အလ်-ဗကရ · 52/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
ثُمَّ عَفَوْنَا عَنكُم مِّن بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ ۝٥٢
Summa `afawnaa `ankum mim ba`di zaalika la`allakum tashkuroon
📖 မြန်မာဘာသာ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော် မူခဲ့လေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ အလ်-ဗကရ

50وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنتُمْ تَنظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန် ) တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ) ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှ ကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။ ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။
51وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِن بَعْدِهِ وَأَنتُمْ ظَالِمُونَ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်�ို ထုတ်ပြန်ပို့ချ ပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော် မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊ အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများ ဖြစ်ကြကုန်သည်။
52ثُمَّ عَفَوْنَا عَنكُم مِّن بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော် မူခဲ့လေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြပေမည်။
53وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား (တောင်ရာတ်) ကျမ်းဂန် (ဝါ) အမှားအမှန်ခွဲခြား၍ ညွှန်ကြားပြသသော ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူ၏။
54وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنفُسَكُم بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنفُسَكُمْ ذَٰلِكُمْ خَيْرٌ لَّكُمْ عِندَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တစ်နေ့သောအခါ နဗီတမန်တော်မူစာက မိမိ၏ အမျိုးသားများအား ပြောကြားသည်မှာ၊ အိုကျွန်ုပ်၏ အမျိုးသား အပေါင်းတို့၊ ဧကန်မုချ အသင်တို့သည် နွားငယ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းကြလေပြီ၊ သို့ဖြစ်၍ (ထိုကဲ့သို့ ကြီးလေးသောအပြစ်မှ ချမ်းသာခွင့်ရရန်) အသင်တို့သည် မိမိတို့အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင့် အထံတော်၌ ဝန်ချတောင်းပန် အသနားခံကြကုန်လော့၊ ထို့နောက် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ကြကုန်လော့။ (သို့ဝန်ချတောင်းပန် အသနားခံခြင်းသာလျှင်) အသင်တို့အဖို့ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင့်ထံတော်၌ ကောင်းမြတ်သော အကြောင်းတရားဖြစ်၏။ ထို့နောက်(အသင်တို့သည် ညွှန်ကြားပြသ ဆုံးမတော်မူသည့်အတိုင်း ဝန်ချတောင်းပန်ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ဝန် ချတောင်းပန်ချက်ကို လက်ခံတော်မူလိုက်လေပြီ။ အဘယ်ကြောင့်ဟူမူထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူတို့၏တောင်းပန်ချက်ကို)အကြိမ်ကြိမ် လက်ခံတော်မူသောအရှင်၊ မဟာကရုဏာရှင် ဖြစ်တော်မူပေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
52အာယာသ်

ဘာသာပြန် — အလ်-ဗကရ 52

စူရာ အလ်-ဗကရ အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော်…

စူရာ အာယာသ် 52/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers