အလ်-ကဟ်ဖ် · 105/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
أُولَٰئِكَ الَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ وَلِقَائِهِ فَحَبِطَتْ أَعْمَالُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ الْقِيَامَةِ وَزْنًا ۝١٠٥
Ulaaa`ikal lazeena kafaroo bi aayaati Rabbihim wa liqaaa`ihee fahabitat a`maaluhum falaa nuqeemu lahum Yawmal Qiyaamati waznaa
📖 မြန်မာဘာသာ
ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏ အကျင့်အမူများမှာ အချည်းနှီးပင်ဖြစ်ခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်လည်း ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မည်သည့်အလေးချိန်ကိုမျှပင် ၎င်းတို့အဖို့ သတ်မှတ်၍ ပေးတော်မူမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • كَفَرُوا (ကာဖရူ): ငြင်းပယ်ခဲ့ကြသည်။
  • بِآيَاتِ رَبِّهِمْ (ဗိအာယာတိ ရဗ္ဗိဟိမ်): သူတို့၏အရှင်သခင်ထံတော်မှ လက္ခဏာတော်များ၊ သက်သေလက္ခဏာများ။
  • وَلِقَائِهِ (ဝလိကာအိဟိ): သူနှင့်တွေ့ဆုံခြင်း (တမလွန်ဘဝတွင် ရှင်ပြန်ထမြောက်ခြင်းနှင့် အရှင်သခင်နှင့် တွေ့ဆုံရမည်ကို ဆိုလိုသည်)။
  • فَحَبِطَتْ (ဖဟဗိတွသ်): ထို့ကြောင့် အကျိုးမဲ့ဖြစ်သွားသည်၊ အလဟဿဖြစ်သွားသည်။
  • أَعْمَالُهُمْ (အъမာလုဟုမ်): သူတို့၏လုပ်ရပ်များ။
  • نُقِيمُ (နုကီမု): ငါတို့တည်စေမည်၊ သတ်မှတ်ပေးမည်။
  • وَزْنًا (ဝဇ်နန်): အလေးချိန်၊ တန်ဖိုး၊ အရေးပါမှု။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ထိုသူများသည် မိမိတို့၏အရှင်သခင်ထံတော်မှ လက္ခဏာတော်များကို ငြင်းပယ်ခဲ့ကြသူများဖြစ်သည်။ ထိုလက္ခဏာတော်များသည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်းကို ညွှန်ပြသော သက်သေလက္ခဏာများဖြစ်သည်။ ထို့ပြင် သူတို့သည် အရှင်မြတ်နှင့် တွေ့ဆုံရမည့်နေ့ကိုလည်း ငြင်းပယ်ခဲ့ကြသည်။ ဆိုလိုသည်မှာ ရှင်ပြန်ထမြောက်ခြင်းနှင့် တမလွန်ဘဝကို မယုံကြည်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ငြင်းပယ်မှုကြောင့် သူတို့၏လုပ်ရပ်များသည် အကျိုးမဲ့ဖြစ်သွားခဲ့သည်။ သူတို့သည် ကောင်းမှုများပြုလုပ်ခဲ့ကြသော်လည်း ကုဖ်ရ်ငြင်းပယ်မှုနှင့် ရောနှောနေသောကြောင့် မည်သည့်အကျိုးအမြတ်မျှ ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် မည်သည့်တန်ဖိုးအလေးချိန်ကိုမျှ သတ်မှတ်ပေးတော်မူမည်မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့သည် အရှင်မြတ်ထံတော်တွင် မည်သည့်ဂုဏ်သတင်းနှင့် တန်ဖိုးမျှ ရှိမည်မဟုတ်ဘဲ ဂုဏ်အသရေယုတ်ညံ့ခြင်းကို ခံရမည်ဖြစ်သည်။

  1. သင်ခန်းစာနှင့် အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်၏ လက္ခဏာတော်များနှင့် တမလွန်ဘဝကို ယုံကြည်ခြင်းသည် မည်သည့်ကောင်းမှုကိုမဆို အကျိုးရှိစေသော အခြေခံအုတ်မြစ်ဖြစ်သည်။ ဤအခြေခံမရှိလျှင် လုပ်ရပ်အားလုံး အလဟဿဖြစ်သွားမည်ဖြစ်သည်။
  • အစ္စလာမ်သည် လူသားတို့အား ဤလောကီဘဝတွင်သာမက တမလွန်ဘဝအတွက်ပါ ပြင်ဆင်ရန် သွန်သင်ပေးသည်။ ထို့ကြောင့် ယုံကြည်ခြင်းနှင့် ကောင်းမှုများကို


📜 အာယာသ် 103-107 — စူရာ အလ်-ကဟ်ဖ်

103قُلْ هَلْ نُنَبِّئُكُم بِالْأَخْسَرِينَ أَعْمَالًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားအချင်းတို့၊) ငါသည် အသင်တို့အား အကျင့်အမူအားဖြင့် လုံးဝဆုံးရှုံးသောသူတို့နှင့်ပတ်သက်၍ အသင်တို့အား အသိပေးရမည်လောဟု ပြောကြားပါလော။
104الَّذِينَ ضَلَّ سَعْيُهُمْ فِي الْحَيَاةِ الدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا
(ထိုသူကား) အကြင်သူများပင်တည်း။ [၎င်းတို့၏(ကောင်းမှုကုသိုလ်များနှင့်စပ်လျဉ်းသော)ကြိုးပမ်းဆောင်ရွက်မှုသည် လောကီဘဝ၌ပင် အချည်းနှီးဖြစ်ခဲ့ရလေပြီ၊] [(တစ်နည်း) ၎င်းတို့၏ လောကီဘဝနှင့်စပ်လျဉ်းသော ကြိုးပမ်းဆောင်ရွက်မှုသည် အချည်းနှီးပင် ဖြစ်ခဲ့လေပြီ၊] [(တစ်နည်း)၎င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုသည် လောကီရေး၌ပင် ပျက်ပြုန်းခဲ့ရချေပြီ၊] သို့ပါလျှက် ၎င်းတို့သည် ဧကန်အမှန် မိမိတို့မှာကောင်းမြတ်သောအပြုအမူများ ကိုပင် ပြုလုပ်နေကြသည်ဟုထင်မှတ်ကြ၏။
105أُولَٰئِكَ الَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ وَلِقَائِهِ فَحَبِطَتْ أَعْمَالُهُمْ فَلَا نُقِيمُ لَهُمْ يَوْمَ الْقِيَامَةِ وَزْنًا
ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏ အကျင့်အမူများမှာ အချည်းနှီးပင်ဖြစ်ခဲ့ကြပေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည်လည်း ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မည်သည့်အလေးချိန်ကိုမျှပင် ၎င်းတို့အဖို့ သတ်မှတ်၍ ပေးတော်မူမည်မဟုတ်ပေ။
106ذَٰلِكَ جَزَاؤُهُمْ جَهَنَّمُ بِمَا كَفَرُوا وَاتَّخَذُوا آيَاتِي وَرُسُلِي هُزُوًا
ဤသည် (ဝါ) ဂျဟန္နမ်ငရဲဘုံသည်ပင် ၎င်းတို့၏အကျိုးတည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ကား သွေဖည်ငြင်းပယ်ခဲ့ကြသည့်ပြင် ငါအရှင်မြတ် ၏သက်သေလက္ခဏာများကိုလည်းကောင်း၊ ငါအရှင် မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ ပြက်ရယ်ဖွယ်ရာများလည်း ပြုလုပ်ခဲ့ကြသောကြောင့်ပင်။
107إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ كَانَتْ لَهُمْ جَنَّاتُ الْفِرْدَوْسِ نُزُلًا
ဧကန်မလွဲ အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ ထိုသူတို့အဖို့ ဖစ်ရ်ဒေါက်စ်တည်း ဟူသောဥယျာဉ်သည် ဧည့်ခံရာဌာနအဖြစ် (အဆင်သင့်) ရှိကြပေသတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
105အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 105

စူရာ အလ်-ကဟ်ဖ် အာယာသ် 105 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများပင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်း ကောင်း၊ ငြင်းပယ်ခဲ့ကြလေသည်။သို့ဖြစ်ပေရာ ၎င်းတို့၏…

စူရာ အာယာသ် 105/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 103–107. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers