ယာစီး · 45/83
ဘာသာပြန် အသံနိုင်ငံ — စူရာ ယာစီး
وَإِذَا قِيلَ لَهُمُ اتَّقُوا مَا بَيْنَ أَيْدِيكُمْ وَمَا خَلْفَكُمْ لَعَلَّكُمْ تُرْحَمُونَ ۝٤٥
Wa izaa qeela lahumuttaqoo maa baina aideekum wa maa khalfakum la`allakum turhamoon
📖 မြန်မာဘာသာ
သို့ရာတွင် ၎င်းတို့အား အသင်တို့သည် ကရုဏာပြုတော်မူခြင်း ခံကြရအံ့သောငှာ မိမိတို့၏ ရှေ့မှောက်၌ရှိသော(ပြစ်ဒဏ်)ကိုလည်းကောင်း၊ မိမိတို့၏ နောက်၌ရှိသော ပြစ်ဒဏ်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ကြလေကုန်ဟု ပြောခဲ့သောအခါ (၎င်းတို့သည် မျက်နှာလွှဲခဲ့ကြကုန်၏)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 43-47 — စူရာ ယာစီး

43وَإِن نَّشَأْ نُغْرِقْهُمْ فَلَا صَرِيخَ لَهُمْ وَلَا هُمْ يُنقَذُونَ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ၎င်းတို့အား နှစ်မြှုပ်တော်မူပေမည်။ သို့နှစ်မြှုပ်တော်မူခဲ့လျှင် ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။၎င်းတို့သည် လွတ်မြောက်စေခြင်း ခံကြရမည်လည်း မဟုတ်ပေ။
44إِلَّا رَحْمَةً مِّنَّا وَمَتَاعًا إِلَىٰ حِينٍ
(စင်စစ်) ငါအရှင်မြတ်သည် မိမိကရုဏာတော်အားဖြင့်လည်းကောင်း၊ သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အကျိုးခံစားစေခြင်းအားဖြင့်လည်းကောင်း၊ (ကယ်တင်ထားတော်မူခြင်းသာလျှင်) ဖြစ်ပေသတည်း။ (တစ်နည်း)သို့ရာတွင် (ဤသည်)ငါအရှင်မြတ်၏ ကရုဏာတော်ပင်ဖြစ်၏။ ထိုမှတစ်ပါး (၎င်းတို့အား) သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင် အကျိုးခံစားစေခြင်းလည်းဖြစ်ပေသတည်း။
45وَإِذَا قِيلَ لَهُمُ اتَّقُوا مَا بَيْنَ أَيْدِيكُمْ وَمَا خَلْفَكُمْ لَعَلَّكُمْ تُرْحَمُونَ
သို့ရာတွင် ၎င်းတို့အား အသင်တို့သည် ကရုဏာပြုတော်မူခြင်း ခံကြရအံ့သောငှာ မိမိတို့၏ ရှေ့မှောက်၌ရှိသော(ပြစ်ဒဏ်)ကိုလည်းကောင်း၊ မိမိတို့၏ နောက်၌ရှိသော ပြစ်ဒဏ်ကိုလည်းကောင်း၊ ကြောက်ရွံ့စိုးရိမ်ကြလေကုန်ဟု ပြောခဲ့သောအခါ (၎င်းတို့သည် မျက်နှာလွှဲခဲ့ကြကုန်၏)။
46وَمَا تَأْتِيهِم مِّنْ آيَةٍ مِّنْ آيَاتِ رَبِّهِمْ إِلَّا كَانُوا عَنْهَا مُعْرِضِينَ
စင်စစ် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်များအနက် အမိန့်တော်တစ်ပါးပါးသည် ၎င်းတို့ထံ ရောက်ရှိ၍လာတိုင်းပင်၊ ၎င်းတို့သည် ယင်းအမိန့်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်သာ ဖြစ်၏။
47وَإِذَا قِيلَ لَهُمْ أَنفِقُوا مِمَّا رَزَقَكُمُ اللَّهُ قَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا أَنُطْعِمُ مَن لَّوْ يَشَاءُ اللَّهُ أَطْعَمَهُ إِنْ أَنتُمْ إِلَّا فِي ضَلَالٍ مُّبِينٍ
ထိုမှတစ်ပါး ၎င်းတို့အား အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ လှူဒါန်းကြလေကုန်ဟု ပြောဆိုသောအခါ "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့က "အလ္လာဟ်အရှင်မြတ်သည် အကယ်၍ အလိုရှိတော်မူပါလျှင် ကိုယ်တော်တိုင် ကျွေးမွေးတော်မူမည်ဖြစ်သော သူတို့အား ကျွန်ုပ်တို့က ကျွေးမွေးကြရမည်လော၊ အသင်တို့သည် ထင်ရှားစွာသော လမ်းမှားမှု၌ ရှိနေကြသည်" ဟု မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ပြောဆို(ဖြေကြား)ကြကုန်သတည်း။
ယာစီးကုရ်အာန် ညွှန်းကိန်း
83အာယာသ်
MeccanRevelation
45အာယာသ်

ဘာသာပြန် — ယာစီး 45

စူရာ ယာစီး အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ၎င်းတို့အား အသင်တို့သည် ကရုဏာပြုတော်မူခြင်း ခံကြရအံ့သောငှာ မိမိတို့၏ ရှေ့မှောက်၌ရှိသော(ပြစ်ဒဏ်)ကိုလည်းကောင်း၊ မိမိတို့၏ နောက်၌ရှိသော ပြစ်ဒဏ်ကိုလည်းကောင်း၊…

စူရာ အာယာသ် 45/83 — စူရာ ယာစီး يس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယာစီး နားထောင်, စူရာ ယာစီး ဘာသာပြန်, စူရာ ယာစီး mp3, စူရာ ယာစီး pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers