وَلَئِن مَّسَّتْهُمْ نَفْحَةٌ مِّنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَا وَيْلَنَا إِنَّا كُنَّا ظَالِمِينَ ٤٦
🔤 Transliteration
Wa la`im massat hum nafhatum min `azaabi Rabbika la yaqoolunna yaawailanaaa innnaa kunnaa zaalimeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။
🌐 Additional reference in ภาษาไทย
၁။ ဝေါဟာရအဓိပ္ပာယ်ရှင်းလင်းချက်
نَفْحَةٌ (နဖ်ဟဟ်)။ ။ အနည်းငယ်မျှသော ထိခိုက်မှု၊ အလွန်နည်းပါးသော အစိတ်အပိုင်းတစ်ခုကို ဆိုလိုသည်။ ဤနေရာတွင် ဘေးဒဏ်၏ အနည်းငယ်မျှသော အစိတ်အပိုင်းကို ရည်ညွှန်းသည်။ مَسَّتْهُمْ (မဆ်ဆတ်ဟွမ်)။ ။ သူတို့ကို ထိရောက်ခဲ့သည်၊ သက်ရောက်ခဲ့သည်ဟု ဆိုလိုသည်။ يَا وَيْلَنَا (ယာ ဝိုင်လနာ)။ ။ အို ငါတို့၏ ပျက်စီးခြင်း၊ အို ငါတို့၏ ဆုံးရှုံးခြင်းဟု အဓိပ္ပာယ်ရသည်။ မိမိကိုယ်ကို အပြစ်တင်သော စကားဖြစ်သည်။ ظَالِمِينَ (ဇွာလိမီန)။ ။ မတရားသူများ၊ မိမိကိုယ်ကို နစ်နာစေသူများဟု ဆိုလိုသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ငြင်းပယ်သော၊ ဘေးဒဏ်ကို အလျင်စလို တောင်းဆိုသော သူများအကြောင်း ဖော်ပြထားသည်။ အကယ်၍ ထိုသူများကို အလ္လာဟ်အရှင်မြတ်၏ ဘေးဒဏ်တော်မှ အနည်းငယ်မျှသော အစိတ်အပိုင်းတစ်ခု ထိရောက်ခဲ့လျှင် သူတို့သည် ချက်ချင်းပင် မိမိတို့၏ ပျက်စီးဆုံးရှုံးမှုကို ကြေညာကာ ငါတို့သည် မတရားသူများ ဖြစ်ခဲ့ပြီဟု ဝန်ခံပြောဆိုကြမည် ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း၊ တမန်တော်တော်ကို ငြင်းပယ်ခြင်းဖြင့် မိမိတို့ကိုယ်ကို နစ်နာစေခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် ဝန်ခံမှုသည် အကျိုးမရှိတော့ပေ။ ဤသည်မှာ လူသားများအား သတိပေးချက်ဖြစ်သည်။ ဘေးဒဏ်မရောက်မီ၊ အခွင့်အခါရှိစဉ် အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ဝန်ခံခြင်း၊ အပြစ်များမှ ရှောင်ကြဉ်ခြင်းသည် ပညာရှိမှုဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် ဘေးဒဏ်ကို အနည်းငယ်မျှဖြင့်ပင် လူသားတို့အား သတိပေးနိုင်သည်ဆိုသော အချက်ကို နားလည်စေသည်။ အပြစ်ကို ဝန်ခံခြင်းသည် ဘေးဒဏ်ရောက်ပြီးမှ မဟုတ်ဘဲ၊ အခွင့်အခါရှိစဉ် ကြိုတင်၍ ဝန်ခံခြင်းသည် အကျိုးရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်ရန် အခွင့်အခါများစွာ ပေးထားသည်ကို သိရှိစေသည်။ အစ္စလာမ်သာသနာသည် လူသားတို့အား မိမိကိုယ်ကို ပြုပြင်ရန်၊ အမှားမှ ပြန်လည်ရပ်တန့်ရန် လမ်းညွှန်ပေးသည်။ ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏
وَلَئِن مَّسَّتۡهُمۡ نَفۡحَةٌ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ٤٦
ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 44-48 — စူရာ အလ်-အန်ဘီယာ
44 بَلْ مَتَّعْنَا هَٰؤُلَاءِ وَآبَاءَهُمْ حَتَّىٰ طَالَ عَلَيْهِمُ الْعُمُرُ ۗ أَفَلَا يَرَوْنَ أَنَّا نَأْتِي الْأَرْضَ نَنقُصُهَا مِنْ أَطْرَافِهَا ۚ أَفَهُمُ الْغَالِبُونَ
စင်စစ်မှာကား ငါအရှင်မြတ်သည် ယင်းတို့အားလည်းကောင်း၊ ယင်းတို့၏ အဘ၊ အဘိုး၊ ဘေးတို့ အားလည်းကောင်း၊ (လောကီစည်းစိမ်များကို ချီးမြှင့်တော်မူခြင်းအားဖြင့်) အသက်တာ ရှည်လျားသွားသည်အထိ စံစားစေတော်မူခဲ့၏။ ငါအရှင်မြတ်သည် (မက္ကာမြို့၏)မြေကို ဘေးပတ်ဝန်းကျင်များမှ(တဖြည်းဖြည်း)ယုတ်လျော့ (ကျဉ်းမြောင်း)အောင် ပြုလုပ်လာတော်မူသည်ကို ၎င်းတို့သည် မမြင်ကြလေသလော။ သို့ဖြစ်ရာ၎င်းတို့သည် အောင်မြင်သောသူများ ဖြစ်ကြမည်လော။
45 قُلْ إِنَّمَا أُنذِرُكُم بِالْوَحْيِ ۚ وَلَا يَسْمَعُ الصُّمُّ الدُّعَاءَ إِذَا مَا يُنذَرُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့အား "ဝဟ်ယ်" အမိန့်တော်ဖြင့် သတိပေးနှိုးဆော်ခြင်းသာဖြစ်သည်။ သို့ရာတွင် နားပင်းသူများမှာမူကား သတိပေးနှိုးဆော်ခြင်း ခံကြရသောအခါ ဟစ်ခေါ်ခြင်းကိုပင် မကြားကြချေ။
46 وَلَئِن مَّسَّتْهُمْ نَفْحَةٌ مِّنْ عَذَابِ رَبِّكَ لَيَقُولُنَّ يَا وَيْلَنَا إِنَّا كُنَّا ظَالِمِينَ
ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင် ၎င်းတို့က "ဪ-ကျွန်ုပ်တို့ဖြစ်မှဖြစ်ရလေခြင်း၊ ကျွန်ုပ်တို့သည်သာလျှင် မတရားမှုကို ကျူးလွန်သော သူများဖြစ်ကြသည်" ဟု (ညည်းညူမြည်တမ်း) ပြောဆိုကြပေမည်။
47 وَنَضَعُ الْمَوَازِينَ الْقِسْطَ لِيَوْمِ الْقِيَامَةِ فَلَا تُظْلَمُ نَفْسٌ شَيْئًا ۖ وَإِن كَانَ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ أَتَيْنَا بِهَا ۗ وَكَفَىٰ بِنَا حَاسِبِينَ
စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။
48 وَلَقَدْ آتَيْنَا مُوسَىٰ وَهَارُونَ الْفُرْقَانَ وَضِيَاءً وَذِكْرًا لِّلْمُتَّقِينَ
ဧကန်စင်စစ် ငါအရှင်မြတ်သည် မူစာနှင့်ဟာရူန်အား အမှားနှင့်အမှန်ကိုကွဲပြား ခြားနားစေသော အလင်းရောင်တစ်ခုဖြစ်သော ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော မွတ္တကီသူတော်စင်တို့အဖို့ ဆုံးမစာတစ်စောင်ဖြစ်သော (တောင်ရာတ်)ကျမ်းကို ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
ဘာသာပြန် — အလ်-အန်ဘီယာ 46 စူရာ အလ်-အန်ဘီယာ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် စင်စစ် အကယ်၍သာ အသင့်အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်မှ အငွေ့မျှပင် ၎င်းတို့၌ သက်ရောက်ခဲ့မူ အမှန်ပင်…
စူရာ အာယာသ် 46/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.