အလ်-ဗကရ · 53/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ ۝٥٣
Wa iz aatainaa Moosal kitaaba wal Furqaana la`allakum tahtadoon
📖 မြန်မာဘာသာ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား (တောင်ရာတ်) ကျမ်းဂန် (ဝါ) အမှားအမှန်ခွဲခြား၍ ညွှန်ကြားပြသသော ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • ဤအာယသ်တော်တွင် အဓိပ္ပာယ်ရှင်းရန် လိုအပ်သော စကားလုံးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • ကသာဗ် (الْكِتَابَ) ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာ (အလိုင်ဟိစ်စလာမ်) ထံ ချပေးအပ်တော်မူသော ကျမ်းတော်ဖြစ်သည့် တောင်ရသ်ကျမ်းကို ဆိုလိုသည်။
  • အလ်ဖုရ်ကာန် (الْفُرْقَانَ) ဆိုသည်မှာ အမှန်နှင့်အမှားကို ခွဲခြားပေးသော၊ လမ်းမှန်နှင့်လမ်းမှားကို ကွဲပြားစေသော အရာကို ဆိုလိုသည်။ ဤနေရာတွင် တောင်ရသ်ကျမ်းကိုပင် ဆိုလိုသည်။
  • လအလ္လကုမ်း (لَعَلَّكُمْ) ဆိုသည်မှာ သင်တို့ ဖြစ်ကောင်းဖြစ်နိုင်ရန်၊ သင်တို့အတွက် မျှော်လင့်ရသောအားဖြင့် ဟု အဓိပ္ပာယ်ရသည်။
  • တဟ်သာဒူန (تَهْتَدُونَ) ဆိုသည်မှာ သင်တို့သည် လမ်းမှန်ကို ရရှိကြမည်၊ တရားလမ်းကို ညွှန်ပြခံရကြမည် ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အစ္စရာအီလ်သားတို့၊ ငါအရှင်မြတ်သည် တမန်တော်မူစာအား ကျမ်းတော်ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သော အချိန်ကာလကို ပြန်လည်သတိရကြလော့။ ထိုကျမ်းတော်သည် အမှန်တရားနှင့် အမှားကို ခွဲခြားပေးသော၊ လမ်းမှန်နှင့် လမ်းမှားကို ကွဲပြားစေသော ဖုရ်ကာန်လည်းဖြစ်သည်။ ငါအရှင်မြတ်သည် ထိုကျမ်းတော်ကို ချပေးတော်မူခြင်းမှာ သင်တို့သည် လမ်းမှန်ကို ရရှိကြရန်နှင့် တရားလမ်းကို ညွှန်ပြခံရကြရန်အတွက်ဖြစ်သည်။ ထိုကျမ်းတော်တွင် ပါဝင်သော သွန်သင်ချက်များ၊ ပညတ်တော်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် သင်တို့သည် မိမိတို့၏ အမှောင်မိုက်မှုများမှ လွတ်မြောက်ပြီး လမ်းမှန်သို့ ရောက်ရှိနိုင်ကြမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအား လမ်းမှန်ရရှိရန်အတွက် ကျမ်းတော်များနှင့် လမ်းညွှန်ချက်များကို ချပေးအပ်တော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်နှင့် ကျေးဇူးတော်ဖြစ်သည်။
  • ကျမ်းတော်သည် အမှန်နှင့်အမှား၊ လမ်းမှန်နှင့်လမ်းမှားကို ခွဲခြားပေးသော ဖုရ်ကာန်ဖြစ်သည်။ ထို့ကြောင့် ကျမ်းတော်ကို လိုက်နာခြင်းဖြင့် လူသားတို့သည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချ


📜 အာယာသ် 51-55 — စူရာ အလ်-ဗကရ

51وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِن بَعْدِهِ وَأَنتُمْ ظَالِمُونَ
(အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန်) တနေ့သောအခါ ငါအရှင်သည် နဗီတမန်တော်မူစာအားရက်ပေါင်းလေးဆယ် (ကုန်လွန်ပြီးနောက် တောင်ရာတ် ကျမ်းဂန်�ို ထုတ်ပြန်ပို့ချ ပေးသနားတော်မူမည်ဟု ) ပဋိညာဉ် ထားတော်မူသည်။(ထိုပဋိညာဉ်တော်အရ နဗီတမန်တော် မူစာသည် ထိုကျမ်းဂန်ကို ဦးထိပ် ရွက်ပန်ဆင်ရန် သိနတောင်၌ ရက်ပေါင်းလေးဆယ် သီတင်းသုံးနေခိုက်) သူ၏ နောက်ကွယ်ရာ၌ အသင်တို့သည် နွားငယ်ကို (ဘုရားအဖြစ်) ပြုလုပ် ကိုးကွယ်ကြကုန်သည်၊ အမှန်စင်စစ် အသင်တို့သည် ကျူးလွန်သူများ ဖြစ်ကြကုန်သည်။
52ثُمَّ عَفَوْنَا عَنكُم مِّن بَعْدِ ذَٰلِكَ لَعَلَّكُمْ تَشْكُرُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့) အသင်တို့သည်၊ ထိုသို့နွားကို ကိုးကွယ်ကြပြီးသည့် နောက်သော်မှပင် ငါအရှင်သည် အသင်တို့အား ချမ်းသာခွင့် ပေးသနားတော် မူခဲ့လေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတင်ကြပေမည်။
53وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား (တောင်ရာတ်) ကျမ်းဂန် (ဝါ) အမှားအမှန်ခွဲခြား၍ ညွှန်ကြားပြသသော ကျမ်းဂန်ကို ထုတ်ပြန်ပို့ချ ပေးသနားတော်မူ၏။
54وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنفُسَكُم بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنفُسَكُمْ ذَٰلِكُمْ خَيْرٌ لَّكُمْ عِندَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
(အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်၊) တစ်နေ့သောအခါ နဗီတမန်တော်မူစာက မိမိ၏ အမျိုးသားများအား ပြောကြားသည်မှာ၊ အိုကျွန်ုပ်၏ အမျိုးသား အပေါင်းတို့၊ ဧကန်မုချ အသင်တို့သည် နွားငယ်ကို ကိုးကွယ်ပူဇော်ခြင်းဖြင့် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းကြလေပြီ၊ သို့ဖြစ်၍ (ထိုကဲ့သို့ ကြီးလေးသောအပြစ်မှ ချမ်းသာခွင့်ရရန်) အသင်တို့သည် မိမိတို့အား မွေးမြူ ဖန်ဆင်းတော်မူသော အရှင့် အထံတော်၌ ဝန်ချတောင်းပန် အသနားခံကြကုန်လော့၊ ထို့နောက် အသင်တို့သည် မိမိတို့အချင်းချင်း သတ်ဖြတ်ကြကုန်လော့။ (သို့ဝန်ချတောင်းပန် အသနားခံခြင်းသာလျှင်) အသင်တို့အဖို့ အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသော အရှင့်ထံတော်၌ ကောင်းမြတ်သော အကြောင်းတရားဖြစ်၏။ ထို့နောက်(အသင်တို့သည် ညွှန်ကြားပြသ ဆုံးမတော်မူသည့်အတိုင်း ဝန်ချတောင်းပန်ကြသည့်အတွက်) အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ဝန် ချတောင်းပန်ချက်ကို လက်ခံတော်မူလိုက်လေပြီ။ အဘယ်ကြောင့်ဟူမူထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူတို့၏တောင်းပန်ချက်ကို)အကြိမ်ကြိမ် လက်ခံတော်မူသောအရှင်၊ မဟာကရုဏာရှင် ဖြစ်တော်မူပေသည်။
55وَإِذْ قُلْتُمْ يَا مُوسَىٰ لَن نُّؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنتُمْ تَنظُرُونَ
(အို-အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ အသင်တို့က အိုမူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်ကို ဒိဌမျက်ဝါးထင်ထင် မဖူးမြင်ရသမျှ ကာလပတ်လုံး ကျွန်ုပ်တို့သည် အသင့်အားအလျင်း ယုံကြည်ကြမည်မဟုတ်ဟု ပြောဆို ကြကုန်၏။(ထိုကဲ့သို့ မပြောသင့် မပြောအပ်သော စကားရပ်ကို ပြောဆိုကြသည့်အတွက်) အသင်တို့အား (အလ္လာဟ် အရှင် မြတ်၏ကြောက်မက်ဖွယ်ကောင်းသော) မိုးကြိုးလောင်မီးသည် ဖမ်းဆီး(ကွပ်မျက်) လိုက်လေပြီ။ အသင်တို့ကိုယ်တိုင်လည်း (ထိုအခြင်းအရာကို) တွေ့မြင်ကြပေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အလ်-ဗကရ 53

စူရာ အလ်-ဗကရ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-အစ္စရာအီလီ မျိုးနွယ်အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်) တရံရောအခါ ငါအရှင်မြတ်သည် အသင်တို့တရားရစိမ့်သောငှာ နဗီတမန်တော် မူစာ(အလိုင်ဟစ္စလာမ်) အား…

စူရာ အာယာသ် 53/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers