ်မှုတစ်ရပ် ရှိပေသည်။”

ရှင်းလင်းချက် — ဖိရ်အောင်န်သည် အစ္စရာအီလ်သားတို့အား အလွန်ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ သူသည် မိမိ၏ အာဏာစက်ကို လုယူမည့်သူ ပေါ်ပေါက်လာမည်ကို စိုးရိမ်သောကြောင့် ယောက်ျားကလေးများကို မွေးစားချိန်တွင် သတ်ဖြတ်စေပြီး၊ အမျိုးသမီးများကို အသက်ရှင်စ



📜 အာယာသ် 4-8 — စူရာ အီဗ်ရာဟီမ်

4وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوْمِهِ لِيُبَيِّنَ لَهُمْ ۖ فَيُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
စင်စစ်တစ်မူကား ငါအရှင်မြတ်သည် ရစူလ်တမန်တော်တိုင်းကို ယင်း ရစူလ်တမန်တော်၏ အမျိုးသားတို့(ပြောဆိုသုံးစွဲသော)ဘာသာစကားနှင့်သာ ၎င်းတို့အား ယင်းရစူလ်တမန်တော်က (ငါအရှင်မြတ်၏အမိန့်ပညတ်တော်များကို)ထင်ရှား စွာ ထုတ်ဖော်ပြောဆို ရှင်းလင်းပြနိုင်ခြင်းငှာ စေလွှတ်တော်မူခဲ့ပေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ထားရှိတော် မူလေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ပြတော်မူပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ် သည်သာလျှင် တန်ခိုးအာနုဘော်နှင့်လွှမ်းမိုးတော် မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
5وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا أَنْ أَخْرِجْ قَوْمَكَ مِنَ الظُّلُمَاتِ إِلَى النُّورِ وَذَكِّرْهُم بِأَيَّامِ اللَّهِ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّكُلِّ صَبَّارٍ شَكُورٍ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် (နဗီတမန်တော်)မူစာအား မိမိသက်သေလက္ခဏာတော် များနှင့်တကွ စေလွှတ်တော်မူ(၍ ဤသို့ အမိန့်တော် ထုတ်ပြန်တော်မူ)ခဲ့၏။ အသင်သည် မိမိအမျိုးသားတို့ကို အမှောင်ထုမှအလင်းသို့ ထုတ်ဆောင်ပါလေ။ ထိုမှတစ်ပါး အသင်သည်ယင်းအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ် ကျေးဇူးတော်မူများကိုပြန်လည်၍ သတိရစေပါလေ။ ဧကန်မလွဲ ယင်းကျေးဇူးတော်များတွင် အလွန်ခန္တီတရားထားရှိသူတိုင်း၊ အလွန်ကျေးဇူးတော်ကို သိတတ်သူတိုင်းအဖို့ သက်သေလက္ခဏာများသည်ရှိကုန်သတည်း။
6وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ أَنجَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ وَيُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ
၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရကြလေကုန်။ အကြင်အခါဝယ် ထိုအရှင်မြတ်သည် အသင်တို့အားဖိရ်အောင်(န်)၏ အခြွေအရံတို့၏ (ဘေးအန္တရာယ်များ)မှကယ်ဆယ်တော် မူခဲ့လေသည်။ ယင်း ဖိရ်အောင်(န်)၏ အခြွေအရံတို့သည် အသင်တို့၌ ပြင်းထန်လှစွာသော ဘေးအန္တရာယ်များကို သက်ရောက်စေလျက်ရှိခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်အသင်တို့၏ သားယောက်ျားကလေးများကိုသတ်ဖြတ်၍၊အသင်တို့၏ (သမီး) မိန်းကလေးများကိုမူကား အသက်နှင့် ထားလေ့ရှိခဲ့ကြကုန်၏။ အမှန်သော်ကား ထိုတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကြီးကျယ်လှစွာသောစမ်းသပ်မှုသည် ရှိခဲ့ချေသတည်း။
7وَإِذْ تَأَذَّنَ رَبُّكُمْ لَئِن شَكَرْتُمْ لَأَزِيدَنَّكُمْ ۖ وَلَئِن كَفَرْتُمْ إِنَّ عَذَابِي لَشَدِيدٌ
ထိုမှတစ်ပါး (ပြန်လည်၍သတိရကြလေကုန်၊)အကြင်အခါဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် (အသင်တို့အား)အကယ်၍ အသင်တို့သည်ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား တိုး၍ချီးမြှင့် ပေးသနားတော်မူမည်ဖြစ်ကြောင်း။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ကျေးဇူးကန်းခဲ့ကြသည် ရှိသော်၊ ဧကန်မလွဲ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် ပြင်းထန်လှကြောင်း၊ သိစေတော်မူလေသတည်း။
8وَقَالَ مُوسَىٰ إِن تَكْفُرُوا أَنتُمْ وَمَن فِي الْأَرْضِ جَمِيعًا فَإِنَّ اللَّهَ لَغَنِيٌّ حَمِيدٌ
ထို့ပြင် (နဗီတမန်တော်)မူစာသည်(မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အကယ်၍ အသင်တို့နှင့်တကွ ကမ္ဘာမြေဝယ် ရှိသမျှသော သူခပ်သိမ်းတို့သည် ကျေးဇူးကန်းကြပါသော်လည်း၊(ထိုအရှင်မြတ်၌ တစ်စုံတစ်ရာကျိုးယုတ်မှု အလျှင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော်)ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
6အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 6

စူရာ အီဗ်ရာဟီမ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား(ဤသို့)ပြောကြားခဲ့လေသည်။ (အချင်းတို့)အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို…

စူရာ အာယာသ် 6/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers