အလ်-အာ့ဇာ့ဗ် · 56/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا ۝٥٦
Innal laaha wa malaaa`i katahoo yusalloona `alan Nabiyy; yaaa aiyuhal lazeena aamanoo salloo `alaihi wa sallimoo tasleemaa
📖 မြန်မာဘာသာ
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 54-58 — စူရာ အလ်-အာ့ဇာ့ဗ်

54إِن تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
အကယ်၍ အသင်တို့သည် တစ်စုံတစ်ရာကိုထုတ်ဖော်ကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် အသင်တို့သည် ထိုအရာကို(စိတ်တွင်းဝယ်) ထိမ်ချန် လျှို့ဝှက် ထားကြသည်ဖြစ်စေ၊မည်သို့ပင်ဖြစ်စေ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
55لَّا جُنَاحَ عَلَيْهِنَّ فِي آبَائِهِنَّ وَلَا أَبْنَائِهِنَّ وَلَا إِخْوَانِهِنَّ وَلَا أَبْنَاءِ إِخْوَانِهِنَّ وَلَا أَبْنَاءِ أَخَوَاتِهِنَّ وَلَا نِسَائِهِنَّ وَلَا مَا مَلَكَتْ أَيْمَانُهُنَّ ۗ وَاتَّقِينَ اللَّهَ ۚ إِنَّ اللَّهَ كَانَ عَلَىٰ كُلِّ شَيْءٍ شَهِيدًا
ထိုကြင်ရာတော်များအပေါ်ဝယ် မိမိတို့ဖခင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့အစ်ကိုများ၊ မောင်များ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏အစ်ကိုများ၊ မောင်များ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ ထိုနည်းတူစွာ မိမိတို့၏အစ်မများ၊ ညီမများ၏သားများ(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့ (သာသနာဝင်)မိန်းမချင်းတို့(၏ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်ကြသော ကျွန်မများ(၏ ရှေ့သို့ထွက်ခြင်း)၌လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ထိုမှတစ်ပါး (အို-ကြင်ရာတော်အပေါင်းတို့၊) အသင်မတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်ဝယ် အသိသက်သေဖြစ်တော် မူပေသတည်း။
56إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်းပြုကြ လေကုန်။
57إِنَّ الَّذِينَ يُؤْذُونَ اللَّهَ وَرَسُولَهُ لَعَنَهُمُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ وَأَعَدَّ لَهُمْ عَذَابًا مُّهِينًا
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ စိတ်ဒုက္ခပေးကြကုန်သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။
58وَالَّذِينَ يُؤْذُونَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ بِغَيْرِ مَا اكْتَسَبُوا فَقَدِ احْتَمَلُوا بُهْتَانًا وَإِثْمًا مُّبِينًا
မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
56အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 56

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 56 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင် တမန်များသည်လည်းကောင်း၊ နဗီတမန်တော်မြတ် အပေါ်ဝယ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-မုအ်မင်န်…

စူရာ အာယာသ် 56/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 54–58. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers