အလ်-ဗကရ · 279/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَإِن لَّمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ ۖ وَإِن تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ ۝٢٧٩
Fail lam taf`aloo faazanoo biharbim minal laahi wa Rasoolihee wa in tubtum falakum ru`oosu amwaalikum laa tazlimoona wa laa tuzlamoon
📖 မြန်မာဘာသာ
တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်�င့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • فَإِن لَّمْ تَفْعَلُوا — အကယ်၍ သင်တို့သည် (အတိုးယူခြင်းကို စွန့်လွှတ်ခြင်း) မပြုလုပ်ကြလျှင်။
  • فَأْذَنُوا — သိနားလည်ကြပါ၊ ယုံကြည်စိတ်ချကြပါ။
  • بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ — အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ထံမှ စစ်ပွဲတစ်ခုဖြင့် (ရင်ဆိုင်ရမည်ကို)။
  • وَإِن تُبْتُمْ — အကယ်၍ သင်တို့သည် (အတိုးမှ) အသနားခံ ဝန်ခံပြီး လက်လျှော့ကြလျှင်။
  • رُءُوسُ أَمْوَالِكُمْ — သင်တို့၏ မူလငွေရင်း (အရင်း) များ။
  • لَا تَظْلِمُونَ وَلَا تُظْلَمُونَ — သင်တို့သည် (အတိုးတောင်းခြင်းဖြင့်) မတရားပြုခြင်းမပြုကြရ၊ ထို့အတူ သင်တို့သည်လည်း (အရင်းငွေလျော့နည်းခြင်းဖြင့်) မတရားခံရမည်မဟုတ်ပေ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားတော်မူသော အတိုးယူခြင်းမှ မရှောင်ကြဉ်ကြလျှင်၊ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ထံမှ စစ်ပွဲတစ်ခုနှင့် ရင်ဆိုင်ရမည်ကို သေချာစွာ သိနားလည်ကြပါ။ သို့သော် အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ အသနားခံဝန်ခံပြီး အတိုးယူခြင်းကို စွန့်လွှတ်ကြလျှင်၊ သင်တို့ချေးထားသော မူလငွေရင်းများကို ပြန်လည်ရယူပိုင်ခွင့်ရှိသည်။ မူလငွေရင်းထက် ပိုမိုတောင်းခံခြင်းဖြင့် မည်သူ့ကိုမျှ မတရားပြုခြင်းမပြုကြရ၊ ထို့အတူ မိမိတို့၏ မူလငွေရင်းများ လျော့နည်းခံရခြင်းဖြင့်လည်း မတရားခံရမည်မဟုတ်ပေ။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ အလ္လာဟ်အရှင်မြတ်သည် အတိုးယူခြင်းကို အလွန်ပြင်းထန်စွာ တားမြစ်တော်မူခဲ့သည်။ အတိုးယူသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်နှင့် စစ်ပွဲဆင်နွှဲနေသူများနှင့် တူသည်ဟု သတိပေးတော်မူခဲ့သည်။

၂။ အစ္စလာမ်သည် တရားမျှတမှုကို အလေးထားသော ဘာသာဖြစ်သည်။ ချေးယူသူကို မတရားပြုခြင်းလည်း မဖြစ်ရ၊ ချေးပေးသူကိုလည်း မတရားပြုခြင်း မဖြစ်ရ။ မူလငွေရင်းကို ပြန်ရခြင်းသည် တရားမျှတမှုဖြစ်သည်။

၃။ အလ္လာဟ်အရှင်မြတ်သည် အမှားပြုသူများအတွက် အသနားခံဝန်ခံခွင့်ကို ဖွင့်ထားတော်မူ



📜 အာယာသ် 277-281 — စူရာ အလ်-ဗကရ

277إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်”ဝတ်ပြုကြကုန်၏။ 4င်းပြင် ထိုသူတို့သည်”ဇကာတ်”တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ယင်းသူတို့၏အကျိုးဆုလာဘ်သည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏အထံတော်၌ (အသင့်)ရှိ၏။ 4င်းပြင် ယင်းသူတို့အဖို့အရာမည်သည့် စိုးရိမ်ကြောက် ရွံ့ခြင်းမျှမရှိချေ။ 4င်းပြင်ယင်းသူတို့သည် ဝမ်းနည်းပူဆွေး ကြမည်လည်းမဟုတ်ပေ။
278يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا بَقِيَ مِنَ الرِّبَا إِن كُنتُم مُّؤْمِنِينَ
အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ 4င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။
279فَإِن لَّمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ ۖ وَإِن تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ
တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်�င့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
280وَإِن كَانَ ذُو عُسْرَةٍ فَنَظِرَةٌ إِلَىٰ مَيْسَرَةٍ ۚ وَأَن تَصَدَّقُوا خَيْرٌ لَّكُمْ ۖ إِن كُنتُمْ تَعْلَمُونَ
တဖန် အကယ်၍ (မြီစားသည်) ဆင်းရဲ နွမ်းပါးသူဖြစ်၍ (အသင်တို့၏ကြွေးမြီများကို အချိန်မှီ မပေးဆပ်နိုင်ခဲ့ပါမူ ထိုသူအား) ဥစ္စာပစ္စည်း ချောင်လည်သည်အထိ အချိန်ကိုရွှေ့ဆိုင်း၍ပေးရမည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်သိတတ်ကြ ပါမူ (မြီစား၏ဒုက္ခကို ထောက်ထားညှာတာသည့်သဘောဖြင့် မိမိတို့ရထိုက်သောကြွေးမြီကိုပင်) အလှူဒါနအဖြစ်(စာရင်းချေဖျက်) စွန့်လွှတ်ခြင်းသည် အသင်တို့အဖို့သာ၍ပင် ကောင်းမြတ်ပေသတည်း။
281وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۖ ثُمَّ تُوَفَّىٰ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
ထို့ပြင်တဝ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည် အကြင်နေ့ကို ကြောက်ရွံ့ကြကုန်။ ထိုနေ့တွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့ ပြန်လည်ရောက်ရှိကြကုန်အံ့။ ထို့နောက် လူတိုင်းသည် မိမိတို့ ရှာဖွေ ဆည်းပူးခဲ့ကြသော (ကောင်းမှု မကောင်းမှုတို့၏ အကျိုးအပြစ်များကို)အပြည့်အစုံပေးခြင်း ခံကြရလတ္တံ့။ သို့ရာတွင် ယင်း သူတို့သည်(ထိုကဲ့သို့ အကျိုးအပြစ်ပေးခြင်း ခံကြရာတွင် တစ်စုံတစ်ရာမျှ)မတော်မတရား နစ်နာ ဆုံးရှုံးခြင်းကို ခံကြရမည် မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
279အာယာသ်

ဘာသာပြန် — အလ်-ဗကရ 279

စူရာ အလ်-ဗကရ အာယာသ် 279 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊…

စူရာ အာယာသ် 279/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 277–281. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers