အလ်-ဗကရ · 20/286
ဘာသာပြန် အသံနိုင်ငံ — အလ်-ဗကရ
يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُم مَّشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٢٠
Yakaadul barqu yakhtafu absaarahum kullamaaa adaaa`a lahum mashaw feehi wa izaaa azlama `alaihim qaamoo; wa law shaaa`al laahu lazahaba bisam`ihim wa absaarihim; innal laaha `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
လျှပ်ပြက်ရောင်သည် ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စက္ခုအာရုံများကို သုတ်ယူသိမ်းဆောင် သွားလုမတတ် ဖြစ်၏။ လျှပ်ပြက်ရောင်သည် ထိုသူတို့အဖို့ (သွားရာလမ်းကို) လင်းဝင်းစေတိုင်း ထိုသူများသည်(အလင်းရောင်ကိုမှီ၍) သွားလာကြ၏။ တဖန် အလင်းရောင် ကွယ်ပျောက်၍ အမိုက်မှောင် ကျရောက်လာသောအခါ ထိုသူတို့သည် ရပ်တန့်၍ နေကြကုန်၏။ အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော် မူခဲ့ပါက မုချဧကန် ထိုသူတို့၏ သောတာရုံများနှင့် စက္ခုအာရုံများကို နုတ်သိမ်းယူသွားတော် မူချေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူထသောအရှင် ဖြစ်တော်မူသည်။
🎧 နားထောင်

📜 အာယာသ် 18-22 — အလ်-ဗကရ

18صُمٌّ بُكْمٌ عُمْيٌ فَهُمْ لَا يَرْجِعُونَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများသည် (အမှန်တရားကို မကြားနာလိုကြသည့်အတွက်) နားပင်းသူများလည်း မည်၏။ (ပီယဝါစာ နှစ်သက်ဖွယ်ရာဖြစ်သော စကားကို မပြောဆိုလို ကြသည့်အတွက်) ဆွံ့အ သူများလည်း မည်၏။ (အမြော်အမြင် ဆင်ခြင်တုံတရား မရှိကြသည့်အတွက်) မျက်စိကန်းများလည်း မည်၏။ ထိုကဲ့သို့သော အယောင်ဆောင်များသည် (ဤမျှတိုင် ဆွံ့အ၊ နားပင်း၊ မျက်ကန်းများ ဖြစ်ကြရာ အမှန် တရားဘက်သို့) ပြန်လှည့်ကြမည် မဟုတ်ပေ။
19أَوْ كَصَيِّبٍ مِّنَ السَّمَاءِ فِيهِ ظُلُمَاتٌ وَرَعْدٌ وَبَرْقٌ يَجْعَلُونَ أَصَابِعَهُمْ فِي آذَانِهِم مِّنَ الصَّوَاعِقِ حَذَرَ الْمَوْتِ ۚ وَاللَّهُ مُحِيطٌ بِالْكَافِرِينَ
ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ ဥပမာကို တနည်းဆိုရပြန်သော် ထိုသူတို့သည် မိုးတိမ်ဝိုင်းလျက်ရှိသော သူများနှင့် တူကြ၏။ (ဖြစ်အင်ကား) ကောင်းကင်မှ မိုးသက်မုန်တိုင်းသည် သည်းထန်စွာ ရွာသွန်းလျက်ရှိ၏၊ ထိုမိုးကောင်းကင်တွင် တခဲနက်သော အမိုက်မှောင်များ လည်းဖုံးအုပ်လျက်ရှိ၏၊ (ထို မိုးသက်မုန်တိုင်းနှင့် တပါတည်း ပဲ့တင်ထပ်မျှသော) မိုးချုန်းသံလည်း ပါလာ၏။ ထိုရောအခါ မိုးကြိုးစက်သံများ၏ ပြင်းထန်လှစွာသော အသံကို ကြားရသော ထိုသူယုတ်မာတို့သည် သေရမည့်ဘေးကို စိုးရိမ်ပူပန် ကြောင့်ကြသဖြင့် မိမိတို့၏ နားပေါက်များကို လက်ချောင်းများ ဖြင့်ပိတ်ဆို့ထားကြ၏။ (အမှန်သော်ကား) အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မိစ္ဆာဒိဋ္ဌိများအား (မိမိ၏အနန္တ ဘုန်းတေဇာဖြင့်) ဝန်းရံခြုံလျက် ရှိတော်မူပြီဖြစ်ရာ မည်သူ တစ်ဦးတစ်ယောက်မျှ အရှင့်ဘုန်းတေဇာ စက်ကွင်းမှ လွတ်မြောက်၍ ထွက်ခွာသွား နိုင်မည်မဟုတ်ချေ။
20يَكَادُ الْبَرْقُ يَخْطَفُ أَبْصَارَهُمْ ۖ كُلَّمَا أَضَاءَ لَهُم مَّشَوْا فِيهِ وَإِذَا أَظْلَمَ عَلَيْهِمْ قَامُوا ۚ وَلَوْ شَاءَ اللَّهُ لَذَهَبَ بِسَمْعِهِمْ وَأَبْصَارِهِمْ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
လျှပ်ပြက်ရောင်သည် ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စက္ခုအာရုံများကို သုတ်ယူသိမ်းဆောင် သွားလုမတတ် ဖြစ်၏။ လျှပ်ပြက်ရောင်သည် ထိုသူတို့အဖို့ (သွားရာလမ်းကို) လင်းဝင်းစေတိုင်း ထိုသူများသည်(အလင်းရောင်ကိုမှီ၍) သွားလာကြ၏။ တဖန် အလင်းရောင် ကွယ်ပျောက်၍ အမိုက်မှောင် ကျရောက်လာသောအခါ ထိုသူတို့သည် ရပ်တန့်၍ နေကြကုန်၏။ အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုရှိတော် မူခဲ့ပါက မုချဧကန် ထိုသူတို့၏ သောတာရုံများနှင့် စက္ခုအာရုံများကို နုတ်သိမ်းယူသွားတော် မူချေပြီ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူထသောအရှင် ဖြစ်တော်မူသည်။
21يَا أَيُّهَا النَّاسُ اعْبُدُوا رَبَّكُمُ الَّذِي خَلَقَكُمْ وَالَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။
22الَّذِي جَعَلَ لَكُمُ الْأَرْضَ فِرَاشًا وَالسَّمَاءَ بِنَاءً وَأَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجَ بِهِ مِنَ الثَّمَرَاتِ رِزْقًا لَّكُمْ ۖ فَلَا تَجْعَلُوا لِلَّهِ أَندَادًا وَأَنتُمْ تَعْلَمُونَ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင် ဖြစ်ကြသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အလ်-ဗကရ 20

စူရာ အလ်-ဗကရ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : လျှပ်ပြက်ရောင်သည် ထို(မုစ်လင်(မ်) အသွင်ဆောင်သော) သူများ၏ စက္ခုအာရုံများကို သုတ်ယူသိမ်းဆောင် သွားလုမတတ် ဖြစ်၏။ လျှပ်ပြက်ရောင်သည် ထိုသူတို့အဖို့…

စူရာ အာယာသ် 20/286 — အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ဗကရ နားထောင်, အလ်-ဗကရ ဘာသာပြန်, အလ်-ဗကရ mp3, အလ်-ဗကရ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers