إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَّن تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ ٩٠
🔤 Transliteration
Innal lazeena kafaroo ba`da eemaanihim summaz daadoo kufral lan tuqbala tawbatuhum wa ulaaa`ika humud daaalloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ كَفَرُوا (ကာဖရူ) — ငြင်းပယ်ခဲ့ကြသည်။ ဤနေရာတွင် အီမာန် (ယုံကြည်မှု) ရှိပြီးနောက် ငြင်းပယ်ခြင်းသို့ ရောက်သွားခြင်းကို ဆိုလိုသည်။بَعْدَ إِيمَانِهِمْ (ဗအ်ဒ အီမာနိဟိမ်) — သူတို့၏ အီမာန်ရှိပြီးနောက်တွင်။ازْدَادُوا (အိဇ်ဒါဒူ) — ပို၍ တိုးပွားစေခဲ့ကြသည်။كُفْرًا (ကုဖ်ရန်) — ကုဖ်ရ် (ငြင်းပယ်မှု) ကို။لَن تُقْبَلَ تَوْبَتُهُمْ (လန် တုက်ဗလ တောင်ဗတုဟွမ်) — သူတို့၏ တောင်ဗာ (အပြစ်ဝန်ခံခြင်း) ကို လက်ခံတော်မူမည် မဟုတ်ပါ။الضَّالُّونَ (ဒွါလ္လူန) — လမ်းလွဲသူများ၊ လမ်းမှားသို့ ရောက်နေသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် အီမာန်ယုံကြည်ပြီးနောက် ကုဖ်ရ်သို့ ပြန်လည်ရောက်သွားသူများ၊ ထို့နောက် ကုဖ်ရ်ကို ပို၍ပင် တိုးပွားစေခဲ့သူများအကြောင်း မိန့်တော်မူသည်။ ဤသူများသည် ကုဖ်ရ်တွင် ဆက်လက်ရပ်တည်နေပြီး သေခြင်း၏ လက္ခဏာများ ပေါ်လာသည့်အချိန်အထိ ဆက်လက်နေထိုင်ကြသူများ ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ တောင်ဗာ (အပြစ်ဝန်ခံခြင်း) ကို လက်ခံတော်မူမည် မဟုတ်တော့ပါ။ အကြောင်းမှာ တောင်ဗာ၏ အချိန်ကာလသည် ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သေခြင်း၏ လက္ခဏာများကို မြင်တွေ့ရချိန်တွင် ပြုလုပ်သော တောင်ဗာသည် လက်ခံခြင်း မခံရတော့ပေ။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်ထံသို့ ပို့ဆောင်ပေးမည့် ဖြောင့်မတ်သော လမ်းမှ လွဲချော်သွားသူများ၊ လမ်းမှားတွင် စွဲမြဲနေသူများ ဖြစ်ကြသည်။
ဤအာယသ်တော်သည် ရှေးကျမ်းတော်များကို ယုံကြည်ခဲ့ကြသော သူများ—ဥပမာ တောင်ရသ်ကျမ်းတော်ကို ယုံကြည်ခဲ့ကြသော ယဟူဒီများ—နောက်ဆုံးသော တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ငြင်းပယ်ခဲ့ကြသောအခါ သူတို့၏ အခြေအနေကိုလည်း ထင်ဟပ်စေသည်။ သူတို့သည် အီမာန်ရှိပြီးနောက် ကုဖ်ရ်သို့ ရောက်သွားကြပြီး ကုဖ်ရ်တွင် ပို၍ပင် နက်ရှိုင်းစွာ ဆက်လက်နေထိုင်ခဲ့ကြသည်။ ထိုသို့သော သူများအတွက် သေခြင်း၏ အချိန်ရောက်မှ ပြုလုပ်သော တောင်ဗာသည် အကျိုးမရှိတော့ပေ။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့်
إِنَّ ٱلَّذِينَ كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ ثُمَّ ٱزۡدَادُواْ كُفۡرًا لَّن تُقۡبَلَ تَوۡبَتُهُمۡ وَأُوْلَٰٓئِكَ هُمُ ٱلضَّآلُّونَ ٩٠
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 88-92 — စူရာ အာလ်-အိမရာန်
88 خَالِدِينَ فِيهَا لَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنظَرُونَ
ထိုသူတို့သည် ယင်း(ရှုတ်ချခြင်း) ၌ပင် ထာဝစဉ်ခံစားကြရမည့်အပြင်ယင်းသူတို့၏ အပြစ်ဒဏ်သည်လည်းပေါ့လျော့စေခြင်းခံရမည် မဟုတ်။ ထိုမှတစ်ပါး ယင်းသူတို့သည်(အပြစ်ဒဏ် စီရင်ရာ၌) ဆိုင်းငံ့ထားခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
89 إِلَّا الَّذِينَ تَابُوا مِن بَعْدِ ذَٰلِكَ وَأَصْلَحُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် (သံဝေဂတရား ရရှိကာ မိမိတို့အပြစ်များကို)ဝန်ချတောင်းပန်ကြ၍ ပြုပြင်ကြပါမူ မုချဧကန်အလ္လာဟ်အသျှင် မြတ်သည်လည်း (ထိုကဲ့သို့သောသူတို့အား)အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ မပြတ်�စဲ သနား ကြင်နာ ညှာတာတော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
90 إِنَّ الَّذِينَ كَفَرُوا بَعْدَ إِيمَانِهِمْ ثُمَّ ازْدَادُوا كُفْرًا لَّن تُقْبَلَ تَوْبَتُهُمْ وَأُولَٰئِكَ هُمُ الضَّالُّونَ
ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည် သွေဖည်ငြင်းပယ်မှု၌ပင် နစ်မွန်း၍ နေကြကုန်သည်။ ယင်းသို့သောသူတို့၏နောင်တ တရားရရှိခြင်းသည် (အလ္လာဟ်အရှင်မြတ် အထံတော်၌) ဘောတူလက်ခံတော်မူခြင်းကို အလျင်း ခံရမည်မဟုတ်ပေ။ အမှန်သော်ကား ဤသူတို့သည် (အစဉ်) လမ်းလွဲသောသူများသာတည်း။
91 إِنَّ الَّذِينَ كَفَرُوا وَمَاتُوا وَهُمْ كُفَّارٌ فَلَن يُقْبَلَ مِنْ أَحَدِهِم مِّلْءُ الْأَرْضِ ذَهَبًا وَلَوِ افْتَدَىٰ بِهِ ۗ أُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّاصِرِينَ
ဧကန်မုချ အကြင်သူတို့သည် သွေဖည် ငြင်းပယ်ကြ၍၊ သွေဖည်ငြင်းပယ်သူများ အဖြစ်နှင့်ပင် သေဆုံးကြ၏။ထိုသို့သော သူတို့အနက် တစ်ဦးဦးသည် (အပြစ်များမှချမ်းသာရရန် အလို့ငှာ) ကမ္ဘာမြေနှင့်အပြည့် ရွှေကို (စုပုံ၍)လျော်ကြေး ပေးငြားသော်လည်း (အလ္လာဟ်အရှင်မြတ်သည်)အလျင်း သဘောတူ လက်ခံတော်မူမည်မဟုတ်ပေ။ (အမှန်စင်စစ်) ယင်းသူတို့အဖို့အလွန်ပြင်းပြ နာကျင်စေသောအပြစ်ဒဏ်သာရှိ၏၊ ထို့ပြင် ယင်းသူတို့အဘို့ ကူညီမိုင်းမမည့်သူ ဟူ၍လည်းတစ်ဦးတစ်ယောက်မျှရှိလိမ့်မည်မဟုတ်ပေ။
92 لَن تَنَالُوا الْبِرَّ حَتَّىٰ تُنفِقُوا مِمَّا تُحِبُّونَ ۚ وَمَا تُنفِقُوا مِن شَيْءٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည်မိမိတို့ နှစ်သက်ကြကုန်သော ဥစ္စာပစ္စည်းများအနက်မှ၊လှူဒါန်းသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး၊ မြင့်မြတ်သောအကျင့်တရားအစစ် အမှန်(၏ အကျိုးကျေးဇူး) ကိုမည်သည့်နည်းနှင့်မျှ ရယူနိုင်ကြမည် မဟုတ်ပေ။ ၎င်းပြင်မည်သည့်အရာမဆို အသင်တို့ လှူဒါန်း သုံးစွဲကြပါမူ၊အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။
ဘာသာပြန် — အာလ်-အိမရာန် 90 စူရာ အာလ်-အိမရာန် အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် အကြင်သူတို့သည် မိမိတို့ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိပြီး နောက်မှ တဖန် သွေဖည်ငြင်းပယ်ကြကုန်၏။ ထို့နောက် ယင်းသူ တို့သည်…
စူရာ အာယာသ် 90/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.