အန်-နီဆာ · 41/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
فَكَيْفَ إِذَا جِئْنَا مِن كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا ۝٤١
Fakaifa izaa ji`naa min kulli ummatim bishaheedinw wa ji`naabika `alaa haaa`ulaaa `i Shaheedan
📖 မြန်မာဘာသာ
တစ်ဖန် ငါအရှင်မြတ်သည် (‘က�ယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 39-43 — စူရာ အန်-နီဆာ

39وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
40إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِن تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။
41فَكَيْفَ إِذَا جِئْنَا مِن كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا
တစ်ဖန် ငါအရှင်မြတ်သည် (‘က�ယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။
42يَوْمَئِذٍ يَوَدُّ الَّذِينَ كَفَرُوا وَعَصَوُا الرَّسُولَ لَوْ تُسَوَّىٰ بِهِمُ الْأَرْضُ وَلَا يَكْتُمُونَ اللَّهَ حَدِيثًا
အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ရစူလ်တမန်တော်ကိုလည်း မထီမဲ့မြင်ပြုခဲ့ကြ၏။ ထိုနေ့တွင် ထိုသူတို့က ၎င်းတို့သည် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါလျှင် ကောင်းလေစွဟု တောင့်တကြမည်။ စင်စစ်သော်ကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မည်သည့်စကားကိုမျှ ဖုံးအုပ်ထားနိုင်ကြမည်လည်း မဟုတ်ချေ။
43يَا أَيُّهَا الَّذِينَ آمَنُوا لَا تَقْرَبُوا الصَّلَاةَ وَأَنتُمْ سُكَارَىٰ حَتَّىٰ تَعْلَمُوا مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغْتَسِلُوا ۚ وَإِن كُنتُم مَّرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِّنكُم مِّنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا فَامْسَحُوا بِوُجُوهِكُمْ وَأَيْدِيكُمْ ۗ إِنَّ اللَّهَ كَانَ عَفُوًّا غَفُورًا
အို- မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် မူးယစ်နေကြစဉ် မိမိတို့ (နှုတ်ဖြင့်) ထွက်ဆိုသောစကားကို ကောင်းစွာ မသိနားမလည်သမျှကာလပတ်လုံး ‘ဆွလာသ်’ ဝတ်ပြုမှု၏အပါးသို့ပင် မချဉ်းကပ်ကြလေနှင့်။ ထိုနည်းတူစွာ အသင်တို့သည်၊ ခရီးသည်အဖြစ်မှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဂျနာဗတ်’ ရေချိုးရန်တာဝန်ရှိသူများ ဖြစ်နေကြပါလျှင် ရေမချိုးသမျှကာလပတ်လုံး (ဆွလာသ်ဝတ်ပြုခြင်း၏အပါးသို့ ချဉ်းကပ်ခြင်းကို) မပြုကြကုန်လင့်။ (တစ်နည်း) အသင်တို့သည် ဖြတ်သန်းသွားလာခြင်းမှတစ်ပါး အခြားအချိန်အခါမျိုးတွင် ‘ဆွလာသ်’ ဝတ်ပြုရာဌာနဖြစ်သော ဗလီကျောင်းတော်၏အပါးသို့ မချဉ်းကပ်ကြလေနှင့်။ သို့ရာတွင် အသင်တို့သည် အကယ်၍ ဝေဒနာသည်များ၊ သို့မဟုတ် ခရီးသည်များဖြစ်ကြလျှင်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက်မှ တစ်ဦးတယောက်သောသူသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်လာခဲ့သည်ဖြစ်လျှင်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့် မေထုန်သံဝါသပြုခဲ့ ကြသည်ဖြစ်လျှင်လည်းကောင်း၊ ထိုအချိန်တွင် အသင်တို့သည် (ရေချိုးရန်အတွက်သော်လည်းကောင်း၊ ၀ဿူပြုရန်အတွက်သော်လည်းကောင်း) ရေမရရှိကြလျှင်လည်းကောင်း၊ အသင်တို့သည် စင်ကြယ်သောမြေဖြင့် တယမ်မွန်မ်ပြုကြလေကုန် (တယမ်မွန်မ်ပြုနည်းကား) အသင်တို့သည် (လက်ဝါးနှစ်ဖက်ဖြင့် မြေကိုရိုက်ပုတ်၍) မိမိတို့၏မျက်နှာနှင့် လက်များကို ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာခွင့်ပေးသနားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
41အာယာသ်

ဘာသာပြန် — အန်-နီဆာ 41

စူရာ အန်-နီဆာ အာယာသ် 41 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ငါအရှင်မြတ်သည် (‘က�ယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်…

စူရာ အာယာသ် 41/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 39–43. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers