အာလ်-အိမရာန် · 76/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ ۝٧٦
Balaa man awfaa bi`ahdihee wattaqaa fainnal laaha yuhibbul muttaqeen
📖 မြန်မာဘာသာ
ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 74-78 — စူရာ အာလ်-အိမရာန်

74يَخْتَصُّ بِرَحْمَتِهِ مَن يَشَاءُ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် မိမိနှစ်မြို့တော်မူသောသူအား သီးသန့် ရွေးချယ်တော်မူလေသည်။အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အလွန် ကြီးမားလှစွာသော ကျေးဇူး တော်ရှင် ဖြစ်တော်မူခြင်းကြောင့်တည်း။
75۞ وَمِنْ أَهْلِ الْكِتَابِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။
76بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။
77إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊ ထိုသူတို့အဖို့ နောင်တမလွန်ဘဝ၌ (သုခချမ်းသာများအနက်) ဝေစု ဝေပုံဟူ၍ စိုးစဉ်းမျှ ရှိမည်မဟုတ်၊ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ထိုသူတို့အား စကားပြောကြားတော်မူမည်လည်း မဟုတ်၊ထိုသူတို့အား ရှုစားတော်မူမည်လည်းမဟုတ်၊ ထိုသူတို့အား(ဒုစရိုက်မှုများမှ) သန့်စင်အောင် ပြုလုပ်ပေးတော် မူမည်လည်းမဟုတ်။ ထိုသူတို့အဘို့ ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် အသင့်ရှိပေမည်။
78وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُونَ أَلْسِنَتَهُم بِالْكِتَابِ لِتَحْسَبُوهُ مِنَ الْكِتَابِ وَمَا هُوَ مِنَ الْكِتَابِ وَيَقُولُونَ هُوَ مِنْ عِندِ اللَّهِ وَمَا هُوَ مِنْ عِندِ اللَّهِ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ထိုသူများအနက် လူတစ်စုသည် မုချရှိ၏။ ထိုသူများသည် ကျမ်းဂန်(ကိုရွတ်ဖတ်ရာ) ၌ မိမိတို့၏လျှာများကို လိပ်ခေါက်ကြ၏။ (ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာထိုသူတို့ လုပ်ကြံရွတ်ဘတ်သော) ထိုအရာကို အသင်တို့ကကျမ်းလာ စကားဟု ထင်မှတ်ကြရန် ဖြစ်သည်။ အမှန်သော်ကား ထိုအရာသည် ကျမ်းလာစကား အလျင်းမဟုတ်ပေ။၎င်းပြင် ထိုသူတို့က (မိမိတို့ ရွတဖတ်သော) အရာသည်အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်)ဟုပြောဆိုကြ၏။ စင်စစ်သော် ကား ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်) အလျင်းမဟုတ်ချေ။ သို့တစေလည်း ထိုသူများသည် မိမိတို့ ကိုယ်တိုင်သိကြပါလျက် နှင့်ပင် အလ္လာဟ်အရှင် မြတ်နှင့်ပတ်သက်၍မုသားကို လုပ်ကြံ ပြောဆို ကြလေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
76အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 76

စူရာ အာလ်-အိမရာန် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား…

စူရာ အာယာသ် 76/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers