အလ်-ဗကရ · 75/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
۞ أَفَتَطْمَعُونَ أَن يُؤْمِنُوا لَكُمْ وَقَدْ كَانَ فَرِيقٌ مِّنْهُمْ يَسْمَعُونَ كَلَامَ اللَّهِ ثُمَّ يُحَرِّفُونَهُ مِن بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ ۝٧٥
Afatatma`oona ai yu`minoo lakum wa qad kaana fareequm minhum yasma`oona Kalaamal laahi summa yuharri foonahoo mim ba`di maa`aqaloohu wa hum ya`lamoon
📖 မြန်မာဘာသာ
(အို- ‘မုအ်မင်န်’ ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (အစ္စရာအီလီ လူမျိုးတို့၏ စိတ်နှလုံး မာကျောခြင်းကို သိရှိပြီးဖြစ်ကြပါလျက်) ထို သူတို့သည် အသင်တို့ (၏ဆုံးမဩဝါဒ ဟောပြောချက်များ) ကို ယုံကြည်၍ သဒ္ဓါတရား ထားရှိကြကုန်အံ့ ဟု မြှော်ခေါ်တောင်းတ ကြပါသလော။ (စင်စစ် ယင်းကဲ့သို့ မြှော်လင့်ခြင်းသည် အချည်းနှီး ပင်) အကြောင်းမူကား ယင်းသူတို့တွင် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များကို ကြားနာကြရသောသူများ အမှန်ပင်ရှိကြလေသည်၊ (သိကြား နာ၍ ထိုမုက္ခပါဌ်တော်များကိုသိကျွမ်း နားလည် ပြီးနောက် မိမိတို့ အလိုရှိသည့်အတိုင်း) ပြုပြင် ပြောင်းလွှဲကြကုန်သည်။ စင်စစ် (ထိုကဲ့သို့ ပြောင်းလွှဲခြင်းသည် မပြုသင့် မပြုအပ်ကြောင်း ကိုလည်း) မိမိတို့ကိုယ်တိုင် သိရှိကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ အလ်-ဗကရ

73فَقُلْنَا اضْرِبُوهُ بِبَعْضِهَا ۚ كَذَٰلِكَ يُحْيِي اللَّهُ الْمَوْتَىٰ وَيُرِيكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ထို့နောက် ငါအရှင်မြတ်သည် (ဤသို့) မိန့်ကြားတော် မူခဲ့လေသည်၊ အသင်တို့သည်ယင်း (အသတ်ခံရသောသူ၏ ရုပ်ကလာပ်) ကိုထို (နွားမ) ၏ အချို့အစိတ်အပိုင်းဖြင့် ရိုက်ခတ်ကြကုန်လော့။ အလ္လာဟ် အရှင်မြတ်သည် (ကိယာမတ် ရှင်ပြန်ထရမည့်နေ့၌လည်း) ထိုကဲ့သို့ပင် သေသူများအား ရှင်စေတော်မူလတ္တံ။ ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အလို့ငှါ မိမိ၏သက်သေခံလက္ခဏာ ရပ်များ ကို ပြသတော် မူလေသတည်း။
74ثُمَّ قَسَتْ قُلُوبُكُم مِّن بَعْدِ ذَٰلِكَ فَهِيَ كَالْحِجَارَةِ أَوْ أَشَدُّ قَسْوَةً ۚ وَإِنَّ مِنَ الْحِجَارَةِ لَمَا يَتَفَجَّرُ مِنْهُ الْأَنْهَارُ ۚ وَإِنَّ مِنْهَا لَمَا يَشَّقَّقُ فَيَخْرُجُ مِنْهُ الْمَاءُ ۚ وَإِنَّ مِنْهَا لَمَا يَهْبِطُ مِنْ خَشْيَةِ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
တဖန် အသင်တို့၏ စိတ်နှလုံးများသည် ထို(ကဲ့သို့ အလ္လာဟ် အရှင်မြတ်၏ တန်ခိုးပြဋိဟာ အမျိုးမျိုးတို့ကိုပင် တွေ့မြင်ခဲ့ပြီး) နောက်လည်း ခက်ထန်မာကျော လာခဲ့လေသည်၊ သို့ဖြစ်ပေရာ ယင်းစိတ်နှလုံးများသည် ကျောက်ဆောင်များကဲ့သို့ ဖြစ်ခဲ့ရုံမျှမက ယင်းကျောက်ဆောင်များထက်ပင် ပိုမိုပြင်းထန် မာကျောလေသည်။ အကြောင်းသော်ကား ကျောက်ဆောင်များအနက် စမ်းရေချောင်းများ စီးထွက်လာသော ကျောက်ဆောင်များလည်း မချွတ်မလွဲ ရှိကြသေး၏။ ထိုမျှ မကသေးချေ၊ ယင်းကျောက်ဆောင်များအနက် အက်ကွဲ၍ရေ(တံခွန်များ စီးသွန်း) ပန်းထွက် လာသော ကျောက်ဆောင်များလည်း ဧကန်စင်စစ် ရှိကြသေး၏။ ထိုမှတပါးတုံ ယင်းကျောက် ဆောင်များအနက် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ရိုသေလေးစား ခြင်းအားဖြင့် လျှောလိမ့်နိမ့်ဆင်းလာသော ကျောက်ဆောင်များလည်း အမှန်ပင် ရှိကြကုန်သည်။ တဖန်အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စအဝဝတို့ကို (အလျင်း) မေ့လျော့ လျစ်လျူရှု၍ နေတော်မူသော အရှင်မဟုတ်ပေ။
75۞ أَفَتَطْمَعُونَ أَن يُؤْمِنُوا لَكُمْ وَقَدْ كَانَ فَرِيقٌ مِّنْهُمْ يَسْمَعُونَ كَلَامَ اللَّهِ ثُمَّ يُحَرِّفُونَهُ مِن بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ
(အို- ‘မုအ်မင်န်’ ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (အစ္စရာအီလီ လူမျိုးတို့၏ စိတ်နှလုံး မာကျောခြင်းကို သိရှိပြီးဖြစ်ကြပါလျက်) ထို သူတို့သည် အသင်တို့ (၏ဆုံးမဩဝါဒ ဟောပြောချက်များ) ကို ယုံကြည်၍ သဒ္ဓါတရား ထားရှိကြကုန်အံ့ ဟု မြှော်ခေါ်တောင်းတ ကြပါသလော။ (စင်စစ် ယင်းကဲ့သို့ မြှော်လင့်ခြင်းသည် အချည်းနှီး ပင်) အကြောင်းမူကား ယင်းသူတို့တွင် အလ္လာဟ် အရှင်မြတ်၏မုက္ခပါဌ်တော်များကို ကြားနာကြရသောသူများ အမှန်ပင်ရှိကြလေသည်၊ (သိကြား နာ၍ ထိုမုက္ခပါဌ်တော်များကိုသိကျွမ်း နားလည် ပြီးနောက် မိမိတို့ အလိုရှိသည့်အတိုင်း) ပြုပြင် ပြောင်းလွှဲကြကုန်သည်။ စင်စစ် (ထိုကဲ့သို့ ပြောင်းလွှဲခြင်းသည် မပြုသင့် မပြုအပ်ကြောင်း ကိုလည်း) မိမိတို့ကိုယ်တိုင် သိရှိကြလေသတည်း။
76وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُم بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُم بِهِ عِندَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ
၎င်းပြင် ထိုသူများသည် ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသော မုအ်မင်န်များနှင့် တွေ့ဆုံကြသော အခါ(ဥပါယ်တမျည်ဖြင့် ယုံကြည်ဟန်ဆောင်၍) ကျွန်ုပ်တို့သည် လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြပါသည်ဟု ပြောဆိုကြကုန်၏။ သို့သော် ယင်းသူတို့အနက်မှ အချို့သည် အခြားသော (ယဟူဒီများနှင့် ဆိတ်ကွယ်ရာ၌) တွေ့ဆုံကြသောအခါ အချင်းတို့ - အသင်တို့သည် အလ္လာဟ် အရှင်မြတ်က (တောင်ရာတ်ကျမ်း၌) သင်တို့ကိုဖွင့်လှစ်ထုတ်ဖော် ပြသတော် မူထားသော အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထိုမုအ်မင်န် များကို သတင်းများ ပေးပို့ကြပါသလော။ ယင်းသူတို့သည် နောင်ခါကာလ၌ အသင်တို့အား မွေးမြူတော်မူသော (အလ္လာဟ်) အရှင်မြတ် အထံတော်တွင် ထိုအကြောင်းအရာများကိုပင် အခြေပြုကာ သင်တို့နှင့်ဖက်ပြိုင် ငြင်းခုံကြကုန်အံ့။ သင်တို့သည် ဤမျှလောက်(ထင်ရှားလှစွာသော အကျိုးအကြောင်းများကိုပင်) အသိဉာဏ်မရှိ မသိနားမလည်နိုင် ကြပါသလောဟု (တစ်ဦးကိုတစ်ဦးပြစ်တင်စကား) ပြောကြားကြကုန်သတည်း။
77أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
ထိုသူတို့သည် (မိမိတို့ စိတ်တွင်းဝယ်) တိတ်တဆိတ် လျှို့ဝှက်ထားကြသော အကြောင်းအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ အထင်အရှား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုကြကုန်သော အကြောင်းအရာခပ်သိမ်းတို့ကို လည်းကောင်း၊ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် (မိမိ၏ ဉာဏ်တော်ဖြင့် အကြွင်းမဲ့) သိရှိတော်မူသည်ကို မသိကြလေသလော။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
75အာယာသ်

ဘာသာပြန် — အလ်-ဗကရ 75

စူရာ အလ်-ဗကရ အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- ‘မုအ်မင်န်’ ယုံကြည်သူအပေါင်းတို့) အသင်တို့သည် (အစ္စရာအီလီ လူမျိုးတို့၏ စိတ်နှလုံး မာကျောခြင်းကို သိရှိပြီးဖြစ်ကြပါလျက်) ထို…

စူရာ အာယာသ် 75/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers