အလ်-ဗကရ · 267/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِن طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُم مِّنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِآخِذِيهِ إِلَّا أَن تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ ۝٢٦٧
Yaaa `ayyuhal lazeena aamanooo anfiqoo min taiyibaati maa kasabtum wa mimmaaa akhrajuaa lakum minal ardi wa laa tayammamul khabeesa minhu tunfiqoona wa lastum bi aakhizeehi illaaa an tughmidoo feeh; wa`lamooo annal laaha Ghaniyyun Hameed
📖 မြန်မာဘာသာ
အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့�ေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • သွီယိဗာသ် (طَيِّبَاتِ) — သန့်ရှင်းကောင်းမွန်သော၊ ဟလာလ်ဖြစ်သော ဥစ္စာများ။
  • ကဆပ်ဘ်သွမ် (كَسَبْتُمْ) — သင်တို့ ရှာဖွေဆည်းပူးခဲ့ကြသော (ကုန်သွယ်မှု၊ လက်မှုပညာ စသည်ဖြင့် ရရှိသော) ဥစ္စာများ။
  • အခ်ရဂျ်နာ (أَخْرَجْنَا) — ငါအရှင်မြတ် ထုတ်ပေးခဲ့သည် (မြေမှ သီးနှံများ၊ သစ်သီးများ)။
  • တယမ်မမူ (تَيَمَّمُوا) — ရည်ရွယ်ကြပါ၊ ရွေးချယ်ကြပါ။
  • အလ်ခဗီးသ် (الْخَبِيثَ) — ယုတ်ညံ့သော၊ ညံ့ဖျင်းသော၊ မကောင်းသော အရာ။
  • တွဂ်မိဒူ (تُغْمِضُوا) — မျက်စိမှိတ်၍ လျစ်လျူရှုခြင်း၊ သည်းခံလက်ခံခြင်း။
  • ဂနီယွန် (غَنِيٌّ) — ကြွယ်ဝတော်မူသော၊ လိုအပ်မှုကင်းတော်မူသော။
  • ဟမီးဒ် (حَمِيدٌ) — ချီးမွမ်းထိုက်တော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို အီမာန်ယုံကြည်သူအပေါင်းတို့၊ သင်တို့ ရှာဖွေဆည်းပူးရရှိထားသော ဥစ္စာများထဲမှ သန့်ရှင်းကောင်းမွန်သည့် ဟလာလ်ဥစ္စာများကိုလည်းကောင်း၊ ငါအရှင်မြတ်က သင်တို့အတွက် မြေမှ ထုတ်ပေးတော်မူသော သီးနှံများ၊ သစ်သီးများထဲမှလည်းကောင်း သင်တို့သည် အလှူဒါနပြုကြပါ။ ထို့ပြင် ညံ့ဖျင်းယုတ်ညံ့သော အရာများကို ရွေးချယ်၍ ဒါနပြုရန် ရည်ရွယ်မကြပါနှင့်။ အကယ်၍ ထိုယုတ်ညံ့သော အရာများကို သင်တို့ကိုယ်တိုင် ပေးအပ်ခံရလျှင် မျက်စိမှိတ်၍ လျစ်လျူရှုသည်းခံခြင်းမရှိဘဲ လက်ခံမည်မဟုတ်ပါ။ သို့ဖြစ်လျှင် သင်တို့ကိုယ်တိုင် မလိုလားသော အရာကို အလ္လာဟ်အရှင်မြတ်အတွက် အဘယ်ကြောင့် နှစ်သက်လက်ခံကြသနည်း။ သင်တို့သည် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ဒါနအလှူများကို လုံးဝလိုအပ်တော်မမူသော ကြွယ်ဝတော်မူသောအရှင်၊ အရာခပ်သိမ်းတွင် ချီးမွမ်းထိုက်တော်မူသောအရှင်ဖြစ်တော်မူကြောင်း သိထားကြပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်သည် မွတ်စ်လင်မ်များအား ရရှိထားသော ဥစ္စာများထဲမှ အကောင်းဆုံး၊ သန့်ရှင်းဆုံးသော အရာများကို ဒါနပြုရန် မိန့်ကြားတော်မူခြင်းသည် အလှူဒါန၏ ဂုဏ်သိက္ခာနှင့် အရေးပါမှုကို ဖော်ပြသည်။
  • ဒါနပြုရာတွင် ယုတ်ညံ့သော၊ မကောင်းသော


📜 အာယာသ် 265-269 — စူရာ အလ်-ဗကရ

265وَمَثَلُ الَّذِينَ يُنفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِّنْ أَنفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِن لَّمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို ဆည်းပူးရှာဖွေရန်လည်းကောင်း၊ မိမိ တို့၏စိတ်နှလုံးများတွင်(သဒ္ဓါတရား)ထက်သန် မြဲမြံခိုင်ခန့်စေရန်လည်းကောင်း မိမိတို့၏ဥစ္စာပစ္စည်းများကို ပေးကမ်းလှူဒါန်းစွန့်ကြဲကြကုန်၏။ ထိုသူတို့(လှူဒါန်းသောအလှူဒါန)၏ ဥပမာသည် ကုန်းမြင့်ပေါ်တွင်ရှိသောဥယျာဉ်နှင့်အလား သဏ္ဍာန်တူ၏။ ထိုဥယျာဉ်၌ သည်းထန်းသောမိုးသည် ရွာသွန်းချ၏။သို့ဖြစ်လေရာ ထိုဥယျာဉ်သည် မိမိ၏ အသီးအနှံများ ကို(အခြားသောဥယျာဉ်များထက်)နှစ်ဆတိုး၍ ပေါက်ပွားစေလေသည်။ အကယ်၍ ထိုဥယျာဉ်၌ သည်းထန်သောမိုး ရွာသွန်းခြင်း မရှိသော်လည်း (မြေဩဇာကောင်းသည့် အတွက်ကြောင့်) မိုးဖွဲ ကျခြင်းသည်ပင် (ထိုဥယျာဉ်အတွက် လုံလောက်ပေသည်)။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ပြုလုပ်သမျှသော ကိစ္စအဝဝကို အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။
266أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُ جَنَّةٌ مِّن نَّخِيلٍ وَأَعْنَابٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِن كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။
267يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِن طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُم مِّنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِآخِذِيهِ إِلَّا أَن تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ
အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့�ေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။
268الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُم بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُم مَّغْفِرَةً مِّنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
269يُؤْتِي الْحِكْمَةَ مَن يَشَاءُ ۚ وَمَن يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ
ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေ�ဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
267အာယာသ်

ဘာသာပြန် — အလ်-ဗကရ 267

စူရာ အလ်-ဗကရ အာယာသ် 267 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့…

စူရာ အာယာသ် 267/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 265–269. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers