يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ ١٢٢
🔤 Transliteration
Yaa Baneee Israaa`eelaz-kuroo ni`matiyal lateee an`amtu `alaikum wa annee faddaltukum `alal `aalameen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အရှင်သခင်၏ မိန့်တော်မူချက်တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
ယာ ဗနီ အစ္စရာအီလ် (يَا بَنِي إِسْرَائِيلَ ) — အို အစ္စရာအီလ်၏ သားမြေးတို့။ အစ္စရာအီလ်ဆိုသည်မှာ တမန်တော် ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) ဖြစ်သည်။ ဇ်ကုရူ (اذْكُرُوا ) — သတိရကြလော့၊ အမှတ်ရကြလော့။ နိအ်မတီ (نِعْمَتِيَ ) — ငါ၏ ကျေးဇူးတော်များ။ ဖဒ္ဒလ်သုကုမ် (فَضَّلْتُكُمْ ) — ငါသည် သင်တို့ကို ထူးချွန်စေခဲ့သည်။ အလ်-အာလမීန် (الْعَالَمِينَ ) — ကမ္ဘာ့လူသားအားလုံး၊ ခေတ်ကာလ၏ လူအမျိုးမျိုး။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို အစ္စရာအီလ်၏ သားမြေးတို့၊ ငါအရှင်မြတ်သည် သင်တို့အပေါ် ချီးမြှင့်ပေးအပ်ခဲ့သော ဘာသာရေးဆိုင်ရာနှင့် လောကီရေးရာ ကျေးဇူးတော်များကို သတိရကြလော့။ ထို့အပြင် ငါအရှင်မြတ်သည် သင်တို့အား သင်တို့၏ ခေတ်ကာလတွင် ရှိကြသော အခြားလူမျိုးများထက် ထူးချွန်စေခဲ့သည်ကိုလည်း သတိရကြလော့။ ထိုထူးချွန်မှုမှာ သင်တို့အထဲမှ တမန်တော်များစွာ ပေါ်ထွန်းစေခြင်း၊ ကျမ်းတော်များ ချပေးခြင်း၊ မင်းစိုးရာဇာများ ဖြစ်စေခြင်းတို့ဖြင့် ဖြစ်၏။ သို့ဖြစ်၍ ထိုကျေးဇူးတော်များကို အသုံးချ၍ ငါအရှင်မြတ်ကို နာခံကြလော့၊ ကျေးဇူးတင်ကြလော့။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအား ပေးအပ်ထားသော ကျေးဇူးတော်များကို အမြဲသတိရပြီး ကျေးဇူးတင်ခြင်းသည် အီမာန်၏ အရည်အသွေးတစ်ရပ် ဖြစ်သည်။ ကျေးဇူးတော်များကို သတိရခြင်းသည် အလ္လာဟ်အရှင်မြတ်အား ပိုမိုနာခံလိုစိတ် ဖြစ်ပေါ်စေသည်။ လူမျိုးတစ်မျိုးကို ခေတ်ကာလတစ်ခုတွင် ထူးချွန်စေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုဖြစ်ပြီး ထိုကျေးဇူးကို အလွဲသုံးစားမလုပ်သင့်ပါ။ ဤအာယသ်တော်သည် ယခင်လူမျိုးများ၏ သမိုင်းမှ သင်ခန်းစာယူရန် ဖိတ်ခေါ်နေသည်။ ကျေးဇူးတော်ကို သတိရပြီး နာခံခြင်းဖြင့် ကောင်းချီးများ ဆက်လက်ရရှိနိုင်သည်။ အစ္စလာမ်သည် ကျေးဇူးတင်ခြင်း၊ သတိရခြင်း၊ ကိုးကွယ်ခြင်းတို့ကို အခြေခံသော ဘာသာဖြစ်ပြီး ဤအာယသ်တော်က ထိုအချက်ကို အတည်ပြုပေးသည်။
يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱذۡكُرُواْ نِعۡمَتِيَ ٱلَّتِيٓ أَنۡعَمۡتُ عَلَيۡكُمۡ وَأَنِّي فَضَّلۡتُكُمۡ عَلَى ٱلۡعَٰلَمِينَ ١٢٢
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 120-124 — စူရာ အလ်-ဗကရ
120 وَلَن تَرْضَىٰ عَنكَ الْيَهُودُ وَلَا النَّصَارَىٰ حَتَّىٰ تَتَّبِعَ مِلَّتَهُمْ ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۗ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُم بَعْدَ الَّذِي جَاءَكَ مِنَ الْعِلْمِ ۙ مَا لَكَ مِنَ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှ နှစ်သိမ့်ကျေနပ်ကြမည် မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်) ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံတော်မှ) အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရား ရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသော အလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊ (ထိုသို့သောအခါဝယ်) မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အား စောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေးစောင်မမည့်သူ ဟူ၍ လည်းကောင်း၊ ရှိမည်မဟုတ်ပေ။
121 الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَتْلُونَهُ حَقَّ تِلَاوَتِهِ أُولَٰئِكَ يُؤْمِنُونَ بِهِ ۗ وَمَن يَكْفُرْ بِهِ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် ရွတ်ဘတ်ကြ၍ လိုက်နာကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် ကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများ ဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ ကျရောက်သော သူများပင်ဖြစ်အံ့။
122 يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
123 وَاتَّقُوا يَوْمًا لَّا تَجْزِي نَفْسٌ عَن نَّفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنفَعُهَا شَفَاعَةٌ وَلَا هُمْ يُنصَرُونَ
ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။
124 ۞ وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِن ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။
ဘာသာပြန် — အလ်-ဗကရ 122 စူရာ အလ်-ဗကရ အာယာသ် 122 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။…
စူရာ အာယာသ် 122/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 120–124. မြန်မာဘာသာ: ภาษาไทย.