အလ်-ဗကရ · 268/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُم بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُم مَّغْفِرَةً مِّنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ ۝٢٦٨
Ash Shaitaanu ya`idukumul faqra wa yaamurukum bilfahshaaa`i wallaahu ya`idukum maghfiratam minhu wa fadlaa; wallaahu Waasi`un `Aleem
📖 မြန်မာဘာသာ
ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 266-270 — စူရာ အလ်-ဗကရ

266أَيَوَدُّ أَحَدُكُمْ أَن تَكُونَ لَهُ جَنَّةٌ مِّن نَّخِيلٍ وَأَعْنَابٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِن كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
အသင်တို့အနက် တစ်ဦးတစ်ယောက်သော သူသည် (ဤအဖြစ်ကို) ကြိုက်နှစ်သက်ပါသလော၊ (အဖြစ်ကား)ထိုသူ၌ စွန်ပလွံ၊ သပြက်ဥယျာဉ်တစ်ခုရှိ၏။ ထိုဥယျာဉ်အောက်မှ ရေယဉ်ချောင်းများ စီးတွေလျှက်ရှိ၏။ ထိုဥယျာဉ်၌ထိုသူ့အဖို့အမျိုးစုံသော သစ်သီးဝလံများလည်းရှိ၏။ ထိုသူ၌ဇရာဒုဗ္ဗလ သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ခြင်းသည် ဆိုက်ရောက် လာ၏၊ ထိုသူ၌ မစွမ်းမသန် အားအင်ချည့်နဲ့သောသားသမီးများလည်းရှိ၏။ (ထိုကဲ့သို့ သောအချိန်မျိုးတွင်) ထိုဥယျာဉ်၌ လောင်မီးပါရှိသော လေပြင်းမုန်တိုင်းသည် တိုက်ခတ်လေရာ ထိုဥယျာဉ်သည် လောင်ကျွမ်း (ပျက်စီး) သွားလေတော့သည်။ (ထိုသူသည် ဤအဖြစ်ကို အဘယ်သို့လျှင်ကြိုက်နှစ်သက်နိုင်အံ့နည်း)။ ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သက်သေလက္ခဏာတော် များကိုထင်ရှားစွာထုတ်ဖေါ်မိန့်ကြားတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် စဉ်းစားဆင်ခြင် သိမြင်ကြမည်ဖြစ်ကုန်၏။
267يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِن طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُم مِّنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِآخِذِيهِ إِلَّا أَن تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ
အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့�ေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။
268الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُم بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُم مَّغْفِرَةً مِّنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
269يُؤْتِي الْحِكْمَةَ مَن يَشَاءُ ۚ وَمَن يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ
ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေ�ဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။
270وَمَا أَنفَقْتُم مِّن نَّفَقَةٍ أَوْ نَذَرْتُم مِّن نَّذْرٍ فَإِنَّ اللَّهَ يَعْلَمُهُ ۗ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ
စင်စစ်တမူကား အသင်တို့သည် မည်သည့် လှူဒါန်းခြင်းကိုမဆို ပေးကမ်းလှူဒါန်းကြသည်ဖြစ်စေ၊ သို့မဟုတ်သူသည် ယင်းတို့အား ကုံလုြွံကယ်ဝသူများဟူ၍ ထင်မှတ်လေသည်။ (သို့ရာတွင်) အသင်သည် ယင်းသူတို့၏ ရုပ်ရည်လက္ခဏာအမူအရာ(ကို ကြည့်ရှုရုံမျှ)ဖြင့် (ထိုသူတို့၏ ဆင်းရဲမည် သည့်အဓိဋ္ဌာန်ပြုခြင်း ကိုမဆို ဓိဋ္ဌာန်ကြ သည်ဖြစ်စေဧကန်ဆတ်ဆတ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ပြုလုပ်သမျှသော) ထိုထိုကိစ္စ အဝဝတို့ကို အြွကင်းမဲ့ သိရှိတော်မူပေသည်။ (သို့အြွကင်းမဲ့ သိတော်မူသည့်အတိုင်း ကောင်းသူတို့အားကောင်းကျိုး၊ မကောင်းသူတို့အား မကောင်း ကျိုးများကိုပေးတော်မူမည်)၊ သို့ရာတွင် (ရှင်ပြန်ထမည့်နေ့ တွင်) မတရားပြုလုပ်သူတို့အား ကူညီမစ ကယ်ဆယ်မည့်သူဟူ၍ တ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
268အာယာသ်

ဘာသာပြန် — အလ်-ဗကရ 268

စူရာ အလ်-ဗကရ အာယာသ် 268 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု…

စူရာ အာယာသ် 268/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 266–270. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers