အန်-နူရ် · 45/64
ဘာသာပြန် အသံနိုင်ငံ — အန်-နူရ်
وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِّن مَّاءٍ ۖ فَمِنْهُم مَّن يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُم مَّن يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُم مَّن يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٤٥
Wallaahu khalaqa kulla daaabbatim mim maaa`in faminhum mai yamshee `alaa batnihee wa minhum mai yamshee `alaa rijlaine wa minhum mai yamshee `alaaa arba`; yakhluqul laahu maa yashaaa`; innal laaha `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထို့ပြင် ၎င်းတို့တွင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထိုမှတစ် ပါး ၎င်းတို့တွင် ခြေလေးချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

🎧 နားထောင်


📜 အာယာသ် 43-47 — အန်-နူရ်

43أَلَمْ تَرَ أَنَّ اللَّهَ يُزْجِي سَحَابًا ثُمَّ يُؤَلِّفُ بَيْنَهُ ثُمَّ يَجْعَلُهُ رُكَامًا فَتَرَى الْوَدْقَ يَخْرُجُ مِنْ خِلَالِهِ وَيُنَزِّلُ مِنَ السَّمَاءِ مِن جِبَالٍ فِيهَا مِن بَرَدٍ فَيُصِيبُ بِهِ مَن يَشَاءُ وَيَصْرِفُهُ عَن مَّن يَشَاءُ ۖ يَكَادُ سَنَا بَرْقِهِ يَذْهَبُ بِالْأَبْصَارِ
အသင်သည် မသိမမြင်ခဲ့လေသလော။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိုးတိမ်များကို တဖြည်းဖြည်း မောင်းနှင်တော်မူ၏။ ထို့နောက် ယင်းမိုးတိမ်းများကို အချင်းချင်း ပေါင်းစပ်တော်မူ၏။ ထို့နောက် ၎င်းတို့ကို အထပ်ထပ်ဖြစ်စေတော်မူ၏။ ထိုအခါ အသင်သည် ယင်းမိုးတိမ်များအကြားမှ မိုးပေါက်များထွက်၍ ရွာသွန်းလာသည်ကို တွေ့မြင်ရလေသည်။ ထိုနည်းတူ တစ်နည်း၊ ထိုအရှင်မြတ်သည် ထိုမိုးတိမ်မှပင် (ဝါ)ထိုမိုးတိမ်၏ အစိုင်အခဲကြီးများမှပင် မိုးသီးများကို ကျစေတော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးသီးများပါရှိသော အစိုင်အခဲကြီးများကို ကျစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုမိုးသီးများဖြင့် မိမိအလိုရှိတော်မူသောသူအား ထိခိုက်စေတော်မူ၍၊ မိမိအလိုရှိတော်မူသောသူမှ ယင်းမိုးသီးများကို လွှဲ ဖယ်တော်မူ၏။ ယင်းမိုးတိမ်၏ လျှပ်ပြက်ရောင်သည် စက္ခုအလင်းကို သိမ်းယူသွားအံ့ဆဲဆဲ ဖြစ်ပေသည်။
44يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّأُولِي الْأَبْصَارِ
အလ္လာဟ်အရှင်မြတ်သည် ညဉ့်နှင့်နေ့ကို(အလှည့်ကျ) လွှဲပြောင်းတော်မူပေသည်။ ဧကန်မလွဲ ဤသည်၌ (ဉာဏ်)မျက်စိရှိသူတို့အဖို့ (မှတ်သားဖွယ်) သင်ခန်းစာသည် အမှန်ပင် ရှိပေသတည်း။
45وَاللَّهُ خَلَقَ كُلَّ دَابَّةٍ مِّن مَّاءٍ ۖ فَمِنْهُم مَّن يَمْشِي عَلَىٰ بَطْنِهِ وَمِنْهُم مَّن يَمْشِي عَلَىٰ رِجْلَيْنِ وَمِنْهُم مَّن يَمْشِي عَلَىٰ أَرْبَعٍ ۚ يَخْلُقُ اللَّهُ مَا يَشَاءُ ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထို့ပြင် ၎င်းတို့တွင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ ထိုမှတစ် ပါး ၎င်းတို့တွင် ခြေလေးချောင်းဖြင့်သွားသော သတ္တဝါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
46لَّقَدْ أَنزَلْنَا آيَاتٍ مُّبَيِّنَاتٍ ۚ وَاللَّهُ يَهْدِي مَن يَشَاءُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
ဧကန်စင်စစ် ငါအရှင်မြတ်သည် ထင်ရှားစွာ သက်သေလက္ခဏာတော်များကို ချပေးသနားတော်မူခဲ့သည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ညွှန်ပြပို့ဆောင်တော်မူပေသတည်း။
47وَيَقُولُونَ آمَنَّا بِاللَّهِ وَبِالرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنْهُم مِّن بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
စင်စစ် ထို(မုနာဖစ်က်တို့က) ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ယုံကြည်ပါပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်း) နာခံကြပါပြီဟု ပြောဆိုကြ လေသည်။ တစ်ဖန် ထိုသည့်နောက်တွင် ၎င်းတို့အနက် လူတစ်စုသည် ရှောင်သွေကြလေသည်။ စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူများ မဟုတ်ကြချေ။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
45အာယာသ်

ဘာသာပြန် — အန်-နူရ် 45

စူရာ အန်-နူရ် အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော သတ္တဝါအသီးသီးကို ရေဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ တစ်ဖန် ထိုသတ္တဝါတို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားသော…

စူရာ အာယာသ် 45/64 — အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နူရ် နားထောင်, အန်-နူရ် ဘာသာပြန်, အန်-နူရ် mp3, အန်-နူရ် pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers