အန်-နီဆာ · 110/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَّحِيمًا ۝١١٠
Wa mai ya`mal sooo`an aw yazlim nafsahoo summa yastaghfiril laaha yajidil laaha Ghafoorar Raheemaa
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 108-112 — စူရာ အန်-နီဆာ

108يَسْتَخْفُونَ مِنَ النَّاسِ وَلَا يَسْتَخْفُونَ مِنَ اللَّهِ وَهُوَ مَعَهُمْ إِذْ يُبَيِّتُونَ مَا لَا يَرْضَىٰ مِنَ الْقَوْلِ ۚ وَكَانَ اللَّهُ بِمَا يَعْمَلُونَ مُحِيطًا
၎င်းတို့သည် လူသားတို့ကို ရှက်ကြောက်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ကိုမူ ရှက်ကြောက်ခြင်းမရှိကြချေ။ စင်စစ် ထိုအရှင်မြတ်သည် ၎င်းတို့ ညဉ့်အချိန်၌ ထိုအရှင်မြတ် မနှစ်မြို့တော်မူသောစကားများကို လျှို့ဝှက်ကြံစည်ကြစဉ်ကလည်း ၎င်းတို့နှင့်အတူ ရှိတော်မူခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့ပြုမူကြကုန်သော အမှုကိစ္စအဝဝ�ို့ကိုလည်း ဝန်းခြုံလျက် ရှိတော်မူလေ၏။
109هَا أَنتُمْ هَٰؤُلَاءِ جَادَلْتُمْ عَنْهُمْ فِي الْحَيَاةِ الدُّنْيَا فَمَن يُجَادِلُ اللَّهَ عَنْهُمْ يَوْمَ الْقِيَامَةِ أَم مَّن يَكُونُ عَلَيْهِمْ وَكِيلًا
ဟယ် (သစ္စာဖောက်တို့ကို ထောက်ခံသူအပေါင်းအပေါင်းတို့) အသင်တို့သည် ယင်းသစ္စာဖောက်တို့ဘက်မှ (ဤမျက်မှောက်) လောကီဘဝတွင် ချေဆိုလျှောက်လဲခဲ့ကြချေပြီ။ သို့ရာတွင် ရှင်ပြန်ထမည့်နေ့၌မူ ထိုသူတို့ဘက်မှ အလ္လာဟ်အရှင်မြတ်အား မည်သူသည် ချေပပြောဆိုအံ့နည်း။ သို့တည်းမဟုတ် ထိုသူတို့အတွက် ကာကွယ်ခုခံပြောဆိုမည့်သူ မည်သူရှိအံ့နည်း။
110وَمَن يَعْمَلْ سُوءًا أَوْ يَظْلِمْ نَفْسَهُ ثُمَّ يَسْتَغْفِرِ اللَّهَ يَجِدِ اللَّهَ غَفُورًا رَّحِيمًا
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊
111وَمَن يَكْسِبْ إِثْمًا فَإِنَّمَا يَكْسِبُهُ عَلَىٰ نَفْسِهِ ۚ وَكَانَ اللَّهُ عَلِيمًا حَكِيمًا
ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။
112وَمَن يَكْسِبْ خَطِيئَةً أَوْ إِثْمًا ثُمَّ يَرْمِ بِهِ بَرِيئًا فَقَدِ احْتَمَلَ بُهْتَانًا وَإِثْمًا مُّبِينًا
ထိုမှတစ်ပါးတုံ မည်သူမဆို မှားယွင်းပြုမိတတ်သော ပြစ်မှုအသေးအဖွဲကိုဖြစ်စေ၊ ကြီးလေးသော ပြစ်မှုဒုစရိုက်ကိုဖြစ်စေ ရှာဖွေဆည်းပူးပြီးနောက် ယင်းပြစ်မှုဒုစရိုက်နှင့်စပ်လျဉ်း၍ အပြစ်ကင်းမဲ့သောသူ တစ်ဦးတစ်ယောက်ကို ယိုးစွပ်ပါမူ ထိုသူသည် ဧကန်မလွဲ ကြီးမားသောစွပ်စွဲမှုကိုလည်းကောင်း၊ ထင်ရှားလှသော ပြစ်မှုဒုစရိုက်ကိုလည်းကောင်း သည်ပိုးရွက်ဆောင်ခဲ့ချေပြီ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
110အာယာသ်

ဘာသာပြန် — အန်-နီဆာ 110

စူရာ အန်-နီဆာ အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည်…

စူရာ အာယာသ် 110/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 108–112. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers