အန်-နဟ်လ် · 63/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ ۝٦٣
Tallaahi laqad arsalnaaa ilaaa umamim min qablika fazayyana lahumush Shaitaanu a`maalahum fahuwa waliyyuhumul yawma wa lahum `azaabun aleem
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ အန်-နဟ်လ်

61وَلَوْ يُؤَاخِذُ اللَّهُ النَّاسَ بِظُلْمِهِم مَّا تَرَكَ عَلَيْهَا مِن دَابَّةٍ وَلَٰكِن يُؤَخِّرُهُمْ إِلَىٰ أَجَلٍ مُّسَمًّى ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ
စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အာ်း့၎င်းတို့၏ မတရားမှုကြောင့် (ရုတ်တရက်ချက်ချင်း)ဖမ်းဆီးကွပ်မျက်တော်မူပါလျှင်(ဤပထဝီမြေ)ပေါ်ဝယ် သွားလာလှုပ်ရှားသော သတ္တဝါတစ်စုံတစ်ခုကိုမျှ ချန်ထားတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည်၎င်းတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရွှေ့ဆိုင်းတော်မူလေသည်။ တစ်ဖန် ၎င်းတို့၏အချိန်ကာလသည် ဆိုက်ရောက်လာသောအခါ၊ ၎င်းတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ရှေ့သို့တိုးနိုင်ကြမည်လည်း မဟုတ်ပါပေတကား။
62وَيَجْعَلُونَ لِلَّهِ مَا يَكْرَهُونَ وَتَصِفُ أَلْسِنَتُهُمُ الْكَذِبَ أَنَّ لَهُمُ الْحُسْنَىٰ ۖ لَا جَرَمَ أَنَّ لَهُمُ النَّارَ وَأَنَّهُم مُّفْرَطُونَ
ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့ စက်ဆုပ်ကြကုန်သောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု ယိုးစွပ်ကြပေသည်။ သို့ပါလျက် ၎င်းတို့၏နှုတ်(လျှာ)များသည် ဧကန်စင်စစ် ၎င်းတို့အဖို့ ကောင်းကျိုးချမ်းသာရှိသည်ဟူ၍ပင်မုသားပြောဆိုကြသေးသည်။ မချွတ်မလွဲ ၎င်းတို့အဖို့ ငရဲမီးသည်(အဆင်သင့်)ရှိပေသည်။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့သည်(ယင်းငရဲမီးထဲသို့)ရှေးဦးစွာပို့ဆောင်ခြင်း ခံကြရမည့်သူများပင် ဖြစ်ကုန်သတည်း။
63تَاللَّهِ لَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَهُوَ وَلِيُّهُمُ الْيَوْمَ وَلَهُمْ عَذَابٌ أَلِيمٌ
အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း လှပတင့်တယ်အောင် ပြုလုပ်ခဲ့လေသည်။သို့ဖြစ်ပေရာ ယင်းရှိုင်တွာန်မိစ္ဆာကောင်သည် ယနေ့လည်း၎င်းတို့၏ အဆွေခင်ပွန်းပင် ဖြစ်ပေသည်။ ထိုမှတစ်ပါး ၎င်းတို့၌ ပြင်းပြနာကျင်ဖွယ် ပြစ်ဒဏ်ရှိချေသည်။
64وَمَا أَنزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။
65وَاللَّهُ أَنزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَسْمَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်မှရေကို ချပေးသနားတော်မူလေသည်။ တစ်ဖန်ထိုအရှင်မြတ်သည် ထိုရေဖြင့် သေပြီးသောမြေကို ရှင်စေတော်မူလေသည်။ ဧကန်စင်စစ် ဤသည် ၌ ကြားနာကြကုန် သောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 63

စူရာ အန်-နဟ်လ် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်၏အလျင် အုပ်စုအသီးသီးထံသို့(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ သို့ရာတွင်ရှိုင်တွာန်မိစ္ဆာကောင်သည် ၎င်းတို့၏ပြုကျင့်မှုများကို ၎င်းတို့၏အမြင်တွင်လည်း…

စူရာ အာယာသ် 63/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers