အလ်-မုအ်မီနွန် · 24/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنزَلَ مَلَائِكَةً مَّا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ ۝٢٤
Faqaalal mala`ul lazeena kafaroo min qawmihee maa haazaaa illaa basharum mislukum yureedu ai yatafaddala `alaikum wa law shaaa`al laahu la anzala malaaa`ikatam maa sami`naa bihaazaa feee aabaaa`inal awwaleen
📖 မြန်မာဘာသာ
ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။ ၎င်းသည် အသင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်ချေသည်။ စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန်သို့ ရောက်စေရန်) အလိုရှိတော်မူခဲ့ပါလျှင် ကောင်းကင်တမန်များကိုသာ စေ လွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဤ (တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်ဟူသော)စကားကို မိမိတို့ ရှေးသူဟောင်းများဖြစ်သော ဘိုးဘေးတို့ထံမှ(တစ်ခါဘူးမျှပင်) မကြားခဲ့ဘူးကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • الْمَلَأُ (အလ်-မလာအ်) — မျိုးနွယ်စုအတွင်း ဂုဏ်သတင်းကြီးသော ခေါင်းဆောင်များ၊ အကြီးအကဲများ။
  • بَشَرٌ (ဗရှရ်) — လူသား၊ လူသားတစ်ဦး။
  • يَتَفَضَّلَ (ယတဖဿလ်) — မိမိကိုယ်ကို သာလွန်မြင့်မြတ်စေလိုသည်၊ ကြီးစိုးလွှမ်းမိုးလိုသည်။
  • مَلَائِكَةً (မလာအိကဟ်) — ကောင်းကင်တမန်များ။
  • آبَائِنَا الْأَوَّلِينَ (အာဗာအိနာ အလ်အဝ်ဝလီန်) — ကျွန်ုပ်တို့၏ ရှေးဘိုးဘေးများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) သည် မိမိလူမျိုးကို အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ရန် ဖိတ်ခေါ်သောအခါ၊ သူ၏လူမျိုးထဲမှ မယုံကြည်သော ခေါင်းဆောင်ကြီးများနှင့် ဂုဏ်သရေရှိသူများက သာမန်လူထုကို ပြောဆိုကြသည်။ သူတို့က “ဤနူဟ်သည် သင်တို့နှင့် တူညီသော လူသားတစ်ဦးသာဖြစ်သည်။ သူသည် ရာထူးကြီးကို လိုချင်၍ သင်တို့အပေါ် ကြီးစိုးလွှမ်းမိုးလိုခြင်းသာဖြစ်သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် တမန်တော်တစ်ပါး စေလွှတ်လိုပါက ကောင်းကင်တမန်တစ်ပါးကို စေလွှတ်တော်မူမည်သာဖြစ်သည်။ ဤသို့သော အဆိုကို ကျွန်ုပ်တို့၏ ရှေးဘိုးဘေးများလက်ထက်တွင်လည်း မကြားခဲ့ဖူးပါ” ဟု ဆိုကြသည်။

ဤစကားများဖြင့် သူတို့သည် တမန်တော်ကို ငြင်းပယ်ရုံသာမက၊ လူသားတစ်ဦးကို တမန်တော်အဖြစ် စေလွှတ်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း ထင်ရှားစွာ ဖော်ပြကြသည်။ သူတို့သည် ကောင်းကင်တမန်များကို လက်ခံသော်လည်း၊ လူသားတမန်တော်ကို လက်မခံခြင်းသည် မာန်မာနနှင့် အမှန်တရားကို ငြင်းပယ်လိုသော စိတ်ဆန္ဒကြောင့်သာဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လူသားများထဲမှပင် တမန်တော်များကို ရွေးချယ်စေလွှတ်တော်မူခြင်းသည် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် ကရုဏာတော်၏ လက္ခဏာဖြစ်သည်။ အကြောင်းမှာ လူသားတမန်တော်သည် လူသားတို့၏ ဘာသာစကား၊ ဓလေ့ထုံးတမ်းနှင့် လူ့သဘာဝကို ကောင်းစွာ နားလည်သောကြောင့် ဖြစ်သည်။
  • မာန်မာနနှင့် ရာထူးလိုချင်မှုသည် အမှန်တရားကို ငြင်းပယ်ရန် အဓိကအကြောင်းရင်းဖြစ်သည်။ ခေါင်းဆောင်များက တမန်တော်ကို “ရာထူးလိုချင်သူ” ဟု


📜 အာယာသ် 22-26 — စူရာ အလ်-မုအ်မီနွန်

22وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ထိုမှတစ်ပါး အသင်တို့သည် ယင်းတိရစ္ဆာန်များပေါ်၌လည်းကောင်း၊ သင်္ဘောများပေါ်၌လည်းကောင်း၊ စီးနင်း (သွားလာ တင်ဆောင်)ကြကုန်သတည်း။
23وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
၎င်းပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (နဗီ တမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့၏။ ထိုအခါ ထိုနူဟ်က အို-ငါ၏ အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ ထိုအရှင်မြတ်မှတပါး အသင်တို့၌ ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် (အခြားအရာများကို) ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ မကြောက် ရွံ့ကြလေသလော။
24فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِّثْلُكُمْ يُرِيدُ أَن يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنزَلَ مَلَائِكَةً مَّا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။ ၎င်းသည် အသင်တို့ထက် ကြီးကဲမြင့်မြတ်ရန် ကြံရွယ်နေခြင်းပင် ဖြစ်ချေသည်။ စင်စစ် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် (ကျွန်ုပ်တို့အား တရားလမ်းမှန်သို့ ရောက်စေရန်) အလိုရှိတော်မူခဲ့ပါလျှင် ကောင်းကင်တမန်များကိုသာ စေ လွှတ်တော်မူခဲ့ပေမည်။ ကျွန်ုပ်တို့သည် ဤ (တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင်ဟူသော)စကားကို မိမိတို့ ရှေးသူဟောင်းများဖြစ်သော ဘိုးဘေးတို့ထံမှ(တစ်ခါဘူးမျှပင်) မကြားခဲ့ဘူးကြချေ။
25إِنْ هُوَ إِلَّا رَجُلٌ بِهِ جِنَّةٌ فَتَرَبَّصُوا بِهِ حَتَّىٰ حِينٍ
(စစ်စစ်) ဤနူဟ်သည် ရူးသွပ်ခြင်း(ဝေဒနာစွဲ ကပ်လျက်)ရှိသော သူ(ရူး)တစ်ဦးမျှပင် ဖြစ်ပေရာ အသင်တို့သည် ၎င်းနှင့်ပတ်သက်၍ ကာလအတန်ကြာသည့်တိုင်အောင် စောင့်မျှော်(၍သာကြည့်နေ)ကြလေကုန်။
26قَالَ رَبِّ انصُرْنِي بِمَا كَذَّبُونِ
ထို(နဗီတမန်တော်) နူဟ်က အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းတို့သည် ကျွန်တော်မျိုးအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် အရှင်မြတ်သည် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါဟု လျှောက်ထားအသနားခံခဲ့လေသည်။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 24

စူရာ အလ်-မုအ်မီနွန် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ထိုနူဟ်၏အမျိုးသားတို့အနက် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော အကြီးအကဲတို့က (အချင်းတို့၊) ဤနူဟ်သည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးသာလျှင် ဖြစ်ပေသည်။…

စူရာ အာယာသ် 24/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers