အာလ်-အိမရာန် · 77/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ ۝٧٧
Innal lazeena yashtaroona bi`ahdil laahi wa aymaanihim samanan qaleelan ulaaa`ika laa khalaaqa lahum fil Aakhirati wa laa yukallimuhumul laahu wa laa yanzuru ilaihim Yawmal Qiyaamati wa laa yuzakkeehim wa lahum `azabun `aleem
📖 မြန်မာဘာသာ
ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊ ထိုသူတို့အဖို့ နောင်တမလွန်ဘဝ၌ (သုခချမ်းသာများအနက်) ဝေစု ဝေပုံဟူ၍ စိုးစဉ်းမျှ ရှိမည်မဟုတ်၊ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ထိုသူတို့အား စကားပြောကြားတော်မူမည်လည်း မဟုတ်၊ထိုသူတို့အား ရှုစားတော်မူမည်လည်းမဟုတ်၊ ထိုသူတို့အား(ဒုစရိုက်မှုများမှ) သန့်စင်အောင် ပြုလုပ်ပေးတော် မူမည်လည်းမဟုတ်။ ထိုသူတို့အဘို့ ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် အသင့်ရှိပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • يَشْتَرُونَ (ယရှ်သရူန) — လဲလှယ်ဝယ်ယူကြသည်၊ တစ်ခုကို ပေး၍ အခြားတစ်ခုကို ရယူကြသည်။
  • عَهْدِ اللَّهِ (အဟ်ဒိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိသစ္စာ၊ အရှင်မြတ် ပေးအပ်ထားသော တာဝန်ဝတ္တရား။
  • أَيْمَانِهِمْ (အိုင်မာနိဟိမ်) — သူတို့၏ ကျိန်ဆိုချက်များ။
  • ثَمَنًا قَلِيلًا (သာမနန် ကလီလာ) — အနည်းငယ်မျှသော အဖိုးအခ၊ လောကီ စည်းစိမ်၏ အနည်းငယ်သော အစိတ်အပိုင်း။
  • لَا خَلَاقَ (လာ ခလာက) — အခွင့်အရေး မရှိခြင်း၊ ဝေစု မရှိခြင်း။
  • وَلَا يُزَكِّيهِمْ (ဝလာ ယုဇက္ကီဟိမ်) — သူတို့ကို သန့်ရှင်းစင်ကြယ်စေတော်မူမည် မဟုတ်ပါ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိသစ္စာကိုလည်းကောင်း၊ မိမိတို့၏ ကျိန်ဆိုချက်များကိုလည်းကောင်း၊ လောကီဘဝ၏ အနည်းငယ်မျှသော အဖိုးအခဖြင့် လဲလှယ်ရောင်းချကြသော သူများသည် အမှန်စင်စစ် နစ်နာဆုံးရှုံးသူများ ဖြစ်ကြသည်။ ထိုသူတို့အတွက် နောင်တမလွန်ဘဝတွင် မည်သည့် ကောင်းကျိုးဝေစုမျှ မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှစ်သက်ဖွယ်စကားဖြင့် မိန့်တော်မူမည် မဟုတ်ပါ။ ကိယာမသ်နေ့တွင် ကရုဏာတော်ဖြင့် သူတို့ကို ကြည့်ရှုတော်မူမည် မဟုတ်ပါ။ သူတို့၏ အပြစ်များနှင့် ကုဖ်ရ် (မယုံကြည်မှု) မှ သန့်ရှင်းစင်ကြယ်စေတော်မူမည် မဟုတ်ပါ။ ထို့ပြင် သူတို့အတွက် ပြင်းထန်နာကျင်ဖွယ်ရာ ပြစ်ဒဏ်တော်သည် အသင့်ရှိနေပေသည်။

ဤအာယသ်တော်သည် အထူးသဖြင့် အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာနှင့် မိမိတို့၏ ကျိန်ဆိုချက်များကို လောကီအကျိုးအမြတ် အနည်းငယ်အတွက် ရောင်းချသော သူများအကြောင်း သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။ ရှေးအခါက ကျမ်းရရှိသူများထဲမှ အချို့သည် နဗီတမန်တော်မုဟမ္မဒ် (ဆွ) အကြောင်း တောင်ရသ်ကျမ်းတွင် ဖော်ပြထားသော လက္ခဏာများကို ဖုံးကွယ်ပြောင်းလဲခဲ့ကြပြီး၊ မိမိတို့၏ ရာထူးဌာနန္တရနှင့် လောကီအကျိုးအမြတ်အတွက် အမှန်တရားကို ဖုံးကွယ်ခဲ့ကြသည်။ ဤသည်မှာ ကြီးမားလှသော ဆုံးရှုံးမှုဖြစ်ကြောင်း အရှင်မြတ်က ရှင်းလင်းစွာ မိန့်ဆိုထားတော်မူသည်။

ထိုသူများသည် လောကီတွင် အန



📜 အာယာသ် 75-79 — စူရာ အာလ်-အိမရာန်

75۞ وَمِنْ أَهْلِ الْكِتَابِ مَنْ إِن تَأْمَنْهُ بِقِنطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُم مَّنْ إِن تَأْمَنْهُ بِدِينَارٍ لَّا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ရှေးအထက်ကျမ်းဂန်ရရှိသူများ အနက်အကြင်သူများသည်လည်းရှိကြ၏။ အကယ်၍ အသင်သည်ထိုသူများအား ယုံကြည်စိတ်ချ၍ (ရွှေငွေ) အမြောက်အမြားကိုအပ်နှံထားခဲ့သည်ရှိသော် ထိုသူများသည် အသင့်အား ပြန်လည်ပေးဆပ်ကြ ကုန်အံ့။ ထို့ပြင် ထိုသူများအနက် အကြင်သူများလည်း ရှိကြသေး၏။ အကယ်၍ အသင်သည် ထိုသူတို့အား ယုံကြည်စိတ်ချကာ (ရွှေငွေအမြောက်အမြားကိုမဆိုထားဘိ) ဒီနာရ် ရွှေဒင်္ဂါးတစ်ပြားမျှကိုပင် အပ်နှံခဲ့သည်ရှိသော် အသင်သည် ထိုသူများထံ မတ်တတ်ရပ်၍ (ကြာရှည်စွာမနေမနား) မတောင်း ဆိုသမျှ ကာလပတ်လုံး ထိုသူများသည် ထိုရွှေဒင်္ဂါးကို အသင့်အား ပြန်လည်ပေးဆပ်ကြမည်မဟုတ်ပေ။ယင်းကဲ့သို့ မပေးဆပ်ခြင်းအကြောင်းမှာ ယင်းသူတို့ကစာပေမတတ်ကျွမ်းသောသူများ (ဝါ) ကျမ်းဂန်မရသောသူ များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အပေါ်၌ (ဘာသာတရားအရ အပြစ်ပေးသင့်ရန်) နည်းလမ်းမရှိ ဟု ပြောဆိုခြင်းကြောင့်ပင်တည်း။စင်စစ် ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား မဟုတ်မလျား စွပ်စွဲပြောဆိုကြကုန်၏၊ အမှန်သော်ကား ၎င်းတို့သည်(၎င်းတို့မတရား ကြောင်းကိုလည်း) ၎င်းတို့ကိုယ်တိုင် အသိပင်ဖြစ်ကြပေသည်။
76بَلَىٰ مَنْ أَوْفَىٰ بِعَهْدِهِ وَاتَّقَىٰ فَإِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
ထိုသို့အလျင်းမဟုတ်၊ စင်စစ်(ထိုသူတို့အပေါ်၌အပြစ်ရှိပေသည်၊ အဘယ်ကြောင့်ဟူမူ) အကြင်သူသည်မိမိထားရှိအပ်သောပဋိညာဉ်ကို အတည်ပြု၍ (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေပါမူ အလ္လာဟ်အရျှှင်မြတ်သည် ကြောက်ရွံ့ရိုသေသော သူတော်စင်တို့အား မုချ နှစ်သက်တော်မူပေသည်။
77إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊ ထိုသူတို့အဖို့ နောင်တမလွန်ဘဝ၌ (သုခချမ်းသာများအနက်) ဝေစု ဝေပုံဟူ၍ စိုးစဉ်းမျှ ရှိမည်မဟုတ်၊ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်ထိုသူတို့အား စကားပြောကြားတော်မူမည်လည်း မဟုတ်၊ထိုသူတို့အား ရှုစားတော်မူမည်လည်းမဟုတ်၊ ထိုသူတို့အား(ဒုစရိုက်မှုများမှ) သန့်စင်အောင် ပြုလုပ်ပေးတော် မူမည်လည်းမဟုတ်။ ထိုသူတို့အဘို့ ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် အသင့်ရှိပေမည်။
78وَإِنَّ مِنْهُمْ لَفَرِيقًا يَلْوُونَ أَلْسِنَتَهُم بِالْكِتَابِ لِتَحْسَبُوهُ مِنَ الْكِتَابِ وَمَا هُوَ مِنَ الْكِتَابِ وَيَقُولُونَ هُوَ مِنْ عِندِ اللَّهِ وَمَا هُوَ مِنْ عِندِ اللَّهِ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
၎င်းပြင် ထိုသူများအနက် လူတစ်စုသည် မုချရှိ၏။ ထိုသူများသည် ကျမ်းဂန်(ကိုရွတ်ဖတ်ရာ) ၌ မိမိတို့၏လျှာများကို လိပ်ခေါက်ကြ၏။ (ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာထိုသူတို့ လုပ်ကြံရွတ်ဘတ်သော) ထိုအရာကို အသင်တို့ကကျမ်းလာ စကားဟု ထင်မှတ်ကြရန် ဖြစ်သည်။ အမှန်သော်ကား ထိုအရာသည် ကျမ်းလာစကား အလျင်းမဟုတ်ပေ။၎င်းပြင် ထိုသူတို့က (မိမိတို့ ရွတဖတ်သော) အရာသည်အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်)ဟုပြောဆိုကြ၏။ စင်စစ်သော် ကား ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှ (ကျရောက်သည်) အလျင်းမဟုတ်ချေ။ သို့တစေလည်း ထိုသူများသည် မိမိတို့ ကိုယ်တိုင်သိကြပါလျက် နှင့်ပင် အလ္လာဟ်အရှင် မြတ်နှင့်ပတ်သက်၍မုသားကို လုပ်ကြံ ပြောဆို ကြလေသည်။
79مَا كَانَ لِبَشَرٍ أَن يُؤْتِيَهُ اللَّهُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا عِبَادًا لِّي مِن دُونِ اللَّهِ وَلَٰكِن كُونُوا رَبَّانِيِّينَ بِمَا كُنتُمْ تُعَلِّمُونَ الْكِتَابَ وَبِمَا كُنتُمْ تَدْرُسُونَ
မည်သည့် လူသား�စ်ဦးတစ်ယောက်မဆို၊အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အား ကျမ်းဂန်ကိုလည်းကောင်း၊ အကျိုး အကြောင်း ဆင်ခြင်နိုင်သော ဉာဏ်ပညာအမြော် အမြင်ကိုလည်းကောင်း၊ နဗီတမန်တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူ၏။ သို့ ချီးမြှင့်ပြီးနောက် ထိုသူက လူခပင်းတို့အား (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ ငါ၏ကျွန်များဖြစ်ကြကုန် ဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ။ သို့ရာတွင် (ထိုသို့ချီးမြှင့်ခြင်း ခံရသောသူက ဤသို့သာလျှင် ပြောဆိုအံ့)၊ (ဟယ်အချင်းတို့)၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသူများ ဖြစ်ကြကုန်၊ အကြောင်းမူကားအသင်တို့သည် ဒေသနာတော် ကျမ်းဂန်ကို(သူတစ်ပါးတို့အား)သင်ကြားပြသ ပို့ချသည့်ပြင် မိမိတို့ ကိုယ်တိုင်လည်း ဖတ်ရွတ်လေ့လာသူများ ဖြစ်သောကြောင့်ပင်တည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
77အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 77

စူရာ အာလ်-အိမရာန် အာယာသ် 77 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မုချ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် (မိမိတို့ထားရှိခဲ့သော) ပဋိညာဉ်ကို လည်းကောင်း၊မိမိတို့ ကျိန်ဆိုချက်များကိုလည်းကောင်း နည်းငယ်မျှသောအဖိုးအခဖြင့် လဲလှယ်ရောင်းချကြကုန်၏။ ဤသူများကားအကြင်သူများပင်၊…

စူရာ အာယာသ် 77/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 75–79. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers