အလ်-အာ့ဇာ့ဗ် · 7/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنكَ وَمِن نُّوحٍ وَإِبْرَاهِيمَ وَمُوسَىٰ وَعِيسَى ابْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا ۝٧
Wa iz akhaznaa minan Nabiyyeena meesaaqahum wa minka wa min Noohinw wa Ibraaheema wa Moosaa wa Eesab-ni-Maryama wa akhaznaa minhum meesaaqan ghaleezaa
📖 မြန်မာဘာသာ
၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • မીથာက် (مِيثَاق): ခိုင်မာသော ကတိသစ္စာ၊ ပဋိညာဉ်။
  • ဂလီဇ် (غَلِيظ): အလွန်ခိုင်မာသော၊ ကြီးလေးသော၊ လေးနက်သော။
  • နဗီယျီန် (النَّبِيِّينَ): တမန်တော်များ (နဗီများ)။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ အလ္လာဟ်အရှင်မြတ်သည် တမန်တော်များထံမှ သူတို့၏ ကတိသစ္စာကို ယူတော်မူခဲ့သော အချိန်ကာလကို သတိရပါ။ ထိုကတိသစ္စာမှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ရန်၊ မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း မပြုရန်၊ မိမိထံ ပေးအပ်ခံရသော ဝဟီ (ဗျာဒိတ်တော်) ကို လူသားတို့ထံ ပို့ချရန် ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အထူးသဖြင့် တမန်တော်မုဟမ္မဒ်၊ တမန်တော်နူဟ်၊ တမန်တော်အိဗ်ရာဟီမ်၊ တမန်တော်မူစာ နှင့် မာရ်ယမ်၏သားတော် တမန်တော်အီစာ တို့ထံမှ ထိုကတိသစ္စာကို ယူတော်မူခဲ့သည်။ ဤတမန်တော်များသည် အကြီးအမှူး တမန်တော်များ (အုလုလ් අဇ်မ်) ဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ထံမှ အလွန်ခိုင်မာ၍ လေးနက်သော ကတိသစ္စာကို ယူတော်မူခဲ့သည်။ ထိုကတိသစ္စာမှာ သူတို့ထံ အပ်နှင်းထားသော ရစူလ်တမန်တော်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန်၊ အချင်းချင်း ယုံကြည်အတည်ပြုရန် နှင့် အလ္လာဟ်အရှင်မြတ်၏ ဒီန်သာသနာကို ဖြန့်ဝေရန် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် တမန်တော်များထံမှ ခိုင်မာသော ကတိသစ္စာကို ယူတော်မူခြင်းသည် အရှင်မြတ်၏ ဉာဏ်ပညာတော်နှင့် စီမံခန့်ခွဲမှုတော်ကို ဖော်ပြသည်။
  • တမန်တော်များအားလုံးသည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ရန် နှင့် တစ်ခုတည်းသော ဒီန်သာသနာကို ပို့ချရန် တာဝန်တူညီကြသည်။
  • တမန်တော်မုဟမ္မဒ် (ဆွ) ကို အခြားတမန်တော်များနှင့်အတူ အထူးဖော်ပြခြင်းသည် သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မြင့်မားစေသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ စည်းလုံးညီညွတ်မှုကို ဖော်ပြသည် — တမန်တော်အားလုံးသည် တစ်ဆက်တည်းသော သာသနာကို ပို့ချခဲ့ကြသည်။
  • ကတိသစ္စာကို ဖြည့်ဆည်းခြင်း၏ အရ


📜 အာယာသ် 5-9 — စူရာ အလ်-အာ့ဇာ့ဗ်

5ادْعُوهُمْ لِآبَائِهِمْ هُوَ أَقْسَطُ عِندَ اللَّهِ ۚ فَإِن لَّمْ تَعْلَمُوا آبَاءَهُمْ فَإِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَا أَخْطَأْتُم بِهِ وَلَٰكِن مَّا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ဖခင်များနှင့်ဆက်စပ်ကာ (မည်သူမည်ဝါ၏သားဖြစ်သည်)ဟု ခေါ်ဝေါ်ကြလေကုန်။ ဤသည်သာလျှင် အလ္လာဟ်အရှင်မြတ်အထံတော်၌ တရားအမျှတဆုံးဖြစ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ၎င်းတို့၏ဖခင်များကို မသိခဲ့ကြလျှင် ၎င်းတို့သည်အသင်တို့၏ သာသနာဝင်ညီအစ်ကိုများ ဖြစ်ကြသည့်ပြင်၊အသင်တို့၏ အဆွေခင်ပွန်းများလည်း ဖြစ်ကြကုန်၏။ စင်စစ်သော်ကား အသင်တို့အပေါ်၌ အသင်တို့ မေ့မှား၍ပြုမူခဲ့ကြကုန်သော အမှုကိစ္စနှင့်စပ်လျဉ်း ၍ အပြစ်တစ်စုံတစ်ရာ မရှိပေ။ သို့ရာတွင် အသင်တို့၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြကုန်သော အမှုကိစ္စ၌မူ(အပြစ်)ရှိသည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
6النَّبِيُّ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنفُسِهِمْ ۖ وَأَزْوَاجُهُ أُمَّهَاتُهُمْ ۗ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ مِنَ الْمُؤْمِنِينَ وَالْمُهَاجِرِينَ إِلَّا أَن تَفْعَلُوا إِلَىٰ أَوْلِيَائِكُم مَّعْرُوفًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا
နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ပိုမို၍နီးစပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။
7وَإِذْ أَخَذْنَا مِنَ النَّبِيِّينَ مِيثَاقَهُمْ وَمِنكَ وَمِن نُّوحٍ وَإِبْرَاهِيمَ وَمُوسَىٰ وَعِيسَى ابْنِ مَرْيَمَ ۖ وَأَخَذْنَا مِنْهُم مِّيثَاقًا غَلِيظًا
၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ် ထံမှလည်းကောင်း၊ အီဗ်ရာဟီမ်၏ထံမှလည်းကောင်း၊ မူစာ ၏ထံမှလည်းကောင်း၊ မရ်ယမ်၏သားတော်အီစာ၏ထံမှလည်းကောင်း၊ (ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏)။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့ထံမှခိုင်မာသော ဝန်ခံချက်ကို ယူတော်မူခဲ့၏။
8لِّيَسْأَلَ الصَّادِقِينَ عَن صِدْقِهِمْ ۚ وَأَعَدَّ لِلْكَافِرِينَ عَذَابًا أَلِيمًا
(ယင်းကဲ့သို့ ပဋိညာဉ်ယူခဲ့တော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သစ္စာဝါဒီတို့အား (ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်) ၎င်းတို့၏ သစ္စာရှိမှုနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းတော်မူအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်သော်ကားထိုအရှင်မြတ်သည် ကာဖိရ် သွေဖည် ငြင်းပယ်ကြကုန်သောသူတို့အဖို့ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပေသတည်း။
9يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَاءَتْكُمْ جُنُودٌ فَأَرْسَلْنَا عَلَيْهِمْ رِيحًا وَجُنُودًا لَّمْ تَرَوْهَا ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ် (ပြုတော်မူခဲ့သော) ကျေးဇူးတော်ကို ပြန်လည်သတိရရှိ ကြလေကုန်။ အခါတစ်ပါး၌ အသင်တို့ထံသို့ များစွာသော စစ်တပ်များသည်(တိုက်ခိုက်ရန်)ချီတက်၍လာခဲ့ကြကုန်၏။ ထို့ နောက်ငါအရှင်မြတ်သည်စစ်တပ်များအပေါ်၌ လေပြင်းတစ်ခုကိုလည်းကောင်း၊ အသင်တို့မမြင်ကြရသော စစ်တပ်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည် တို့ကိုကောင်းစွာ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
7အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 7

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ပြန်လည်သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် နဗီတမန်တော်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူတော်မူခဲ့၏။ (ထိုတမန်တော်များတွင် အသင့်ထံမှလည်းကောင်း၊ နူဟ်…

စူရာ အာယာသ် 7/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers