အလ်-ဖူရ်ကာန် · 35/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَا مَعَهُ أَخَاهُ هَارُونَ وَزِيرًا ۝٣٥
Wa laqad aatainaa Moosal Kitaaba wa ja`alnaa ma`ahooo akhaahu Haaroona wazeeraa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား (တောင်ရာတ်)ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ထိုမူစာနှင့်အတူ ၎င်း၏နောင်တော် ဟာရူန်အား ကူညီဖော်ကူညီဖက်အဖြစ် ပြုလုပ်ပေးတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အလ်-ဖူရ်ကာန်

33وَلَا يَأْتُونَكَ بِمَثَلٍ إِلَّا جِئْنَاكَ بِالْحَقِّ وَأَحْسَنَ تَفْسِيرًا
စင်စစ်သော်ကား ၎င်းတို့သည် အသင့်ထံသို့ မည်မျှပင် အံ့ဖွယ်ထူးဆန်းသော ဥပမာ ပုံဆောင်ချက်ကိုပင် ယူဆောင်၍ လာကြစေကာမူ၊ ငါအရှင်မြတ်သည် တိကျမှန်ကန်သည့်ပြင် ရှင်းလင်းဖော်ပြချက်အားဖြင့် ပိုမို၍ကောင်းမွန်သော (၎င်း၏)အဖြေကို အသင့်ထံသို့ ပို့ဆောင်တော်မူခဲ့သည် ချည်းသာ။
34الَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُولَٰئِكَ شَرٌّ مَّكَانًا وَأَضَلُّ سَبِيلًا
ထိုသူတို့ပင် "ဂျဟန္နမ်"ငရဲဘုံသို့ မျက်နှာမှောက်လျက် (တရွတ်တိုက်ဆွဲကာ) ပို့ဆောင်ခြင်းကို ခံကြရပေမည်။ ထိုသူတို့ကား နေရာဌာနအားဖြင့် အဆိုးဆုံးသောသူများ၊ တရားလမ်းစဉ်အားဖြင့် လွန်စွာ မှာ�ယွင်းသောသူများသာ ဖြစ်ကြကုန်သတည်း။
35وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ وَجَعَلْنَا مَعَهُ أَخَاهُ هَارُونَ وَزِيرًا
ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား (တောင်ရာတ်)ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ထိုမူစာနှင့်အတူ ၎င်း၏နောင်တော် ဟာရူန်အား ကူညီဖော်ကူညီဖက်အဖြစ် ပြုလုပ်ပေးတော်မူခဲ့၏။
36فَقُلْنَا اذْهَبَا إِلَى الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا فَدَمَّرْنَاهُمْ تَدْمِيرًا
ထို့နောက် ငါအရှင်မြတ်သည်(၎င်းတို့နှစ်ပါးအား) အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်သော အမျိုးသားတို့ထံ သွားကြလေကုန်ဟု မိန့်ကြားတော်မူခဲ့၏။ (ထိုအခါ ၎င်းတို့နှစ်ပါးသည် ထိုအမျိုးသားတို့ထံ သွားရောက်၍ သာသနာပြုခဲ့ကြသော်လည်း ၎င်းတို့သည် ယုံကြည်လက်ခံခြင်း မပြုဘဲ ငြင်းပယ်ခဲ့ကြလေသည်)။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအမျိုးသားတို့အား လုံးဝဖျက်ဆီးတော်မူခဲ့၏။
37وَقَوْمَ نُوحٍ لَّمَّا كَذَّبُوا الرُّسُلَ أَغْرَقْنَاهُمْ وَجَعَلْنَاهُمْ لِلنَّاسِ آيَةً ۖ وَأَعْتَدْنَا لِلظَّالِمِينَ عَذَابًا أَلِيمًا
ထိုနည်းတူစွာ နူဟ်၏ အမျိုးသားတို့အား ၎င်းတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောအခါ ငါအရှင်မြတ်သည် ၎င်းတို့အားလည်း နစ်မြုပ်စေတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား လူခပ်သိမ်းတို့အဖို့ သက်သေလက္ခဏာ တစ်ရပ်ပြုလုပ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် မတော်မတရား ပြုလုပ်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်၍ ထားရှိတော်မူသည်။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 35

စူရာ အလ်-ဖူရ်ကာန် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး စင်စစ်ဧကန် ငါအရှင်မြတ်သည် မူစာအား (တောင်ရာတ်)ကျမ်းဂန်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ထိုမူစာနှင့်အတူ ၎င်း၏နောင်တော်…

စူရာ အာယာသ် 35/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers