အလ်-ဗကရ · 121/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَن يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ ۝١٢١
Allazeena aatainaahumul Kitaaba yatloonahoo haqqa tilaawatiheee ulaaa`ika yu`minoona bi; wa mai yakfur bihee fa ulaaa`ika humul khaasiroon
📖 မြန်မာဘာသာ
အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် ရွတ်ဘတ်ကြ၍ လိုက်နာကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် ကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများ ဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်သော သူများပင်ဖြစ်အံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 119-123 — စူရာ အလ်-ဗကရ

119إِنَّا أَرْسَلْنَاكَ بِالْحَقِّ بَشِيرًا وَنَذِيرًا ۖ وَلَا تُسْأَلُ عَنْ أَصْحَابِ الْجَحِيمِ
(အလ္လာဟ် အရှင်မြတ်အဘို့မှာ ထိုအသိတရားကင်းမဲ့သူများနှင့် တိုက်ရိုက်စကားပြောရန်လည်းမလို၊ ယင်းသူတို့ထံ အထူးတလည် သက်သေလက္ခဏာများ ပို့ချရန်လည်း အကြောင်းမရှိ၊ အဘယ်ကြောင့်နည်းဟူမူ) ဧကန်အမှန် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်)အား (ခပ်သိမ်းကုန်သောသတ္တဝါတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးရန်) မှန်ကန်သော တရားတော် နှင့်(ယုံကြည်လိုက်နာသူတို့ကို အကျိုးဆုလာဘ်များ ရရှိမည့် အကြောင်း) ဝမ်းမြောက်ဘွယ်ရာသော မင်္ဂလာသတင်း ပြောကြားသူအဖြစ်လည်းကောင်း၊ (မယုံမကြည် သွေဖည်ငြင်းဆန်သူတို့အား ပြစ်ဒဏ်များခံ စားရမည့်အကြောင်းကို) သတိပေး နှိုးဆော်သူ အဖြစ်လည်းကောင်း၊ စေလွှတ်တော်မူလေသတည်း။ သို့သော် (မိမိတို့ ကံကြမ္မာအားဖြင့် ငရဲလား ကြကုန်သော) ငရဲသားများ နှင့်ပတ်သက်၍ အသင်သည် (မည်သို့မျှပင် အပြစ်တင်) စောကြောစစ်ဆေး မေးမြန်ခြင်းကို ခံရမည်မဟုတ်ပေ။
120وَلَن تَرْضَىٰ عَنكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُم بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှ နှစ်သိမ့်ကျေနပ်ကြမည် မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်) ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံတော်မှ) အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရား ရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသော အလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊ (ထိုသို့သောအခါဝယ်) မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အား စောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေးစောင်မမည့်သူ ဟူ၍ လည်းကောင်း၊ ရှိမည်မဟုတ်ပေ။
121الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَن يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် ရွတ်ဘတ်ကြ၍ လိုက်နာကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် ကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများ ဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်သော သူများပင်ဖြစ်အံ့။
122يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
123وَاتَّقُوا يَوْمًا لَّا تَجْزِي نَفْسٌ عَن نَّفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنفَعُهَا شَفَاعَةٌ وَلَا هُمْ يُنصَرُونَ
ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
121အာယာသ်

ဘာသာပြန် — အလ်-ဗကရ 121

စူရာ အလ်-ဗကရ အာယာသ် 121 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ…

စူရာ အာယာသ် 121/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 119–123. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers