တာဟာ · 46/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ ۝٤٦
Qaala laa takhaafaaa innanee ma`akumaa asma`u wa araa
📖 မြန်မာဘာသာ
(ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 44-48 — စူရာ တာဟာ

44فَقُولَا لَهُ قَوْلًا لَّيِّنًا لَّعَلَّهُ يَتَذَكَّرُ أَوْ يَخْشَىٰ
ထို့နောက် အသင်တို့ နှစ်ဦးသည် ၎င်းအား နူးညံ့သိမ်မွေ့သော စကားကို ပြောဆိုကြလေကုန်။ယင်းဖိရ်အောင်(န်)သည် တရားရကောင်းရရှိပေလိမ့်မည်။ သို့တည်းမဟုတ် ၎င်းသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ကောင်းကြောက်ရွံ့ပေလိမ့်မည်။
45قَالَا رَبَّنَا إِنَّنَا نَخَافُ أَن يَفْرُطَ عَلَيْنَا أَوْ أَن يَطْغَىٰ
(ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။
46قَالَ لَا تَخَافَا ۖ إِنَّنِي مَعَكُمَا أَسْمَعُ وَأَرَىٰ
(ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။
47فَأْتِيَاهُ فَقُولَا إِنَّا رَسُولَا رَبِّكَ فَأَرْسِلْ مَعَنَا بَنِي إِسْرَائِيلَ وَلَا تُعَذِّبْهُمْ ۖ قَدْ جِئْنَاكَ بِآيَةٍ مِّن رَّبِّكَ ۖ وَالسَّلَامُ عَلَىٰ مَنِ اتَّبَعَ الْهُدَىٰ
သို့ဖြစ်ပေရာ အသင်တို့နှစ်ဦးသည် ယင်းဖိရ်အောင်(န်)ထံသို့ သွားကြပြီးလျှင် (ဤသို့)ပြောကြား ကြလေကုန်။ ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရစူလ်တမန်တော်နှစ်ပါးပင်ဖြစ်ကြပေသည်။ သို့ဖြစ်ပေရာ အသင်သည် အစ္စရာအီလီမျိုးနွယ်တို့အား ကျွန်ုပ်နှင့်အတူ ထည့်လိုက်လော့။ ထို့ပြင် အသင်သည် ၎င်းတို့ အား ဒုက္ခမပေးလင့်။ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ သက်သေလက္ခဏာတော်ကို ယူဆောင်လာခဲ့ကြပေသည်။ စင်စစ် ငြိမ်းချမ်းမှုသည် တရားလမ်းမှန်ကို လိုက်နာသူ၏အဖို့သာရှိပေသည်။
48إِنَّا قَدْ أُوحِيَ إِلَيْنَا أَنَّ الْعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ
ဧကန်စင်စစ် ပြစ်ဒဏ်သည် အကြင်သူ၏ အပေါ်၌ပင် ကျရောက်မည် ဖြစ်ကြောင်း၊ အမှန်ပင် ကျွန်ုပ်တို့ထံ အမိန့်တော်ရောက်ရှိလာပြီးဖြစ်ပေသည်။ ထိုသူသည်(ကျွန်ုပ်တို့ယူဆောင်လာခဲ့ကြသောအမိန့် ပညတ်တော်များကို) မဟုတ်မမှန်ဟူ၍ ငြင်းပယ်အံ့။ ၎င်းပြင် ထိုသူသည် မျက်နှာလွှဲဖယ် ကျောခိုင်းသွားအံ့။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
46အာယာသ်

ဘာသာပြန် — တာဟာ 46

စူရာ တာဟာ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့…

စူရာ အာယာသ် 46/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers