အာလ်-အိမရာန် · 91/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّاصِرِينَ ۝٩١
Innal lazeena kafaroo wa maatoo wa hum kuffaarun falany yuqbala min ahadihim mil`ul ardi zahabanw wa lawiftadaa bih; ulaaa `ika lahum `azaabun aleemunw wa maa lahum min naasireen
📖 မြန်မာဘာသာ
ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ကဖရု (كَفَرُوا): ကုဖ်ရ် (မယုံကြည်မှု) ကို ပြုလုပ်ကြသူများ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မုဟမ္မဒ် (ဆွ) ကို မယုံကြည်ငြင်းပယ်သူများကို ဆိုလိုသည်။
  • မိလ်အုလ် အရ်ဒွီ (مِّلْءُ الْأَرْضِ): ကမ္ဘာမြေတစ်ခုလုံးကို ဖြည့်နိုင်သော ပမာဏ။
  • ဇဟဗန် (ذَهَبًا): ရွှေ။
  • ယဖ်တဒီ (يَفْتَدَى): အပြစ်မှ လွတ်မြောက်ရန် အစားထိုးပေးခြင်း၊ ရွေးနုတ်ခြင်း။
  • နာဆိရီန (نَّاصِرِينَ): ကူညီကယ်တင်သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အကြင်သူများသည် ကုဖ်ရ် (မယုံကြည်မှု) ကို ပြုလုပ်ခဲ့ကြပြီး ကုဖ်ရ် အခြေအနေတွင်ပင် သေဆုံးသွားခဲ့ကြပါက — ဆိုလိုသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ကို မယုံကြည်ငြင်းပယ်သည့် အနေအထားဖြင့် ဤလောကမှ ထွက်ခွာသွားခဲ့ကြပါက — ထိုသူတို့ထဲမှ တစ်ဦးတစ်ယောက်ထံမှမျှ ကမ္ဘာမြေတစ်ခုလုံးကို ဖြည့်နိုင်လောက်သော ရွှေအမြောက်အမြားကို ပေးဆောင်လျှင်ပင် လက်ခံတော်မူမည် မဟုတ်ပေ။ အကယ်၍ ထိုရွှေအမြောက်အမြားဖြင့် မိမိကိုယ်ကို ငရဲမီးမှ ရွေးနုတ်ရန် ကြိုးပမ်းခဲ့လျှင်လည်း လက်ခံတော်မူမည် မဟုတ်ပေ။ ထိုသူများအတွက်မှာ ပြင်းထန်နာကျင်ဖွယ်ရာ ပြစ်ဒဏ်သည် ရှိပေမည်။ ထို့ပြင် သူတို့အား ပြစ်ဒဏ်မှ ကယ်တင်မည့် ကူညီသူ တစ်ဦးတစ်ယောက်မျှလည်း ရှိမည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • ဤလောကတွင် ကုဖ်ရ်ဖြင့် သေဆုံးသွားသူများအတွက် နောင်တရခြင်း အခွင့်အလမ်း မရှိတော့ပါ။ ထို့ကြောင့် အသက်ရှင်နေထိုင်စဉ် အစ္စလာမ်ကို လက်ခံပြီး အီမာန်ကို ခိုင်မြဲစွာ ထိန်းသိမ်းထားရန် အလွန်အရေးကြီးပါသည်။
  • ဤလောကတွင် ငွေကြေးဥစ္စာဖြင့် အပြစ်များကို ဖုံးကွယ်နိုင်သော်လည်း နောင်တမလွန်ဘဝတွင် မည်မျှပင် ကြီးမားသော ရွှေအမြောက်အမြားဖြင့် ရွေးနုတ်ရန် ကြိုးပမ်းစေကာမူ လက်ခံမည် မဟုတ်ပါ။ ထို့ကြောင့် ဤလောကတွင်ပင် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အလျင်အမြန် ကြိုးပမ်းသင့်ပါသည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုနှင့် ပြည့်စုံတော်မူသော အရှ


📜 အာယာသ် 89-93 — စူရာ အာလ်-အိမရာန်

89إِلَّا الَّذِينَ تَابُوا مِن بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် (သံဝေဂတရား ရရှိကာ မိမိတို့အပြစ်များကို)ဝန်ချတောင်းပန်ကြ၍ ပြုပြင်ကြပါမူ မုချဧကန်အလ္လာဟ်အသျှင် မြတ်သည်လည်း (ထိုကဲ့သို့သောသူတို့အား)အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ မပြတ်�စဲ သနား ကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
90إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَّن تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။
91إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّاصِرِينَ
ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။
92لَن تَنَالُوا الْبِرَّ حَتَّىٰ تُنفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنفِقُوا مِن شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်မိမိတို့ နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သောအကျင့်တရားအစစ် အမှန်(၏ အကျိုးကျေးဇူး) ကိုမည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ ၎င်းပြင်မည်သည့်အရာမဆို အသင်တို့ လှူဒါန်း သုံးစွဲကြပါမူ၊အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။
93۞ كُلُّ الطَّعَامِ كَانَ حِلًّا لِّبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِن قَبْلِ أَن تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِن كُنتُمْ صَادِقِينَ
တောင်ရာတ် ကျမ်းမြတ်မကျရောက်မီ [နဗီတမန်တော် အစ္စရာအီလ် (ဝါ) ယအ်ကူဗ် (အလိုင်ဟစ္စလာမ်)]သည်(တင်ကြောလျှောက်နာ ဖြစ်ခဲ့သဖြင့်] မိမိအဖို့ မြစ်တားခဲ့သော အရာ [(ဝါ)ကုလားအုတ်သား)]မှအပ(ယေဘုယျအားဖြင့် လူအများစားသုံးကြကုန်သောအခြား) စားဘွယ်သောက်ဖွယ် အားလုံးတို့သည် အစ္စရာအီလ်၏မျိုးနွယ်များအဖို့(စား) ခွင့်ပြုပြီး ဖြစ်ခဲ့လေသည်။ (သို့ဖြစ်ပေရာ အိုနဗီတမန်တော်ကုလားအုတ် သားကိုမစားရဟု နဗီတမန်တော်အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်) လက်ထက်ကပင်ပညတ်ထားသည်ဟု ပြောဆိုကြကုန် သော ယဟူဒီများအား)အသင် (ဤသို့) ပြောကြားပါလေ။ (ဟယ်-ယဟူဒီအပေါင်းတို့) သို့ (အသင်တို့ ပြောဆိုကြသည့် အတိုင်း)ဖြစ်ခဲ့ပါလျှင် အသင်တို့သည် တောင်ရာတ်ကျမ်းမြတ်ကိုဆောင်ယူခဲ့ကြလေကုန်၊ ပြီးနောက် တဖန် အကယ်၍ သင်တို့သည် (မိမိတို့ပြောဆိုရာ၌) အမှန်ကို ပြောဆိုကြ သူများဖြစ်ကြပါမူ ယင်း (တောင်ရာတ်ကျမ်းမြတ်)ကို ရွတ်ဖတ်ကြလေကုန်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
91အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 91

စူရာ အာလ်-အိမရာန် အာယာသ် 91 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန်…

စူရာ အာယာသ် 91/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 89–93. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers