အဇ်-ဇုမား · 75/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَتَرَى الْمَلَائِكَةَ حَافِّينَ مِنْ حَوْلِ الْعَرْشِ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ ۖ وَقُضِيَ بَيْنَهُم بِالْحَقِّ وَقِيلَ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ۝٧٥
Wa taral malaaa`ikata haaaffeena min hawlil `Arshi yusabbihoona bihamdi Rabbihim wa qudiya bainahum bilhaqqi wa qeelal hamdu lillaahi Rabbil `aalameen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား "အရ်ရှ်ပလ္လင်"တော်၏ပတ်လည်၌ ဝန်းရံလျက် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် ထို(လူသား)တို့၏အကြားဝယ် တိကျမှန်ကန်စွာ (စစ်ဆေး)စီရင်ဆုံးဖြတ်ပြီး ဖြစ်ပေမည်။ထိုမှတစ်ပါး "ချီးမွမ်းထောပနာ အပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာသက်ဆိုင်သည်" ဟူ၍ ပြောဆို(ချီးကျူးဩဘာပေး)ခြင်းကို ကြားရပေအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-75 — စူရာ အဇ်-ဇုမား

73وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ
ထိုမှတစ်ပါး မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သူတို့မှာ "ဂျန္နတ်"သုခဘုံသို့ အုပ်စုလိုက်၊ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံသို့ ရောက်ရှိလာခဲ့ကြပေမည်။ ယင်း "ဂျန္နတ်" သုခဘုံ၏ တံခါးများသည်(ယခင်ကတည်းက)ပွင့်လျက်ရှိပေမည်။ ၎င်းနောက် ယင်း"ဂျန္နတ်" သုခဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က၎င်းတို့အား "ချမ်းမြေ့သာယာမှုသည် အသင်တို့အပေါ်ဝယ် ကျရောက်ပါစေသတည်း။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်ပေရာ ယင်း "ဂျန္နတ်" သုခဘုံသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟုပြောဆိုခဲ့ကြပေမည်။
74وَقَالُوا الْحَمْدُ لِلَّهِ الَّذِي صَدَقَنَا وَعْدَهُ وَأَوْرَثَنَا الْأَرْضَ نَتَبَوَّأُ مِنَ الْجَنَّةِ حَيْثُ نَشَاءُ ۖ فَنِعْمَ أَجْرُ الْعَامِلِينَ
(ထိုရောအခါဝယ်) ထို(သူတော်စင်)တို့က "ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ မိမိထားရှိတော်မူခဲ့သောကတိကို မှန်ကန်စေတော်မူခဲ့သည့်ပြင် ဤ("ဂျန္နတ်"သုခဘုံ၏)မြေကို ကျွန်တော်မျိုးတို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူပြီးဖြစ်ရာ ကျွန်တော်မျိုးတို့မှာ "ဂျန္နတ်" သုခဘုံတွင် မိမိတို့အလိုရှိရာနေရာများ၌ နေထိုင်နိုင်ကြပေသည်"ဟု (ဝမ်းမြောက်စွာ) ပြောဆိုကြပေမည်။ စင်စစ်မှာကား အားထုတ်သူတို့၏ အကျိုးကျေးဇူးသည် လွန်စွာ ကောင်းမြတ်လှပေတကား။
75وَتَرَى الْمَلَائِكَةَ حَافِّينَ مِنْ حَوْلِ الْعَرْشِ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ ۖ وَقُضِيَ بَيْنَهُم بِالْحَقِّ وَقِيلَ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား "အရ်ရှ်ပလ္လင်"တော်၏ပတ်လည်၌ ဝန်းရံလျက် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် ထို(လူသား)တို့၏အကြားဝယ် တိကျမှန်ကန်စွာ (စစ်ဆေး)စီရင်ဆုံးဖြတ်ပြီး ဖြစ်ပေမည်။ထိုမှတစ်ပါး "ချီးမွမ်းထောပနာ အပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာသက်ဆိုင်သည်" ဟူ၍ ပြောဆို(ချီးကျူးဩဘာပေး)ခြင်းကို ကြားရပေအံ့သတည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 75

စူရာ အဇ်-ဇုမား အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား "အရ်ရှ်ပလ္လင်"တော်၏ပတ်လည်၌ ဝန်းရံလျက် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား…

စူရာ အာယာသ် 75/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 73–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers