إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُل رَّبِّي أَعْلَمُ مَن جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُّبِينٍ ٨٥
🔤 Transliteration
Innal azee farada `alaikal Qur-aana laraaadduka ilaa ma`aad; qur Rabbeee a`lamu man jjaaa`a bil hudaa wa man huwa fee dalaalim mubeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍ ပို့ပေးတော်မူအံ့သော အရှင်ဖြစ်တော်မူ၏။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ကို ဆောင်ကြဉ်းခဲ့သောသူအားလည်းကောင်း၊ ထင်ရှားစွာသော လမ်းမှား၌ ရှိနေသောသူအားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ فَرَضَ (ဖရဒါ) — ပညတ်တော်မူသည်၊ တာဝန်ပေးအပ်တော်မူသည်၊ မဖြစ်မနေ လိုက်နာရမည့်အရာအဖြစ် သတ်မှတ်တော်မူသည်။مَعَادٍ (မာအာဒ်) — ပြန်လည်ရောက်ရှိရမည့်နေရာ၊ မူလဇာတိဌာနေ။ ဤနေရာတွင် မက္ကာမြို့ကို ရည်ညွှန်းသည်။ضَلَالٍ مُّبِينٍ (ဒလာလင်မုဗီးန်) — ထင်ရှားလှသော လမ်းမှားမှု၊ မကွယ်မဝှက် ထင်ရှားသော အမှားလမ်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူပြီး၊ ထိုကျမ်းတော်ကို လူသားတို့ထံ ပို့ချဖြန့်ဝေရန်နှင့် ထိုကျမ်းတော်၏ သွန်သင်ချက်များကို ကိုယ်တိုင်လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်တော်မူခဲ့သည်။ ထိုအရှင်မြတ်သည် တမန်တော်မြတ်အား မိမိထွက်ခွာလာခဲ့ရာ မက္ကာမြို့တော်သို့ ပြန်လည်ရောက်ရှိစေတော်မူမည်ဖြစ်သည်။ ထိုအချိန်တွင် မက္ကာမြို့သည် အောင်ပွဲခံပြီး အစ္စလာမ်သာသနာ ထွန်းကားလာမည်ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား ဤသို့ပြောဆိုရန် မိန့်ကြားတော်မူသည် — အို တမန်တော်၊ သင်သည် ဤမက္ကာမြို့ရှိ မိစ္ဆာကောင်များအား ပြောကြားလိုက်ပါ — ကျွန်ုပ်၏ အရှင်မြတ်သည် တရားလမ်းညွှန်ချက် (ဝဟီ) ကို ယူဆောင်လာသူနှင့် ထင်ရှားလှသော လမ်းမှားမှုထဲတွင် ရှိနေသူကို အသိဆုံးဖြစ်တော်မူသည်။ အရှင်မြတ်သည် နှစ်ဖက်လုံးကို ကောင်းစွာသိရှိတော်မူပြီး၊ မည်သူသည် ဖြောင့်မတ်သောလမ်းကို လိုက်နာသူဖြစ်သည်၊ မည်သူသည် လမ်းမှားတွင် ရှိနေသူဖြစ်သည်ကို အကောင်းဆုံးသိတော်မူသည်။ ထို့ကြောင့် လူတိုင်း၏ လုပ်ရပ်များနှင့်အညီ အရှင်မြတ်သည် အစားပေးတော်မူမည်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် ဧကန်မုချ ပြည့်စုံသည် — တမန်တော်မြတ်သည် မက္ကာမြို့မှ ထွက်ခွာလာရသောအခါ ဝမ်းနည်းကြေကွဲခဲ့ရသော်လည်း၊ အလ္လာဟ်အရှင်မြတ်သည် ထိုမြို့တော်သို့ အောင်ပွဲခံပြီး ပြန်လည်ရောက်ရှိစေတော်မူမည်ဟု ကတိပေးတော်မူခဲ့သည်။ ဤကတိတော်သည် ပြည့်စုံခဲ့သည်။ ဤအချက်သည် အလ
إِنَّ ٱلَّذِي فَرَضَ عَلَيۡكَ ٱلۡقُرۡءَانَ لَرَآدُّكَ إِلَىٰ مَعَادٍۚ قُل رَّبِّيٓ أَعۡلَمُ مَن جَآءَ بِٱلۡهُدَىٰ وَمَنۡ هُوَ فِي ضَلَٰلٍ مُّبِينٍ ٨٥
ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍ ပို့ပေးတော်မူအံ့သော အရှင်ဖြစ်တော်မူ၏။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ကို ဆောင်ကြဉ်းခဲ့သောသူအားလည်းကောင်း၊ ထင်ရှားစွာသော လမ်းမှား၌ ရှိနေသောသူအားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 83-87 — စူရာ အလ်-ကစာစ်
83 تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ
ဤသည် တမလွန်ဘဝ၏ ဗိမာန်တည်း။ ငါအရှင်မြတ်သည် ထိုဗိမာန်ကို အကြင်သူတို့အဖို့ သတ်မှတ်ပေးသနားတော်မူသည်။ ထိုသူတို့သည် တိုင်းပြည်တွင် မောက်မာပလွှားမှုကိုလည်း အလိုရှိကြသည် မဟုတ်ပေ။ ဖျက်ဆီးမှုကိုလည်း လိုလားကြသည်မဟုတ်ပေ။ စင်စစ်သော်ကား (ကောင်းမြတ်သော) အကျိုးဆက်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သော သူတို့အဖို့သာ ဖြစ်ပေသည်။
84 مَن جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِّنْهَا ۖ وَمَن جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى الَّذِينَ عَمِلُوا السَّيِّئَاتِ إِلَّا مَا كَانُوا يَعْمَلُونَ
မည်သူမဆို ကောင်းမှုကို ဆောင်ကြဉ်းခဲ့သည်ရှိသော်၊ ထိုသူ၏အဖို့ ယင်းကောင်းမှုထက် ပိုမိုကောင်းမြတ်သော (အကျိုး)သည် ရှိပေသည်။ သို့ရာတွင် မည်သူမဆို မကောင်းမှုဆောင်ကြဉ်းခဲ့မူ မကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကား မိမိတို့ကျင့်မူခဲ့ကြကုန်သော ပြစ်မှုနှင့်အမျှသာလျှင် အစားပေးခြင်းကို ခံကြရကုန်အံ့သတည်း။
85 إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُل رَّبِّي أَعْلَمُ مَن جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُّبِينٍ
ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍ ပို့ပေးတော်မူအံ့သော အရှင်ဖြစ်တော်မူ၏။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းမှန်ကို ဆောင်ကြဉ်းခဲ့သောသူအားလည်းကောင်း၊ ထင်ရှားစွာသော လမ်းမှား၌ ရှိနေသောသူအားလည်းကောင်း၊ ကောင်းစွာ သိရှိတော်မူ၏။
86 وَمَا كُنتَ تَرْجُو أَن يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِّن رَّبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِّلْكَافِرِينَ
စင်စစ် အသင်သည် မိမိထံသို့(ဤကုရ်အာန်)ကျမ်းမြတ် ချပေးသနားတော်မူခြင်းခံရမည်ဟု မျှော်လင့်၍ နေခဲ့သည်ပင် မဟုတ်ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ဖြင့် (ကျရောက်လာခဲ့လေပြီ)။ သို့ဖြစ်ပေရာ အသင်သည်(ဤ)’ကာဖိရ်’သွေဖည်ငြင်းပယ်ကြသော သူတို့အား ကူညီထောက်ခံသူ အလျှင်း မဖြစ်ပါလေနှင့်။
87 وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ကျရောက်လာခဲ့ပြီးနောက်၊ ၎င်းတို့သည် အသင့်အား ထိုအမိန့်တော်များမှ လုံးဝတားဆီးခြင်း မပြုကြစေနှင့်။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့(လူတို့အား) ဖိတ်ခေါ်လျက်ရှိပါလေ။၎င်းပြင် အသင်သည်’မုရှ်ရစ်က်’တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော သူတို့တွင် အပါအဝင် အလျှင်း မဖြစ်ပါလေနှင့်။
ဘာသာပြန် — အလ်-ကစာစ် 85 စူရာ အလ်-ကစာစ် အာယာသ် 85 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ (အို-နဗီတမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (ချမှတ်)ပြဌာန်း၍ ပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိနေရပ်သို့ အမှန်ပင်ပြန်၍…
စူရာ အာယာသ် 85/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 83–87. မြန်မာဘာသာ: ภาษาไทย.