အာလ်-အိမရာန် · 176/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
وَلَا يَحْزُنكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَن يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ ۝١٧٦
Wa laa yahzunkal lazeena yusaari`oona fil Kufr; innahum lai yadurrul laaha shai`aa; yureedul laahu allaa yaj`ala lahum hazzan fil Aakhirati wa lahum `azaabun `azeem
📖 မြန်မာဘာသာ
ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှပင် အကျိုးယုတ် နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် (မိမိ၏စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များအနက်မှ) မည်သည့် ဝေစုဝေပုံကိုမျှ ပေးသနားတော်မူရန်ရည်စူးတော် မမူချေ။ ၎င်းပြင် ထိုသူတို့အဘို့ (နောင်တမလွန်ဘဝတွင်) အလွန်ကြီးလေးသော အပြစ်ဒဏ်သည် လည်း(အသင့်)ရှိပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • ယဟ်ဇုန်က (يَحْزُنكَ): သင့်ကို ဝမ်းနည်းစေသည်၊ စိတ်မချမ်းမြေ့စေသည်။
  • ယုသာရိအုန (يُسَارِعُونَ): အလျင်အမြန်လုပ်ဆောင်ကြသည်၊ အမြန်ဆုံးလုပ်ကြသည်။
  • ကူဖ်ရ် (الْكُفْرِ): မယုံကြည်မှု၊ အစ္စလာမ်ကို ငြင်းပယ်မှု။
  • ဟဇ္ဇန် (حَظًّا): အခွင့်အရေး၊ ဝေစု၊ ရရှိမည့်အပိုင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ မယုံကြည်မှုကို အလျင်အမြန်လုပ်ဆောင်နေကြသော သူများသည် သင့်ကို ဝမ်းနည်းစေခြင်းမရှိပါစေနှင့်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေနိုင်မည်မဟုတ်ပေ။ သူတို့သည် မိမိတို့ကိုယ်ကိုသာ နစ်နာစေကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား နောင်တမလွန်ဘဝတွင် မည်သည့်ကောင်းကျိုးအခွင့်အရေးကိုမျှ ပေးသနားတော်မူမည်မဟုတ်ကြောင်း ရည်ရွယ်တော်မူသည်။ အကြောင်းမှာ သူတို့သည် အမှန်တရားလမ်းစဉ်ကို လှည့်ထွက်သွားကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သူတို့အတွက် နောင်တမလွန်ဘဝတွင် အလွန်ကြီးလေးသော ပြစ်ဒဏ်သည် ရှိပေမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်နှင့် အစ္စလာမ်သာသနာတော်သည် မယုံကြည်သူများ၏ ရန်လိုမှုကြောင့် မည်သည့်အခါမျှ ထိခိုက်နစ်နာခြင်းမရှိပါ။ အမှန်တရားသည် အမြဲတည်ရှိပြီး အောင်မြင်မှုရမည်ဖြစ်သည်။
  • မွတ်စ်လင်မ်များအနေဖြင့် ရန်သူများ၏ လုပ်ရပ်များကြောင့် စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်းမဖြစ်သင့်ပါ။ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို ကာကွယ်စောင့်ရှောက်တော်မူမည်ဖြစ်သည်။
  • မယုံကြည်မှုနှင့် မကောင်းမှုလုပ်ရပ်များသည် လုပ်ဆောင်သူကိုယ်တိုင်ကိုသာ နစ်နာစေပြီး နောင်တမလွန်ဘဝတွင် ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။
  • အစ္စလာမ်သာသနာတော်သည် လူသားအားလုံးကို အမှန်တရားလမ်းစဉ်သို့ လိုက်လျှောက်ရန် ဖိတ်ခေါ်ထားပြီး ထိုလမ်းစဉ်မှ လှည့်ထွက်သွားသူများသည် မိမိတို့ကိုယ်ကို ဆုံးရှုံးစေကြခြင်းဖြစ်သည်။
  • ဤအာယသ်တော်သည် မွတ်စ်လင်မ်များအား ခိုင်မာသော ယုံကြည်မှုနှင့် စိတ်ရှည်သည်းခံမှုကို လမ်းညွှန်ပေးပြီး အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှုကို ခ


📜 အာယာသ် 174-178 — စူရာ အာလ်-အိမရာန်

174فَانقَلَبُوا بِنِعْمَةٍ مِّنَ اللَّهِ وَفَضْلٍ لَّمْ يَمْسَسْهُمْ سُوءٌ وَاتَّبَعُوا رِضْوَانَ اللَّهِ ۗ وَاللَّهُ ذُو فَضْلٍ عَظِيمٍ
သို့ဖြစ်ပေရာ ယင်းသူတို့သည် (ယုံကြည် စိတ်ချစွာဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်ထွက်ခဲ့ကြပြီးနောက်)မည်သည့်အန္တရာယ်မျှ ထိရောက်ခြင်းမျှမရှိဘဲအလ္လာဟ်အရှင်မြတ်အထံတော်မှ (ပေးသနားတော်မူသော)စည်းစိမ် ချမ်းသာ �ျားအပြင် အထူးကျေးဇူးတော်နှင့်တကွ(မိမိတို့အိမ်များသို့) ပြန်ခဲ့ကြကုန်သည်။ စင်စစ် တမူကားထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏ နှစ်သက်မှုကိုလိုက်နာပြုလုပ်ခဲ့ကြကုန်၏။ အလ္လာဟ် အရှင်မြတ်သည်လည်းအတိုင်းမရှိ ကြီးကျယ်လှစွာ သော ကျေးဇူးတော်ရှင်ဖြစ်တော်မူပေသည်။
175إِنَّمَا ذَٰلِكُمُ الشَّيْطَانُ يُخَوِّفُ أَوْلِيَاءَهُ فَلَا تَخَافُوهُمْ وَخَافُونِ إِن كُنتُم مُّؤْمِنِينَ
ဤသည် ရှိုင်တွာန်မျှသာတည်း။ ထို ရှိုင်တွာန်သည် (အသင်တို့ထံ ယင်းကဲ့သို့ မဟုတ်မမှန်သောသတင်းများကို ပို့ဆောင်ခြင်းအားဖြင့်) အသင်တို့အား မိမိ အဆွေခင်ပွန်းတို့ကို ကြောက်ရွံ့စေလေသည်။ (တနည်း) မိမိအဆွေခင်ပွန်းတို့ကို ခြိမ်းခြောက်လေသည်။ သို့သော်လည်း အကယ်၍ အသင်တို့သည် မုအ်မင်န် သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်ယင်းသူတို့အား မကြောက်မရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။
176وَلَا يَحْزُنكَ الَّذِينَ يُسَارِعُونَ فِي الْكُفْرِ ۚ إِنَّهُمْ لَن يَضُرُّوا اللَّهَ شَيْئًا ۗ يُرِيدُ اللَّهُ أَلَّا يَجْعَلَ لَهُمْ حَظًّا فِي الْآخِرَةِ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှပင် အကျိုးယုတ် နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် (မိမိ၏စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များအနက်မှ) မည်သည့် ဝေစုဝေပုံကိုမျှ ပေးသနားတော်မူရန်ရည်စူးတော် မမူချေ။ ၎င်းပြင် ထိုသူတို့အဘို့ (နောင်တမလွန်ဘဝတွင်) အလွန်ကြီးလေးသော အပြစ်ဒဏ်သည် လည်း(အသင့်)ရှိပေသည်။
177إِنَّ الَّذِينَ اشْتَرَوُا الْكُفْرَ بِالْإِيمَانِ لَن يَضُرُّوا اللَّهَ شَيْئًا وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မလွဲ အီမာန် ယုံကြည်ခြင်း သဒ္ဓါတရား(တည်းဟူသောရတနာ)ဖြင့် သွေဖည်ငြင်းပယ်မှုကို လဲလှယ်ဝယ်ယူကြကုန်သောသူတို့သည် အလ္လာဟ်အရှင်မြတ်အားအနည်းငယ်မျှ အကျိုးယုတ်နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ချေ။ အမှန် စင်စစ်သော်ကား ယင်းသူတို့ အဖို့(နောင်တမလွန်ဘဝတွင်) အလွန်နာကျင်ဖွယ် ဖြစ်သောအပြစ်ဒဏ်သည် (အသင့်) ရှိချေသတည်း။
178وَلَا يَحْسَبَنَّ الَّذِينَ كَفَرُوا أَنَّمَا نُمْلِي لَهُمْ خَيْرٌ لِّأَنفُسِهِمْ ۚ إِنَّمَا نُمْلِي لَهُمْ لِيَزْدَادُوا إِثْمًا ۚ وَلَهُمْ عَذَابٌ مُّهِينٌ
ထိုမှတစ်ပါးတုံ သွေဖည် ငြင်းပယ်ကြကုန် သောသူတို့သည် မိမိတို့အား ငါအရှင်မြတ်က (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်ငံ့ထားတော် မူသည်ကို မိမိတို့အဖို့ ကောင်းမြတ်လှပေသည်ဟု အလျင်းမထင်မှတ်ကြချေ။ငါအရှင်မြတ်သည် ယင်းသူတို့အား (အပြစ်ဒဏ်ပေးတော်မူခြင်းမှ) ဆိုင်းငံ့ထားတော်မူသည်မှာ စင်စစ် ယင်းသူတို့သည် အပြစ်ဒုစရိုက်မှုများ၌ ပိုမိုတိုးပွားစိမ့်သောငှာသာလျှင် ဖြစ်ချေသည်။ တဖန်(နောင်တမလွန်ဘဝတွင်လည်း)ထိုသူတို့အဖို့ ဂုဏ်အသရေပျက်စေသော အပြစ်ဒဏ်သည်(အသင့်ပြင်ဆင်ပြီး)ရှိပေ သတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
176အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 176

စူရာ အာလ်-အိမရာန် အာယာသ် 176 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား…

စူရာ အာယာသ် 176/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 174–178. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers