အာလ်-အိမရာန် · 198/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ ۝١٩٨
Laakinil lazeenat taqaw Rabbahum lahum Jannnaatun tajree min tahtihal anhaaru khaalideena feehaa nuzulammin `indil laah; wa maa `indal laahi khairul lil abraar
📖 မြန်မာဘာသာ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်တွင် ပါဝင်သော ဝေါဟာရများနှင့် အဓိပ္ပာယ်ရှင်းလင်းချက်။
  • အတ္တက္ကာ (اتَّقَوْا)။ ။ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း၊ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း။
  • ဂျန္နာသ် (جَنَّاتٌ)။ ။ ဥယျာဉ်များ၊ သုခဘုံများ။
  • နုဇုလာ (نُزُلًا)။ ။ ဧည့်ခံကျွေးမွေးခြင်း၊ ဆုလာဘ်အဖြစ် ပြင်ဆင်ပေးထားသော ဂုဏ်ပြုချက်။
  • အဗ္ရာရ် (الْأَبْرَارِ)။ ။ သီလဝန္တ၊ ကောင်းမှုပြုသူများ၊ အလ္လာဟ်အရှင်မြတ်အား နာခံသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

သို့သော် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သူများ၊ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်သူများအတွက်မူ သူတို့၏ အောက်မှ မြစ်ချောင်းများ စီးဆင်းနေသော သုခဥယျာဉ်များ ရှိကြပေမည်။ သူတို့သည် ထိုဥယျာဉ်များတွင် ထာဝရနေထိုင်ကြရမည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အတွက် ဂုဏ်ပြုဆုလာဘ်အဖြစ် ပြင်ဆင်ပေးထားသော ဧည့်ခံကျွေးမွေးမှုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှိသော ဆုလာဘ်များသည် ကောင်းမှုပြုသူများအတွက် ဤလောက၌ ကာဖိရ်များ ခံစားနေကြရသော လောကီစည်းစိမ်များထက် အများကြီး ပိုမိုကောင်းမြတ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ခြင်း (တက္ကဝါ) သည် သုခဘုံကို ရရှိစေသော အဓိကသော့ချက် ဖြစ်သည်။
  • သုခဘုံ၏ စည်းစိမ်များသည် ထာဝရတည်မြဲပြီး မည်သည့်အခါမျှ ကုန်ဆုံးမည် မဟုတ်ပေ။
  • လောကီဘဝ၏ စည်းစိမ်များသည် ယာယီသာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှိသော ဆုလာဘ်များသာ အမှန်တကယ် အကောင်းဆုံးဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား နာခံသူများအတွက် ဂုဏ်ပြုဆုလာဘ်များကို အသင့်ပြင်ဆင်ပေးထားတော်မူသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အား ချစ်မြတ်နိုးလာစေရန် လှုံ့ဆော်ပေးသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိအား ကြောက်ရွံ့သူများအတွက် ထာဝရသုခဘုံကို ကတိပြုထားတော်မူ


📜 အာယာသ် 196-200 — စူရာ အာလ်-အိမရာန်

196لَا يَغُرَّنَّكَ تَقَلُّبُ الَّذِينَ كَفَرُوا فِي الْبِلَادِ
(အို-နဗီတမန်တော်) အမြို့မြို့အရွာရွာတွင်(လောကီစည်းစိမ်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းသာစွာ) ကာဖိရ်တို့၏သွားလာခြင်းသည် အသင့်အား အထင်မှား အမြင်မှားမဖြစ်စေနှင့်။
197مَتَاعٌ قَلِيلٌ ثُمَّ مَأْوَاهُمْ جَهَنَّمُ ۚ وَبِئْسَ الْمِهَادُ
(အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်�ည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။
198لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نُزُلًا مِّنْ عِندِ اللَّهِ ۗ وَمَا عِندَ اللَّهِ خَيْرٌ لِّلْأَبْرَارِ
သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီး တွေလျက်ရှိကြ၏။ ထိုသူတို့သည် ၎င်းဥယျာဉ် များ၌ထာဝစဉ် နေထိုင်စံမြန်းလျက် ရှိကြပေမည်။ ဤသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ ဧည့်ခံတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ် အထံတော်၌ ရှိသောအရာသည်သူမွန်သူမြတ်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။
199وَإِنَّ مِنْ أَهْلِ الْكِتَابِ لَمَن يُؤْمِنُ بِاللَّهِ وَمَا أُنزِلَ إِلَيْكُمْ وَمَا أُنزِلَ إِلَيْهِمْ خَاشِعِينَ لِلَّهِ لَا يَشْتَرُونَ بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا ۗ أُولَٰئِكَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ ۗ إِنَّ اللَّهَ سَرِيعُ الْحِسَابِ
၎င်းပြင် မုချဧကန် ကျမ်းဂန်ရရှိသော သူတို့အနက် အကြင်သူတို့သည်လည်း ဧကန်စင်စစ် ရှိကြကုန်၏။ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို၎င်း၊ အသင်တို့ထံ ထုတ်ပြန်ပို့ချပြီးဖြစ်သော အရာ[(ဝါ) ကုရ်အာန်ကျမ်းတော်မြတ်]ကိုလည်းကောင်း၊ မိမိတို့ထံထုတ်ပြန် ပို့ချပြီးဖြစ်သောအရာ (ဝါ)တောင်ရာတ် နှင့် အိန်ဂျီလ် ကျမ်းများကိုလည်းကောင်း၊သက်ဝင်ယုံကြည်ကြကုန်သည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် ရှေ့တော်မှောက်ဝယ် မိမိတို့ ကိုယ်ကိုနှိမ့်ချ ကျိုးနွံလျက်ရှိကြကုန်သည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဋ္ဌ် တော်များနှင့် အနည်းငယ်မျှသော အဖိုးအခကိုလဲလှယ် ဝယ်ယူကြသည်လည်း မဟုတ်ပေ။ ဤကဲ့သို့သောသူတို့၏ အကျိုးဆုလာဘ်သည် ထိုသူတို့၏အရှင်မြတ် အထံတော်၌ ရှိချေပြီ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည(လူခပင်းတို့၏ သုစရိုက်၊ ဒုစရိုက်တို့ကို) ဆောလျင်စွာ စောကြော စစ်ဆေးတော်မူမည့်အရှင် ဖြစ်တော်မူပေသတည်း။
200يَا أَيُّهَا الَّذِينَ آمَنُوا اصْبِرُوا وَصَابِرُوا وَرَابِطُوا وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
အို-သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် (ဒုက္ခတွေ့ကြုံလျှင်) သည်းခံကြလေကုန်။ ၎င်းပြင်(ရန်သူတို့နှင့်) ပြိုင်ဆိုင် တိုက်ခိုက်ရာတွင်လည်း တည်တံ့ ခိုင်မြဲစွာ ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် (ရန်သူတို့အား ခုခံကာကွယ်ရန်) အဆင်သင့် ရှိကြလေကုန်။ ထို့ပြင်တဝအသင်တို့သည် (အခါခပ်သိမ်း) အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ ခန့်ညား ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
198အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 198

စူရာ အာလ်-အိမရာန် အာယာသ် 198 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင်မူကား အကြင်သူတို့သည် မိမိတို့၏အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေခြင်းအားဖြင့် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်)ကြပါမူ ထိုသူတို့အဖို့ အကြင်ဥယျာဉ် များရှိအံ့။ထိုဥယျာဉ်များ၏အောက်မှ…

စူရာ အာယာသ် 198/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 196–200. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers