အလ်-ကစာစ် · 88/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ ۘ لَا إِلَٰهَ إِلَّا هُوَ ۚ كُلُّ شَيْءٍ هَالِكٌ إِلَّا وَجْهَهُ ۚ لَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ ۝٨٨
Wa laa tad`u ma`al laahi ilaahan aakhar; laaa ilaaha illaa Hoo; kullu shai`in haalikun illaa Wajhah; lahul hukkmu wa ilaihi turja`oon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် (တသ)ခြင်း မပြုပါလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်မှတစ်ပါး၊ အခြားအရာခပ်သိမ်းကုန်တို့သည် ပျက်စီးဆုံးပါးမည့် အရာချည်း သာဖြစ်ကုန်၏။ အမိန့်အာဏာ အလုံးစုံတို့သည် ထိုအရှင်မြတ်၌သာ ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်ပို့ပေးခြင်း ခံကြရကုန်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။

  • ဝလာ တဒ်အု (وَلَا تَدْعُ) — အခြားသော ဘုရားကို မကိုးကွယ်နှင့်၊ မခေါ်ယူနှင့်။
  • မာအလ္လာဟိ (مَعَ اللَّهِ) — အလ္လာဟ်အရှင်မြတ်နှင့်အတူ။
  • ဣလာဟန် အာခါရာ (إِلَٰهًا آخَرَ) — အခြားသော ကိုးကွယ်ရာ ဘုရားတစ်ပါး။
  • လာ ဣလာဟာ ဣလ္လာ ဟုဝါ (لَا إِلَٰهَ إِلَّا هُوَ) — သူမှတစ်ပါး အခြားကိုးကွယ်ရာ ဘုရားမရှိ။
  • ဟာလီကုန် (هَالِكٌ) — ပျက်စီးဆုံးရှုံးမည့်အရာ၊ ကွယ်ပျောက်သွားမည့်အရာ။
  • ဝဂျ်ဟဟု (وَجْهَهُ) — အရှင်မြတ်၏ မျက်နှာတော်၊ အရှင်မြတ်၏ ဇာတ်တော်။
  • လဟုလ် ဟုကမ် (لَهُ الْحُكْمُ) — စီရင်ဆုံးဖြတ်ပိုင်ခွင့်သည် အရှင်မြတ်အတွက်သာ ဖြစ်သည်။
  • ဣလိုင်ဟိ တုရ်ဂျအွန်း (وَإِلَيْهِ تُرْجَعُونَ) — အရှင်မြတ်ထံတော်သို့သာ သင်တို့ပြန်လည်ရောက်ရှိကြရမည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

အို လူသားတို့၊ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာ ဘုရားတစ်ပါးကို မကိုးကွယ်ကြနှင့်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော စစ်မှန်သည့် ဘုရားဟူ၍ မရှိပါ။ အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်ဖြစ်တော်မူသည်။ ဤလောကနှင့် နောင်လောကရှိ အရာအားလုံးတို့သည် ပျက်စီးကွယ်ပျောက်သွားကြမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်သာလျှင် ထာဝရတည်ရှိတော်မူမည်။ စီရင်ဆုံးဖြတ်ပိုင်ခွင့်အာဏာသည် အရှင်မြတ်တစ်ပါးတည်းအတွက်သာ ဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း စီရင်ဆုံးဖြတ်တော်မူသည်။ သေလွန်ပြီးနောက် ကိယာမသ်နေ့တွင် သင်တို့အားလုံးသည် အရှင်မြတ်ထံတော်သို့သာ ပြန်လည်ရောက်ရှိကြရမည်။ ထိုနေ့တွင် သင်တို့၏ လုပ်ရပ်များအတွက် စစ်ဆေးမေးမြန်းခြင်းနှင့် အကျိုးအပြစ်ပေးခြင်းကို ခံကြရမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။

  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်ဖြစ်တော်မူသည်။ သူနှင့်တွဲဖက်၍ မည်သည့်အရာကိုမျှ ကိုးကွယ်ခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်။
  • ဤလောကရှိ အရာအားလုံးသည် ပျက်စီးကွယ်ပျောက်သွားမည်ဖြစ်သည်။ ထာဝရတည်ရှိနေမည့်အရာမှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည


📜 အာယာသ် 86-88 — စူရာ အလ်-ကစာစ်

86وَمَا كُنتَ تَرْجُو أَن يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِّن رَّبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِّلْكَافِرِينَ
စင်စစ် အသင်သည် မိမိထံသို့(ဤကုရ်အာန်)ကျမ်းမြတ် ချပေးသနားတော်မူခြင်းခံရမည်ဟု မျှော်လင့်၍ နေခဲ့သည်ပင် မဟုတ်ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်ဖြင့် (ကျရောက်လာခဲ့လေပြီ)။ သို့ဖြစ်ပေရာ အသင်သည်(ဤ)’ကာဖိရ်’သွေဖည်ငြင်းပယ်ကြသော သူတို့အား ကူညီထောက်ခံသူ အလျှင်း မဖြစ်ပါလေနှင့်။
87وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ကျရောက်လာခဲ့ပြီးနောက်၊ ၎င်းတို့သည် အသင့်အား ထိုအမိန့်တော်များမှ လုံးဝတားဆီးခြင်း မပြုကြစေနှင့်။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်သို့(လူတို့အား) ဖိတ်ခေါ်လျက်ရှိပါလေ။၎င်းပြင် အသင်သည်’မုရှ်ရစ်က်’တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် နှိုင်းယှဉ်ကိုးကွယ်ကြသော သူတို့တွင် အပါအဝင် အလျှင်း မဖြစ်ပါလေနှင့်။
88وَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ ۘ لَا إِلَٰهَ إِلَّا هُوَ ۚ كُلُّ شَيْءٍ هَالِكٌ إِلَّا وَجْهَهُ ۚ لَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် (တသ)ခြင်း မပြုပါလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ ထိုအရှင်မြတ်မှတစ်ပါး၊ အခြားအရာခပ်သိမ်းကုန်တို့သည် ပျက်စီးဆုံးပါးမည့် အရာချည်း သာဖြစ်ကုန်၏။ အမိန့်အာဏာ အလုံးစုံတို့သည် ထိုအရှင်မြတ်၌သာ ရှိကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်ပို့ပေးခြင်း ခံကြရကုန်အံ့သတည်း။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
88အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 88

စူရာ အလ်-ကစာစ် အာယာသ် 88 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် (တသ)ခြင်း မပြုပါလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။…

စူရာ အာယာသ် 88/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 86–88. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers