အလ်-အန်ကာဘူတ် · 48/69
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ကာဘူတ်
وَمَا كُنتَ تَتْلُو مِن قَبْلِهِ مِن كِتَابٍ وَلَا تَخُطُّهُ بِيَمِينِكَ ۖ إِذًا لَّارْتَابَ الْمُبْطِلُونَ ۝٤٨
Wa maa kunta tatloo min qablihee min kitaabinw wa laa takhuttubhoo bi yameenika izal lartaabal mubtiloon
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အသင်သည် ဤကျမ်းဂန်(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် မည်သည့်ကျမ်းကိုမျှပင် ဖတ်ရွတ်လျက်ရှိခဲ့သည်လည်း မဟုတ်ပေ။ မည်သည့်ကျမ်းကိုမျှပင် မိမိလက်ယာလက်ဖြင့် ရေးသားခဲ့သည်လည်း မဟုတ်ပေ။ သို့ဖြစ်ခဲ့ပါလျှင် အမှားကိုလိုက်စားကြသော သူတို့သည်အမှန်ပင် ဒွိဟသံသယ ဖြစ်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 46-50 — စူရာ အလ်-အန်ကာဘူတ်

46۞ وَلَا تُجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ ۖ وَقُولُوا آمَنَّا بِالَّذِي أُنزِلَ إِلَيْنَا وَأُنزِلَ إِلَيْكُمْ وَإِلَٰهُنَا وَإِلَٰهُكُمْ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ
၎င်းပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသောသူတို့နှင့် ကောင်းမွန်(ယဉ်ကျေးသိမ်မွေ့)လှသော နည်းဖြင့်သာလျှင် အချေအတင် ပြောဆိုကြလေကုန်။ သို့ရာတွင် ၎င်းတို့အနက် တရားလွန်ပြုမူသောသူတို့နှင့်မူကား ပြတ်သားစွာ အချေအတင် ပြောဆိုနိုင်ခွင့်ရှိ၏။ သို့တစေလည်း အသင့်မြတ်ဆုံးမှာ သိမ်မွေ့သောနည်းပင်ဖြစ်သည်။ ထိုမှတစ်ပါး အသင်တို့သည် (ဤသို့) ပြောကြားကြလေကုန်၊ "ကျွန်ုပ်တို့သည် မိမိတို့ထံ ကျရောက်ခဲ့သော (ကျမ်းမြတ်)ကိုလည်းကောင်း၊အသင်တို့ထံ ကျရောက်ခဲ့ကြသော (ကျမ်းဂန်)တို့ကိုလည်းကောင်း၊ ယုံကြည်ကြကုန်၏။ စင်စစ်သော်ကား ကျွန်ုပ်တို့၏ဆည်းကပ် ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ အသင်တို့၏ ဆည်းကပ်ကိုးကွယ်ရာ အရှင်မြတ်သည်လည်းကောင်း၊ တစ်ဆူတည်းသာ ဖြစ်တော်မူ၏။ ၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာလျှင် လိုက်နာသူများ ဖြစ်ကြပေသတည်း။
47وَكَذَٰلِكَ أَنزَلْنَا إِلَيْكَ الْكِتَابَ ۚ فَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يُؤْمِنُونَ بِهِ ۖ وَمِنْ هَٰؤُلَاءِ مَن يُؤْمِنُ بِهِ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الْكَافِرُونَ
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ် သည်အသင့်ထံသို့ ကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)ကို ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ် ကျမ်းဂန် ချီးမြှင့် ပေးသနားတော်မူခဲ့သောသူတို့သည် ယင်း(ကုရ်အာန်)ကျမ်းမြတ်ကိုယုံကြည်ကြကုန်၏။ ထိုမှတစ်ပါး ဤ(မက္ကာမြို့သားတို့)အနက်မှလည်း ယင်း(ကုရ်အာန်)ကျမ်းမြတ်ကို ယုံကြည်ကြသူများရှိ ကြ၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ ‘အာယတ်’တော်များကို ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့ သည်သာလျှင် ငြင်းပယ်ကြကုန်၏။
48وَمَا كُنتَ تَتْلُو مِن قَبْلِهِ مِن كِتَابٍ وَلَا تَخُطُّهُ بِيَمِينِكَ ۖ إِذًا لَّارْتَابَ الْمُبْطِلُونَ
အမှန်စင်စစ်သော်ကား အသင်သည် ဤကျမ်းဂန်(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် မည်သည့်ကျမ်းကိုမျှပင် ဖတ်ရွတ်လျက်ရှိခဲ့သည်လည်း မဟုတ်ပေ။ မည်သည့်ကျမ်းကိုမျှပင် မိမိလက်ယာလက်ဖြင့် ရေးသားခဲ့သည်လည်း မဟုတ်ပေ။ သို့ဖြစ်ခဲ့ပါလျှင် အမှားကိုလိုက်စားကြသော သူတို့သည်အမှန်ပင် ဒွိဟသံသယ ဖြစ်ကြပေမည်။
49بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ
ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ဤကျမ်းဂန်(ကုရ်အာန်ကျမ်းမြတ်)သည် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့၏ စိတ်နှလုံးများတွင် (ထိန်းသိမ်းထားသော) လွန်စွာထင်ရှားလှသည့် သက်သေလက္ခဏာများပင် ဖြစ်ပေသည်။ စင်စစ်သော်ကား မတရားသော သူတို့သည်သာလျှင် ငါအရှင်မြတ်၏အာယတ်တော်များကို ငြင်းပယ်ကုန်ကြသတည်း။
50وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ آيَاتٌ مِّن رَّبِّهِ ۖ قُلْ إِنَّمَا الْآيَاتُ عِندَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُّبِينٌ
ထိုမှတစ်ပါး ၎င်းတို့က "အဘယ်ကြောင့် ဤ(တမန်တော်)၏အပေါ်၌ သက်သေလက္ခဏာများ ကျရောက်လာခြင်း မရှိပါသနည်း"ဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။(အချင်းတို့) သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်း၌သာရှိကုန်၏။ စင်စစ်မှာကား ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူ တစ်ဦးမျှသာ ဖြစ်ပေသည်။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 48

စူရာ အလ်-အန်ကာဘူတ် အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အသင်သည် ဤကျမ်းဂန်(ကုရ်အာန်ကျမ်းတော်မြတ်)အလျင် မည်သည့်ကျမ်းကိုမျှပင် ဖတ်ရွတ်လျက်ရှိခဲ့သည်လည်း မဟုတ်ပေ။ မည်သည့်ကျမ်းကိုမျှပင် မိမိလက်ယာလက်ဖြင့် ရေးသားခဲ့သည်လည်း မဟုတ်ပေ။…

စူရာ အာယာသ် 48/69 — စူရာ အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ကာဘူတ် နားထောင်, စူရာ အလ်-အန်ကာဘူတ် ဘာသာပြန်, စူရာ အလ်-အန်ကာဘူတ် mp3, စူရာ အလ်-အန်ကာဘူတ် pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers