အန်-နီဆာ · 40/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِن تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا ۝٤٠
Innal laaha laa yazlimu misqaala zarratinw wa in taku hasanatany yudaa`ifhaa wa yu`ti mil ladunhu ajran `azeemaa
📖 မြန်မာဘာသာ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 38-42 — စူရာ အန်-နီဆာ

38وَالَّذِينَ يُنفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَن يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။
39وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
40إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِن تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။
41فَكَيْفَ إِذَا جِئْنَا مِن كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا
တစ်ဖန် ငါအရှင်မြတ်သည် (‘က�ယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။
42يَوْمَئِذٍ يَوَدُّ الَّذِينَ كَفَرُوا وَعَصَوُا الرَّسُولَ لَوْ تُسَوَّىٰ بِهِمُ الْأَرْضُ وَلَا يَكْتُمُونَ اللَّهَ حَدِيثًا
အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ရစူလ်တမန်တော်ကိုလည်း မထီမဲ့မြင်ပြုခဲ့ကြ၏။ ထိုနေ့တွင် ထိုသူတို့က ၎င်းတို့သည် မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါလျှင် ကောင်းလေစွဟု တောင့်တကြမည်။ စင်စစ်သော်ကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မည်သည့်စကားကိုမျှ ဖုံးအုပ်ထားနိုင်ကြမည်လည်း မဟုတ်ချေ။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
40အာယာသ်

ဘာသာပြန် — အန်-နီဆာ 40

စူရာ အန်-နီဆာ အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 40/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers