အာလ်-အိမရာန် · 26/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝٢٦
Qulil laahumma Maalikal Mulki tu`til mulka man tashaaa`u wa tanzi`ulmulka mimman tashhaaa`u wa tu`izzu man tashaaa`u wa tuzillu man tashaaa`u biyadikal khairu innaka `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
(အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 24-28 — စူရာ အာလ်-အိမရာန်

24ذَٰلِكَ بِأَنَّهُمْ قَالُوا لَن تَمَسَّنَا النَّارُ إِلَّا أَيَّامًا مَّعْدُودَاتٍ ۖ وَغَرَّهُمْ فِي دِينِهِم مَّا كَانُوا يَفْتَرُونَ
ဤ(ကဲ့သို့ တရားဒေသနာတော်များကို သွေ ဖည်ကျောခိုင်းဝံ့ခြင်းအကြောင်း)မှာကား ထိုသူတို့က ငရဲမီးသည်ငါတို့အား ရေတွက်ထားသော နေ့ရက် အနည်းငယ်)မှအပအလျင်းထိရောက်မည်မဟုတ် ဟု (ယုံကြည်) ပြောဆို နေခြင်းကြောင့်ပင်တည်း။ စင်စစ်သော်ကား ၎င်းတို့အား ၎င်းတို့၏သာသနာရေး နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် လီဆယ်လုပ်ကြံ ဖန်တီးထားသော အချက်များကပင် လှည့်ပတ်ဖြားယောင်းထားလေသည်။
25فَكَيْفَ إِذَا جَمَعْنَاهُمْ لِيَوْمٍ لَّا رَيْبَ فِيهِ وَوُفِّيَتْ كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
သို့ရာတွင် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ငါအရှင်မြတ်သည် ထိုသူတို့အား စုရုံးစေတော် မူသည့်အခါ(ထိုသူတို့၏အဖြစ်သည်) မည်သို့ဖြစ်အံ့နည်း။ ထိုရှင်ပြန်ထမည့်နေ့နှင့် စပ်လျဉ်း၍ ဒွိဟသံသယ �လျင်းမရှိ။(ထိုနေ့သည်ကား မုချ ဆိုက်ရောက်မည် ဖြစ်သည်။) ထို့ပြင်(ထိုနေ့တွင်) လူတိုင်းလူတိုင်းသည် မိမိတို့ ပြုလုပ်ဆည်းပူးခဲ့သော (ကောင်းမှု၊ မကောင်းမှုတို့၏အကျိုးအပြစ်ကို)အပြည့် အစုံပေးခြင်းခံကြရလတ္တံ့။ ထိုသူတို့သည် (အကျိုးအပြစ်ပေးခြင်းခံကြရာ၌) မတရားပြုလုပ်ခြင်းကို အလျင်းခံကြရမည်လည်းမဟုတ်ချေ။
26قُلِ اللَّهُمَّ مَالِكَ الْمُلْكِ تُؤْتِي الْمُلْكَ مَن تَشَاءُ وَتَنزِعُ الْمُلْكَ مِمَّن تَشَاءُ وَتُعِزُّ مَن تَشَاءُ وَتُذِلُّ مَن تَشَاءُ ۖ بِيَدِكَ الْخَيْرُ ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
(အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို တော်မူသောသူအား တန်ခိုးအာဏာကို ပေးသနား တော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူ၏ထံမှ ဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ ထိုနည်းပမာ အရှင် မြတ်သည်မိမိနှစ်လိုတော်မူသောသူကို ဂုဏ်အင်ဒြပ် ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင် အရှင်မြတ် သည် မိမိအလိုရှိတော်မူသောသူကို ဂုဏ်အင်ဒြပ် နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်း အဖြာဖြာတို့သည် အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။ မုချဧကန် ကိုယ်တော်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင်တည်း။
27تُولِجُ اللَّيْلَ فِي النَّهَارِ وَتُولِجُ النَّهَارَ فِي اللَّيْلِ ۖ وَتُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَتُخْرِجُ الْمَيِّتَ مِنَ الْحَيِّ ۖ وَتَرْزُقُ مَن تَشَاءُ بِغَيْرِ حِسَابٍ
အရှင်မြတ်သည် (အချို့ဥတုရာသီ၌) ညဉ့်(၏အစိတ်အပိုင်း)ကို နေ့၏အတွင်း၌ထည့်သွင်း တော်မူလေသည်။ထိုနည်းတူစွာ (အချို့ရာသီဥတု၌) နေ့(၏အစိတ်အပိုင်း)ကိုညဉ့်၏အတွင်း၌ ထည့်သွင်းတော်မူလေသည်။ ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကို ထုတ်တော်မူ၏။ ထိုနည်းပမာသက်ရှိမှသက်မဲ့ကို ထုတ်တော်မူ၏။ ထိုမှတစ်ပါးတုံ အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူအား အသချေင်္ အသချင်္ာအရေအတွက်မရှိ ရိက္ခာပေးသနားတော်မူ၏။
28لَّا يَتَّخِذِ الْمُؤْمِنُونَ الْكَافِرِينَ أَوْلِيَاءَ مِن دُونِ الْمُؤْمِنِينَ ۖ وَمَن يَفْعَلْ ذَٰلِكَ فَلَيْسَ مِنَ اللَّهِ فِي شَيْءٍ إِلَّا أَن تَتَّقُوا مِنْهُمْ تُقَاةً ۗ وَيُحَذِّرُكُمُ اللَّهُ نَفْسَهُ ۗ وَإِلَى اللَّهِ الْمَصِيرُ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြကုန် သောမုအ်မင်န်တို့သည် မုအ်မင်န်များကို ပစ်ပယ်ကျော်လွန်၍(အလ္လာဟ်အရှင်မြတ်အား) သွေဖည်ငြင်းပယ်ကြကုန်သောကာဖိရ်တို့ကို အဆွေခင်ပွန်းများအဖြစ် မပြုအပ်ကြပေ။အကြင် မည်သူမဆို ယင်းသို့ပြုအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ အဘယ်တစုံတခုနှင့်မျှ မပတ်သက်တော့ချေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)တို့၏ ဘေးရန်မှ စိုးရိမ်ကြောင့်ကြ(၍မိမိတို့ကိုယ်ကို ကာကွယ်လိုကြသောအခါ၌မူ အခြေအနေအရ ပြုလုပ်နိုင်ကြ) ပေသည်။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိအားကြောက်ရွံ့ရန်အသင်တို့ကို ခြိမ်းခြောက်တော်မူသည်။ ထို့ပြင် နောက်ဆုံးပြန်လည်ရန်ဌာနသည် အလ္လာဟ်အရှင်မြတ် အထံတော်၌သာလျှင် ဖြစ်ပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
26အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 26

စူရာ အာလ်-အိမရာန် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီ)အသင်သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားပါလေ။ အာဏာတန်ခိုး အမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် မိမိနှစ်လို…

စူရာ အာယာသ် 26/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers